နိုင်ငံခြားဘဏ်များ ၀င်ရောက်မလာမီ ပြည်တွင်းဘဏ်များ၏ အခြေခံအဆောက်အအုံများ ပြည့်စုံ
ရန်နှင့် ၀န်ထမ်းများ၏ အရည်အသွေး ပိုမိုမြင့်တက်လာစေရန် ဖြည့်ဆည်းပေးသင့်ပြီး ထိုသို့လုပ်
ဆောင်နိုင်ရန် နိုင်ငံ တကာ ဘဏ္ဍာရေးကော်ပိုရေးရှင်းများ ထံမှ အကူအညီရယူနိုင်ကြောင်း ဘဏ်
ကျွမ်းကျင်သူများက ပြောသည်။
ပြည်တွင်းဘဏ်များသည် ပြီးခဲ့သည့်နှစ်များမှစတင်ကာ နိုင်ငံခြားငွေကြေး အရောင်းအဝယ်လုပ်ပေး
ခြင်းအပြင် အမ်ပီယူ အပါအဝင် ငွေပေးချေမှုကတ် များဖြင့် ငွေသားမှ ကတ်စနစ်ပြောင်းလဲ စေရန်
လုပ်ဆောင်ခဲ့သော်လည်း အိုင်တီနှင့် အခြားနည်းပညာလိုအပ်ချက်များကြောင့် နိုင်ငံသားများ တွင်
ကျယ်စွာသုံးစွဲနိုင်ခြင်း မရှိသေးပေ။
ပထမ ပုဂ္ဂလိကဘဏ်၏ ဥက္ကဋ္ဌ ဒေါက်တာစိန်မောင်က မြန်မာနိုင်ငံ တွင် ပုဂ္ဂလိကဘဏ်လုပ်ငန်း
များ စတင် ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ပြီဖြစ် သော်လည်း နိုင်ငံခြားဘဏ်လုပ်ငန်းစတင်မှုမှာ
နှစ်နှစ်သာရှိသေးကြောင်း ပြောသည်။ "ပြည်တွင်းဘဏ်တွေရဲ့သက်တမ်းအတွေ့အကြံုက ဒီကိစ္စ
မျိုးမှာ အရမ်းနု သေးတယ်။ ကျွမ်းကျင်ဘဏ်ဝန်ထမ်း ကလည်း နည်းနေသေးတယ်"ဟု ၎င်းက
ပြောသည်။
နိုင်ငံတကာရှိ ဘဏ်များက ၀န် ဆောင်မှုပေါင်း ရာနှင့်ချီပြုလုပ်ပေးနိုင်ချိန်တွင် ပြည်တွင်းဘဏ်များ
မှာ ဘဏ်ဝန်ဆောင်မှု လေးငါးမျိုးသာ ဆောင်ရွက်နိုင်နေသေးကြောင်း ၎င်းက ပြောသည်။
ထို့ကြောင့် ဂျပန်နိုင်ငံ ဏ္ဍာရေးအဖွဲ့ အစည်းကြီးတစ်ခုဖြစ်သော ဆူမီတိုမို မီဆူအီ ကော်ပိုရေး
ရှင်းနှင့် မြန်မာဘဏ်များအသင်းတို့ ပူးပေါင်းကာ ဒီဇင်ဘာ၁၇ ရက်နေ့က သဘောတူ စာချုပ်
ချုပ်ဆိုခဲ့ပြီး ဇန်နဝါရီလတွင် ဘဏ်ကျွမ်းကျင်မှုူသင်တန်းကို စတင် နိုင်မည်ဖြစ်ကြောင်း ၎င်းက
ပြောသည်။
ထွန်းဖောင်ဒေးရှင်းဘဏ် ဥက္ကဋ္ဌ ဖြစ်သူ မြန်မာနိုင်ငံဘဏ်များအသင်း ၏ တာဝန်ရှိသူ ဦးသိန်းထွန်း
က ထိုသို့ လာရောက်သင်ကြားမှုသည် ဘဏ် လုပ်ငန်းသာမက နောက်ပိုင်းတွင် နိုင်ငံ တကာနှင့်
စီးပွားရေးပူးပေါင်းဆောင် ရွက်မှုအတွက်ပါ ရည်ရွယ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံတွင် ပုဂ္ဂလိ
ကဘဏ် ပေါင်း၂၅ ခုရှိသော်လည်း ထိုဘဏ် အားလုံး စုစုပေါင်းအရင်းအနှီးသည် ပင် နိုင်ငံခြား
ဘဏ်ကြီးတစ်ဘဏ်၏ ဘဏ်ခွဲရှိအရင်းအနှီးကိုပင် မမီနိုင်သေးကြောင်း ၎င်းကပြောသည်။
"ပြည်ပက ဘဏ်ကြီးတွေက ပြည် တွင်းဘဏ်တွေကို လွှမ်းမိုးသွားနိုင် တယ်။ ဒီလိုမဖြစ်အောင်
ချင့်ချိန်လုပ်ဖို့ လိုတယ်"ဟု ၎င်းက ပြောသည်။ ကမ္ဘောဇဘဏ်၏ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်က
ပုဂ္ဂလိကဘဏ်များမှာ နိုင်ငံတကာဘဏ်များနှင့် မပူးပေါင်းပါ က နိုင်ငံတကာနည်းစနစ်များ မရနိုင်
ကြောင်း ပြောသည်။
"ဘဏ်တွေဝင်လာရင် သူတို့နဲ့ ပူး ပေါင်းမှ ဖြစ်မှာပါ။ သူတို့မလုပ်နိုင်တဲ့ ဘဏ်ခွဲဖွင့်တဲ့ကိစ္စတွေကို
ပြည်တွင်း ဘဏ်တွေက အများကြီးလုပ်ပေးနိုင် တယ်"ဟု ၎င်းက ပြောသည်။ မြန်မာ့စီးပွားရေး
ဘဏ်မှ တာဝန်ရှိသူတစ်ဦးကမူ လက်ရှိနိုင်ငံပိုင်ဘဏ်များ၏ လိုအပ်ချက်မှာ ပုဂ္ဂလိကဘဏ်များ
နည်းတူ ပြည်သူကိုဝန်ဆောင်မှု ပေးရန်ဖြစ်ကြောင်း ပြောသည်။ ပုဂ္ဂလိက ဘဏ်များမှာ ၎င်းတို့
ငွေကြေးအင်အား အရ နိုင်ငံခြား ကျွမ်းကျင်သူများ ခေါ်ယူကာ ဘဏ်ဝန်ထမ်းများ စွမ်းရည် မြင့်ရန်
သင်တန်းပေးနိုင်သော်လည်း နိုင်ငံပိုင်ဘဏ်များအတွက် အလွယ် တကူဖြစ်မလာနိုင်ကြောင်း ၎င်း
က ပြောသည်။
ထို့ပြင် နည်းပညာများ တိုး မြှင့်ရန်နှင့် ဘဏ်တွင်းကွန်ပျူတာစနစ်များထားရှိရန် ကိစ္စများမှာလည်း
နိုင်ငံတော်ဘဏ္ဍာပေါ်မူတည်ကြောင်း ၎င်းက ပြောသည်။
"ရေရှည်မှာ ပုဂ္ဂလိကဘဏ်တွေက အခုထက် အများကြီးပိုစွမ်းဆောင်နိုင်လာမှာပါ။ အစိုးရဘဏ်
တွေမှာတော့ အဆင့်ဆင့်လုပ်နေတာကို စောင့် နေရတာတွေ ရှိတဲ့အတွက် လာတဲ့သူစိတ်မရှည်
ဖြစ်တာမျိုး ရှိနေတုန်း ပဲ။ အလျင်အမြန်လုပ်ပေးရအောင် ကလည်း နိုင်ငံတော်ဘဏ္ဍာ ဖြစ်နေ
တယ်။ အမှားခံလို့မရဘူး"ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ်မှတစ်ဆင့် ဂျပန်၊ ထိုင်းနှင့် စင်ကာပူတို့မှ လာရောက်သင်ကြားပေး သောသင်တန်းများ
မှာမူ အစိုးရဘဏ် ၀န်ထမ်းများအတွက် ထိရောက်မှုရှိ ကြောင်းနှင့် နောက်ပိုင်းတွင် ၎င်းနိုင်ငံ
များနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ရန် အသင့် ရှိကြောင်း ၎င်းကပြောသည်။

















