မြန်မာ့စီးပွားရေး အောင်မြင်ရန် ခြေလှမ်းမှန်ဖို့လို

မြန်မာ့စီးပွားရေး အောင်မြင်ရန် ခြေလှမ်းမှန်ဖို့လို

မြန်မာနိုင်ငံ၏ စီးပွားရေးစာမျက်နှာသစ် ဖွင့်လှစ် ရာတွင် အလျင်စလိုမပြုမူရန် အရေးကြီး ကြောင်း
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ဦးဆောင်ညွှန်ကြားရေးမှူး ခရစ္စတင်းလက်ဂါ့ဒ်က ဒီဇင်ဘာ
လဆန်းပိုင်းက ပြောသည်။

"ဖွံ့ဖြိုးတိုးတက်မှုဆိုတာဟာ စနစ်တစ်ခုရဲ့ လွှမ်းမိုးမှုမပါဘဲ မှန်ကန်တဲ့ခြေလှမ်းနဲ့သာ အရောက်
သွားနိုင်ဖို့ပဲ လိုပါတယ်"ဟု ပြင်သစ် နိုင်ငံသူ မစ္စလက်ဂါ့ဒ်က ပြောသည်။

ထို့ပြင် ရေရှည်ခံသော တိုးတက်ဖွံ့ဖြိုးမှုသည် တိကျ သေချာသော ထိန်းကွပ်မှုများရှိသော ပတ်
၀န်းကျင်၌သာ ရရှိနိုင်ကြောင်း ၎င်းက ပြောသည်။

"အလျင်မလိုရဘူးလို့ပြောတာက မြန်မာနိုင်ငံရဲ့စီးပွားရေး စာမျက်နှာသစ် ဖွင့်လှစ်လာတဲ့အခြေ
အနေကို အရမ်းစိတ်ဝင်စားနေတဲ့သူတွေအများကြီးရှိနေလို့။ ဒါပေမဲ့ ငွေကြေးမူဝါဒ တွေမှာပဲဖြစ်ဖြစ်၊
ဗဟိုဘဏ်ရဲ့ အုပ်ချုပ်မှုမှာပဲ ဖြစ်ဖြစ်၊ အရှေ့တောင်အာရှ အားကစားပွဲကြီးကျင်းပရေးမှာပဲဖြစ်ဖြစ်
အခြေခံအုတ်မြတ် ချ လုပ်ရမယ့်အရာတွေ အများကြီး ကျန်ရှိနေ ပါသေးတယ်"ဟု ကျင်းပပြီးစီး
ခဲ့သော မြန်မာ အမျိုးသမီးဖိုရမ်ပိတ်ပွဲတွင် မစ္စလက်ဂါ့ဒ်က ထည့်သွင်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် ၂၁ ရာစုဆီသို့ စီးပွားရေးစာမျက်နှာသစ်နှင့်အတူ ဂရုတစိုက်ထိန်းချုပ်ထားသည့်
နှုန်းရှင်ငွေလဲလှယ်နှုန်းကို ကျင့်သုံးလာခြင်း၊ ငွေလဲလှယ်နှုန်းများတွင် ကန့်သတ်မှုများဖယ်ရှားခဲ့ခြင်း၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော ဗဟိုဘဏ်တစ်ခု တည်ထောင် နိုင်ခဲ့ခြင်းနှင့် ကျန်းမာရေးနှင့် ပညာရေး
လုပ်ငန်း များအတွက် အသုံးစရိတ်များ တိုးမြှင့်ခဲ့ခြင်း တို့ ဆောင်ရွက်ခဲ့သည်များကို အသိအမှတ်ပြု
ပြောဆိုခဲ့သည်။

"ကျွန်မတို့အားလုံး အစကပြန်လုပ်မှရမယ်။ ပြီးမြောက်အောင်ဆောင်ရွက်ဖို့ အရာတွေ အများကြီး
ရှိတုန်းပဲ"ဟု ၎င်းက ပြောသည်။ "ငွေကြေးတည်ငြိမ်မှုရှိအောင် ဆောင်ရွက် နိုင်ပြီး ခိုင်မာစိတ်ချရ
တဲ့ အခြေအနေတွေ အောက်မှာ ဘဏ်လုပ်ငန်းကြီးကြပ်ထိန်းသိမ်း ရေး ခိုင်မာအားကောင်းလာပြီ
ဆိုရင် ကျွန်မတို့ လုပ်ရမယ့် နောက်အဆင့်က အခွန်ပြုပြင် ပြောင်းလဲရေးပါပဲ"ဟု မစ္စလက်ဂါ့ဒ်က
ပြောသည်။

ထို့ပြင် စီးပွားရေးစနစ်အတွင်းရှိ ဟာကွက် ပျော့ကွက်များကိုဖယ်ရှားကာ ပိုမိုထိရောက် သော
လုပ်ငန်းဘောင်တစ်ခုဖြင့် ယင်းအားနည်း ချက်များကို နည်းသည်ထက် နည်းပါးလာ အောင်
ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

မစ္စလက်ဂါ့ဒ်သည် မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်အတွင်း ထည့်သွင်း ဆောင်ရွက်
ရမည့် အဓိကအချက်လေးချက်ကို အသားပေး ပြောကြားခဲ့သည်။ အဆိုပါအချက် လေးချက်တွင်
အမျိုးသမီးများအား စီးပွားရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါ၀င်လုပ် ဆောင်လာရန် လက်တွဲ
ခေါ်ယူသင့်ဆိုသည့် အချက်လည်း ပါ၀င်သည်။

"စီးပွားရေးမှာ အမျိုးသမီးတွေပါ၀င် လုပ်ဆောင်နိုင်ဖို့ ကူညီထောက်ပံ့နိုင်မယ့်မူဝါဒ တွေကို
အကောင်အထည်ဖော်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ အမျိုးသားနဲ့ အမျိုးသမီးတွေ ကြားက
ယဉ်ကျေးမှုဆိုင်ရာအတားအဆီးတွေ ကို ကျော်လွှားနိုင်ရမယ်"ဟု ၎င်းက ပြောသည်။

"ဒုတိယအချက်က မြန်မာနိုင်ငံမှာ အဓိက လိုအပ်နေတာက ပညာရေးနဲ့ ပညာသင်နိုင်ခွင့် ရရှိရေး
တို့ ဖြစ်ပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ဆက်လက် လုပ်ဆောင်ဖို့
အတွက် အကောင်းဆုံးနည်းလမ်း ကတော့ အမျိုးသမီးတွေကို အသိပညာပေးခြင်း ပဲ ဖြစ်ပါတယ်"
ဟု ၎င်းက ပြောသည်။

အမျိုးသမီးများအတွက် ချေးငွေရရှိအောင် ဆောင်ရွက်ပေးခြင်းသည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်း
စဉ်၏ တတိယအချက်ဖြစ်ပြီး အလုပ် လုပ်သည့် အမျိုးသမီးအရေအတွက် တိုးလာ အောင်ဆောင်
ရွက်ခြင်းသည် စတုတ္ထအချက် ဖြစ်ပြီး မိသားစုဘဝထူထောင်ပြီး မိမိအလုပ် နေရာမှထွက်ရသည့်
အမျိုးသမီးများ ရှိနေ ခြင်းသည် အလုပ်ဆက်လုပ်ရန် ခက်ခဲလာခြင်း ကြောင့် ဖြစ်သည်ဟု
မစ္စလက်ဂါ့ဒ်ကပြောသည်။

"အမျိုးသမီးတွေကို သူတို့အလုပ်လုပ်နိုင် တဲ့ အချိန်ကာလတစ်ခုအထိ အလုပ်လုပ်ကိုင် နိုင်မယ့်
အခွင့်အလမ်းတွေ ထားရှိပေးသင့်ပါတယ်။ အဓိက အချက်တစ်ခု အောင်မြင်သွားပြီဆိုရင် လူမျိုး
ရေးခွဲခြားမှုကို ဆန့်ကျင်ပြီး ကျား - မ အဆင့်အတန်းခွဲခြားတာကို တိုက်ဖျက် ပြီး အောင်မြင်
အောင် ဆောင်ရွက်လာနိုင်ပါမယ်။ မြန်မာအမျိုးသမီးတွေဟာ ရဲရင့်တယ်၊ သတ္တိရှိကြပါတယ်။
ကမ္ဘာ့အလယ်မှာ မြန်မာ ဟာ ဘာလဲဆိုတာကို ပြသပေးနိုင်တယ်။ မြန်မာအမျိုးသမီးတွေအတွက်
လေးစားအတုယူစရာ ခေါင်းဆောင်တစ်ဦးရှိနေတယ်။ သူ့ကို အတုယူပြီး ဒီထက်အောင်မြင်မှုတွေ
ရရှိအောင် ဆက်လက်လုပ်ဆောင်နိုင်တယ်"ဟု မစ္စလက်ဂါ့ဒ်က ပြောသည်။

ဇာဇာစိုး ဘာသာပြန်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး