စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူသည့်နိုင်ငံစာရင်း၊မြန်မာဝင်လာနိုင်

စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူသည့်နိုင်ငံစာရင်း၊မြန်မာဝင်လာနိုင်

၂၀၁၃ ခုနှစ်အတွင်း ပြုပြင်ပြောင်းလဲမှု များကြောင့် မြန်မာနိုင်ငံသည် စီးပွား ရေး လာရောက်
လုပ်ကိုင်ရန် ပိုမို လွယ်ကူသည့် နိုင်ငံအဖြစ် ရောက်လာ နိုင်ကြောင်း စီးပွားရေးကျွမ်းကျင်သူများက
သုံးသပ်သည်။

ယမန်နှစ် အောက်တိုဘာလက ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်စစ်တမ်းတွင် စီးပွားရေးလုပ်ငန်း
လာရောက်လုပ်ကိုင်နိုင်သည့် နိုင်ငံစာရင်းတွင် ၁၈၂ နိုင်ငံရှိရာ မြန်မာနိုင်ငံသည် အခက်ခဲဆုံး
၁၀ နိုင်ငံစာရင်းတွင် ပါ၀င်ခဲ့သည်။ နိုင်ငံပေါင်း ၁၈၉ နိုင်ငံပေါ်မူတည် ၍ လျှပ်စစ်ဓာတ်အားရရှိမှု၊
အခွန်ပေးဆောင်မှု၊ လုပ်ငန်းရှင်များအပေါ်အကာအကွယ်ပေးနိုင်မှု အစရှိသည့် အချက် ၁၀ ချက်
အပေါ်မူတည်၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

"၂၀၁၄ မှာ နံပါတ် (၁၈၂) ထက်ကို အများကြီး ရှေ့ရောက်လာနိုင်ပါတယ်။ ကမ္ဘာ့ဘဏ်က
ထုတ်ပြန်ပြီးနောက် တစ်နေ့မှာ သမ္မတရုံးကဝန်ကြီးဌာန တွေကို အစည်းအဝေးခေါ်တယ်။
လုပ်ကိုင်ရတာ ခက်ခဲနေတဲ့အပိုင်းတွေ ကို ဖြေလျှော့လို့ရတာတွေ ဖြေလျှော့ ပေးဖို့၊ ဥပဒေ
အခက်အခဲ ဖြစ်နေတယ် ဆိုရင် ဥပဒေပြင်ဖို့၊ လုပ်ထုံးလုပ်နည်း ဆိုရင် လုပ်ထုံးလုပ်နည်း
တွေကို ပြင်ဖို့ ညွှန်ကြားပါတယ်"ဟု ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး က ပြောသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်၏ နို၀င်ဘာလအထိ နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုပမာဏမှာ
အမေရိကန်ဒေါ်လာနှစ်ဘီလျံရှိသည့်အနက် ၈၀ ရာခိုင်နှုန်းမှာ ကုန်ထုတ်လုပ်မှုကဏ္ဍသို့
၀င်ရောက်ခဲ့ခြင်းဖြစ်သည်။


 

အဆိုပါ ကုန်ထုတ်လုပ်မှုကဏ္ဍတွင်း ရင်းနှီး မြှုပ်နှံမှုများတွင် အများစုမှာ လက်ခစား အထည်
ချုပ်လုပ်ငန်းများသာ ဖြစ်နေ သေးပြီး နည်းပညာများရရှိနိုင်မည့်ရင်းနှီးမြှုပ်နှံမှုမျိုး ရောက်မလာ
သေးကြောင်း စီးပွားရေးပညာရှင်များက သုံးသပ်သည်။ ထို့ပြင် ဆက်သွယ်ရေးမူဝါဒများကို
ဖွင့်လှစ်ပေးခြင်းနှင့် နောက်ထပ်ဝင်ရောက်လာမည့် ရင်းနှီးမြှုပ်နှံမှုပေါ် မူတည်၍ နှစ်ကုန်ပိုင်းတွင်
ဒေါ်လာ ၃ ဒသမ ၅ ဘီလျံ ၀င်ရောက်လာနိုင်ကြောင်း ၎င်းက ပြောသည်။

"၂၀၁၃ ထဲမှာ ပုံမှန်လာနေကျ နိုင်ငံ တွေအပြင် အဆက်အသွယ်အတော်ကြာကြာပြတ်နေတဲ့
ဩစတြေးလျ၊ အမေရိကန်နဲ့ ပြင်သစ်တို့ပါ ၀င်ရောက် လာသလို လူဇင်ဘာ့ဂ်နဲ့ ယူအေအီး
စတဲ့နိုင်ငံတွေကပါ ပထမဆုံးအနေနဲ့ လာရောက်ဆွေးနွေးတာတွေ ရှိလာ တယ်" ဟု ၎င်းက
ပြောသည်။

ဗဟိုဘဏ် တာဝန်ရှိသူတစ်ဦးကမူ ယမန်နှစ်အတွင်းက ဘဏ်နှင့် ငွေကြေး ပိုင်းတွင် နိုင်ငံတကာ
ဘဏ်လုပ်ငန်းပုံစံ များအတိုင်း ကျင့်သုံးလာနိုင်ခြင်း၊ ဘဏ်အချင်းချင်းနျင့် ရောင်းဝယ်သူများ
အကြား နိုင်ငံခြားငွေကြေး ဈေးကွက် ကို ဖော်ဆောင်နိုင်ခဲ့ပြီး ငွေလဲနှုန်းတည်ငြိမ်မှုရှိအောင်
ဆောင်ရွက်လာ နိုင်ခြင်းအပြင် ယခုနှစ်အတွင်း နိုင်ငံခြားဘဏ်များ ၀င်ရောက်ခွင့်ပြု ပေးနိုင်
ဖွယ်ရှိသည့် အခြေအနေတို့ ကြောင့် လုပ်ကိုင်ခွင့်သာလာကြောင်း ပြောသည်။

"၂၀၁၃ ခုနှစ်အတွက် မြန်မာနိုင်ငံ က ဒီနေရာမှာ ရပ်တည်နေပေမယ့် လည်း ပြုပြင်ပြောင်းလဲမှု
တွေလည်း သိသိသာသာ ရှိလာတာကြောင့် ၂၀၁၄ မှာ ပြန်တွက်ရင် ရှေကကိုအများကြီး
ရောက်လာမယ်လို့ မျှော်လင့်ရတယ်။ နံပါတ်စဉ်အလိုက် အပေါ်ကို ၂၅ ရာခိုင် နှုန်းလောက်ကို
တက်လာမယ်လို့ ထင်တယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ
မောင်မောင် လေးက ၂၀၁၃ ခုနှစ်က နိုင်ငံခြား စီးပွားရေးလုပ်ငန်းရှင်များ အသင်းသို့ လာရောက်
တွေ့ဆုံမှုမှာ လေးဆမြင့်တက် ခဲ့ကြောင်း ပြောသည်။

လာတဲ့သူတိုင်းက ဒီဘက်နဲ့ ကုန်သွယ်မှုတို့၊ရင်းနှီးမြှုပ်နှံမှုတို့မှာ စာချုပ်ချုပ်ဆိုခြင်းမရှိပေမယ့်
စိတ်ဝင်တစား လာကြတာပါ။ "ကုန်သွယ်မှု၊ ၀န်ဆောင်မှုနဲ့ ကုန်ထုတ်လုပ်မှုစတဲ့ ဒီမှာရင်းနှီးမြှုပ်နှံ
လို့ ရတဲ့ကဏ္ဍသုံးခုထဲမှာ ကုန်သွယ်မှုနဲ့ ၀န်ဆောင်မှုကတော့ သိပ်ပြဿနာ မတွေ့ဘူး။ အဓိက
ကတော့ ကုန်ထုတ် လုပ်မှုကဏ္ဍမှာ အတော်လေး အခက် အခဲ ဖြစ်တယ်။ အခြေခံ အဆောက်
အအုံကလည်းမပြည့်စုံသေးတော့ ဒီထဲကို ၀င်ရောက်လာဖို့ အချိန်ယူရဦး မယ်" ဟု ၎င်းက
ပြောသည်။

လျှပ်စစ်ဓာတ်အား အလုံအလောက် မရရှိခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါး ခြင်းအပြင် အခြား
အခက်အခဲများ စသည်တို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ အလွယ်တကူ ၀င်ရောက်မလာခြင်း
ဖြစ်ကြောင်း ၎င်းကဆိုသည်။

ထို့ပြင် ၀န်ကြီးဌာနတစ်ခုနှင့်တစ်ခု အကြား၊ ျွှိုင်းဒေသကြီးနျင့် ပြည်နယ် တာဝန်ရှိသူများအကြား
အချိတ်အဆက် မမိခြင်းတို့ကြောင်းလည်း လုပ်ငန်း လာရောက် လုပ်ကိုင်လိုသူများအနေဖြင့်
အခက်အခဲဖြစ်နေကြောင်းနျင့် ၀ဘ်ဆိုက်ပေါ်တွင် သက်ဆိုင်ရာ သတင်းအချက်အလက်များ
ရရှိရန်ခက်ခဲကြောင်း ၎င်းက ပြောသည်။

"မြန်မာနိုင်ငံ အခြေအနေကို တရုတ် နဂါးလိုပဲ ခေါင်းပဲလှုပ်ပြီး အမြီးမလှုပ်ဘူး ဆိုပြီး ပြောကြတယ်။
အထက်ကကျတော့ ပြောင်းလဲနေပြီး အောက်ခြေမှာလုပ်ငန်း အဆင့်ဆင့်လည်ပတ်သွားဖို့
ကြန့်ကြာ နေတာ ရှိနေသေးတယ်။ အမှန်တော့ အစိုးရဝန်ထမ်းတွေကလည်း ဒီအခြေအနေပေါ်မှာ
အသားမကျသေးတော့ လုပ်ကိုင်ရတာ အခက်အခဲရှိနေသေး တာပါ"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး