ယခုနှစ်မှစတင်၍ အာဆီယံ စီးပွားရေး အကြံပေးကောင်စီ (Business Advisory Council) ဥက္ကဋ္ဌ
ရာထူးကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံ က လက်ခံရယူခဲ့အပြီး အာဆီယံဒေသတွင်း
စီးပွားရေး ချိတ်ဆက် ဆောင်ရွက်မှုနှင့် ကုန်သွယ်မှုတိုးမြှင့် နိုင်ရန် ပြည်တွင်းရှိ ပုဂ္ဂလိက အခန်း
ကဏ္ဍကို တိုးတက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကိုယ်စားလှယ်များက
ပြောသည်။
"အဓိက လုပ်ဆောင်ရမယ့်အချက် ကတော့ အာဆီယံခေါင်းဆောင်တွေ၊ အာဆီယံစီးပွားရေး
အကြံပေးတွေကို ပုဂ္ဂလိကအခန်းကဏ္ဍတွေနဲ့ ဆိုင်တဲ့ စီးပွားရေးအရေး ကိစ္စတွေနဲ့ပတ်သက် ပြီး
ဆွေးနွေးအကြံပေးရမှာပါ။ အစိုးရ ပိုင်းကိုလည်း တိုးတက်မှုပိုရလာ အောင်၊ အခက်အခဲတွေကို
ဖြေလျှော့ ပေးအောင်၊ အစိုးရကနေ လုပ်သင့် လား မလုပ်သင့်ဘူးလားဆိုတာတွေကို အကြံပေး
ရမှာပါ " ဟု အကြံပေးကောင်စီ ဥက္ကဋ္ဌတာဝန်ကို ပူးတွဲလုပ်ကိုင်မည့် မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စား
လှယ် သုံးဦးတွင်ပါ၀င်သော ကုန်သည်စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးဝေဖြိုးက မြန်မာတိုင်း(မ်)
ကို ပြောသည်။
ဘရူနိုင်းနိုင်ငံထံမှ လွှဲပြောင်းရယူခဲ့ သောအဆိုပါ အာဆီယံစီးပွားရေး အကြံပေးကောင်စီ ဥက္ကဋ္ဌ
ရာထူးကို အကြံပေးကောင်စီအဖွဲ့အဖြစ် ဖွဲ့စည်း ကာပြည်ထောင်စု မြန်မာနိုင်ငံ ကုန် သည်ကြီး
များနှင့် စက်မှု လက်မှုလုပ်ငန်း ရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဝင်းအောင်၊ ဒုဥက္ကဋ္ဌ ဦးဝေဖြိုးနှင့်
ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်ဖြစ်သူ ဦးမိုးကျော်တို့က ပူးတွဲလုပ်ဆောင်ကြမည် ဖြစ်သည်။
အာဆီယံဒေသတွင်း စီးပွားရေးအခြေအနေများမှာ နိုင်ငံတစ်ခုချင်းစီ အလိုက် ကွဲပြားမှုရှိသော်
လည်း နိုင်ငံရေး အခြေအနေများကို ထည့်သွင်း မစဉ်းစား ဘဲ တိုးတက်လျက်ရှိသည့် အာဆီယံ
ဒေသတွင်း ကုန်သွယ်မှုကို မြန်မာနိုင်ငံ က တာဝန်ယူစဉ်ကာလတွင်လည်း တိုးတက်စေရန်
အစီအစဉ်များရေးဆွဲ နေကြောင်း ဦးဝေဖြိုးက ပြောသည်။
"အာဆီယံစီးပွားရေးအသိုက်အဝန်း က မကြာခင်လာတော့မှာပါ။ ဘယ်လိုပြင်ဆင်မလဲ။ ဒီကိစ္စက
နောက်ပြန်ဆွဲသွားမယ့် ကိစ္စလည်းမဟုတ်ပါဘူး။ အဲဒါဖြစ်လာပြီ ဆိုတာနဲ့ အပြိုင်အဆိုင် တွေ များ
လာတော့မှာပါ။ အာဆီယံ ဒေသကြီးတွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်တဲ့ အတွက် ကောင်းပါတယ်။
စီးပွားရေးအခွင့်အရေးကောင်းတွေလည်း အများ ကြီးပါ။ ဈေးကွက်က ပိုပြီးကျယ်ပြန့် သွားမှာ"ဟု
၎င်းက ပြောသည်။
ပြောင်းလဲမှုတိုင်းတွင် အဆိုးနှင့် အကောင်း ဒွန်တွဲနေခြင်းကြောင့် အခွင့် အရေးကို အမှန်တကယ်
အသုံးမချနိုင် ပါက ဆုံးရှုံးနစ်နာနိုင်သလို အာဆီယံဒေသတွင်း နောက်ကျကျန်ခဲ့နိုင် သဖြင့် မဖြစ်
မနေဆောင်ရွက်ရမည့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်
ဒေသတွင်းချိတ်ဆက် ဆောင်ရွက်ရေး ကို ဥပဒေပြဋ္ဌာန်းနိုင်ရန် ကြိုးစား လျက်ရှိကြောင်း အာဆီ
ယံစီးပွားရေး အကြံပေးကောင်စီဥက္ကဋ္ဌဖြစ်သူ ဦးဝင်းအောင်က ပြောသည်။
"ကျွန်တော်တို့ ကြိုးစားနေတာက အနာဂတ်မှာဖြစ်လာမဲ့ ယှဉ်ပြိုင်မှုအား အကောင်းဆုံးနဲ့ အခွင့်
အလမ်း အများ ဆုံးဖြစ်မယ့် နိုင်ငံတကာက အသေး စားနဲ့ အလတ်စား လုပ်ငန်းတွေနဲ့ ချိတ်ဆက်
နိုင်ဖို့ပါ" ဟု ၎င်းက ပြောသည်။
ထိုတာဝန်ထမ်းဆောင်စဉ် ကာလ အတွင်း မြန်မာနိုင်ငံ၏ အသေးစားနှင့် အလတ်စား စီးပွားရေး
လုပ်ငန်းများ ဖွံ့ဖြိုးရန်နှင့် ပုဂ္ဂလိက စီးပွားရေးအခန်း ကဏ္ဍ ဖွံ့ဖြိုးရန်ဆောင်ရွက်သွားမည် ဖြစ်သော်
လည်း အခက်အခဲများစွာရှိ ကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ၏ ပုဂ္ဂလိက အခန်း ကဏ္ဍတွင် စွမ်းဆောင်ရည်နှင့် ကျွမ်း ကျင်မှုမှာ အခြားအာဆီယံ
နိုင်ငံများ အောက်လျော့နည်းနေပြီး အာဆီယံ စီးပွားရေးအသိုက်အဝန်းအတွက် အသင့်မဖြစ်သေး
ကြောင်း ၎င်းက ပြောသည်။
"ယှဉ်ပြိုင်နိုင်ဖို့အတွက် အသေ အချာပြင်ဆင်ပြီး စနစ်တကျဆောင် ရွက်ဖို့ လိုပါတယ်"ဟု
ဦးဝင်းအောင်က ပြောသည်။ "နိုင်ငံတော်နဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်အပိုင်းတွေက အဓိကကျ
မှာပါ" ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
ကျင်းပရန်ရှိသည့် လွှတ်တော် အစည်းအဝေးများတွင်၊အသေးစားနှင့် အလတ်စား စီးပွားရေး
လုပ်ငန်းများ ဆိုင်ရာ ဥပဒေကို တင်သွင်းနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဥပဒေ
ရေးဆွဲရာတွင်ပါ၀င်ခဲ့သည့် မြန်မာ နိုင်ငံကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ
အသင်းချုပ် အဖွဲ့ဝင်အချို့က ပြောသည်။
စီးပွားရေး ချိတ်ဆက်မှုဆိုင်ရာ အခွင့်အလမ်းများနှင့် စီးပွားရေးလည်ပတ်မှု ယန္တရား အားကောင်း
မှသာ မြန်မာနိုင်ငံ၏ ပုဂ္ဂလိကအခန်းကဏ္ဍမြင့်တက်လာမည်ဖြစ်ပြီး မြန်မာနိုင်ငံ သည် အာဆီယံ
စီးပွားရေးအသိုက် အဝန်းတွင် ပုဂ္ဂလိကကဏ္ဍအတွက် အဆင်သင့် မဖြစ်သေးသော်လည်း အသိ
အားဖြင့် ရှိထားပြီးဖြစ်ကြောင်း နိုင်ငံခြား စီးပွားရေးဆက်ဆံမှုဌာန ညွှန်ကြားရေးမှူးဟောင်း
ဒေါ်တင်တင်ဌေးက ပြောသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်စွမ်းအား လိုအပ်ချက်၊ အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက်
တိကျသည့်ဥပဒေပြဋ္ဌာန်းနိုင်ခြင်း မရှိသေးသည့်လိုအပ်ချက်၊ စားသုံးသူ အခွင့်အရေးကာကွယ်မှု
ဆိုင်ရာ လိုအပ်ချက်၊ ကျွမ်းကျင်လုပ်သား လိုအပ်ချက်အပါအဝင် စီးပွားရေးလုပ်ငန်းများတွင်
confident leadership အားနည်းချက်များ ကြောင့် ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးမှုအားနည်းလျက်ရှိခြင်း
ဖြစ်ကြောင်း ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင် အချို့က ပြော သည်။
အသေးစားနှင့် အလတ်စား စီးပွား ရေး လုပ်ငန်းများ ဖွံ့ဖြိုးရန်အတွက် ဥရောပရင်းနှီးမြှုပ်နှံမှု အပါ
အဝင် ဆွစ်ဇာလန်နိုင်ငံက ချေးငွေနှင့် ပံ့ပိုး ကူညီမှုများ ပေးအပ်သွားရန်ရှိပြီး နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်ကလည်း တိုင်းပြည်၏ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်
ရန် ဦးစားပေး ဆောင် ရွက်သွားမည်ဟု ထုတ်ဖော် ပြောကြား ခဲ့သည်။
"ပုဂ္ဂလိကစွမ်းဆောင်ရည်မြင့်တက်လာမှ အသေးစားနဲ့ အလတ်စား စီးပွား ရေးလုပ်ငန်းတွေလည်း
မြင့်တက်လာ မှာပါ။ နိုင်ငံဖွံ့ဖြိုးဖို့က ပုဂ္ဂလိက အခန်း ကဏ္ဍနဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေး
လုပ်ငန်း အခန်းကဏ္ဍတွေ မြင့်တက်လာဖို့ အရမ်းကိုလိုအပ်ပါ တယ်" ဟု စီးပွားရေးနှင့်ကူးသန်း
ရောင်း ၀ယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောသည်။
















