စီးပွားကူးသန်း၏မူဝါဒ အမြန်ဆုံးပြောင်းလဲပေးမည်၊ဆိုခြင်းကြောင့် ဈေးကွက်အတွင်းရှိ နိုင်ငံခြားဖြစ်ယမကာများ ပြန်လည်ရောင်းချ

စီးပွားကူးသန်း၏မူဝါဒ အမြန်ဆုံးပြောင်းလဲပေးမည်၊ဆိုခြင်းကြောင့် ဈေးကွက်အတွင်းရှိ နိုင်ငံခြားဖြစ်ယမကာများ ပြန်လည်ရောင်းချ

ရန်ကုန်မြို့တွင်း စူပါမားကက်နှင့် ဈေးဆိုင်များတွင် ပြီးခဲ့သည့်ရက်သတ္တပတ်များအတွင်း
ပြတ်လပ်ခဲ့သော နိုင်ငံခြားမှ တင်သွင်းသည့် ယမကာ မျိုးစုံတို့မှာ စီးပွားရေးနှင့် ကူးသန်း
ရောင်းဝယ်ရေးဝန်ကြီးဌာနက ယင်းနှင့် ပတ်သက်သော မူဝါဒများဖြေလျှော့ပေး မည်ဆို
သည့်သတင်းကြောင့် ပြန်လည်ရောင်းချလာကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဋ္ဌာနသည် ၁၉၉၅ ခုနှစ်မှစတင်ခါ ယမကာတင်သွင်း
ခွင့်ကိုပိတ်ပင်ထားခဲ့ပြီး ယမန်နှစ်စက်တင်ဘာလတွင် လှုပ်ရှားဖွေစစ်ဆေးရေးအဖွဲ့ဖြင့် ခွင့်ပြုချက်
လိုင်စင်မပါပဲ အဖျော်ယမကာ တင်သွင်းလာသော လမ်းကြောင်းတစ်လျှောက်နှင့် ပြည်တွင်း ၌
အဓိကဖြန့်ဖြူးနေသော ကုမ္ပဏီကြီး များကို ၀င်ရောက်စစ်ဆေးကာ ပစ္စည်းများ သိမ်းဆည်းထား
ခြင်းကြောင့် ပြည်တွင်းဈေးကွက်အတွင်း ၀ိုင်နှင့် အရက်များ ပြတ်လတ်ခဲ့သည်။

၀န်ကြီးဋ္ဌာန၏ တာဝန်ရှိသူတစ်ဦးက အဆိုပါအခက်အခဲများ ကြောင့် သွင်းကုန်မူဝါဒဖြေလျှော့ပေး
နိုင်ရန် လွှတ်တော်တင်ထားခြင်းဖြစ်ပြီး ယခုလအတွင်း ကျင်းပမည့် အစည်းအဝေးတွင် ထည့်သွင်း
ဆွေးနွေးနိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

လွှတ်တော်တွင်းရှိ ဘဏ်နှင့် ငွေကြေးဖွံ့ဖြိုးရေး ကော်မတီ၏ တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးဝင်းမြင့်
က ထိုကဲ့သို့ ပြည်တွင်းဝယ်လိုအားများ သော ကုန်ပစ္စည်းများတင်သွင်းခွင့်ကို ပိတ်ပင်ခြင်းသည်
မှောင်ခိုဈေးကွက် ကိုဖိတ်ခေါ်ရာ ရောက်ကြောင်း ပြော သည်။

"ယမကာကိုပဲ ရည်ညွှန်းတာမဟုတ် ပါဘူး။ တခြားဝယ်လိုအားများတဲ့ကုန်စည်တွေကို အစိုးရက
သွင်းခွင့်မပြုတဲ့အခါမှာ ဈေးကွက်ထဲသွင်းဖို့ အတွက် ကုန်သည်ဘက်ကလည်းသူ့အလိုလို ဥပဒေ
ကိုချိုးဖောက်ပြီးသားဖြစ်သွားတယ်"ဟု ၎င်းက ပြောသည်။

"တရားဝင်မဟုတ်ပဲ ၀င်ရောက်လာတဲ့ပစ္စည်းတွေကြောင့်လည်း မှန်ကန်တဲ့ အရည်အသွေးမျိုးကို
မရနိုင်ဘူး။ အစိုးရဘက်ကလည်း တကယ်တမ်း ပြည်တွင်းထုတ် အရက်တွေကိုပါ စံချိန် မီမမီ
စစ်ဆေးတာမျိုးက ပိုဖြစ်သင့်တယ်။ နိုင်ငံခြားတန်ဖိုးကြီး အရက် တွေကျတော့ ဈေးနှုန်းအတိုင်း
အရည်အသွေးလည်းမီအောင် ထုတ်လုပ်ထား တဲ့အတွက် ဆိုးကျိုးက အရမ်း မသိသာဘူး။
တရားဝင်ဖွင့်ပေးလိုက် တဲ့ အခါကျရင်လည်း ဈေးနှုန်းမြင့်တဲ့ အတွက် စားသုံးသူကသူ့ဟာသူ
ရွေးချယ်သွားမှာပဲ"ဟု ၎င်းက ပြောသည်။

ပြည်တွင်းထုတ် ယမကာအချို့မှာမူ ဈေးနှုန်းသက်သာမှုအပေါ် အခြေခံထားသည့်အတွက်
ယင်းတို့ထဲတွင် စားသောက်ကုန်နှင့် မအပ်စပ်သော ဓာတ်မြေဩဇာများ၊ ဓာတုဗေဒပစ္စည်းများ
ထည့်သွင်းထားသည့်သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ဒီဇင်ဘာလဆန်းပိုင်းကမူ ဈေးကွက်
တွင်းယမကာ ပြတ်လပ်သွားမှုများ ကြောင့် ၀ယ်လိုအားများသော တံဆိပ် အတော်များများမှာ
ဈေးထက်ဝက် ကျော်မြင့်တက်သွားခဲ့သည်။ သို့သော် ယခုလကုန်ပိုင်းမှစတင်ခါ အိုးရှင်း၊ စီးတီး
မတ်နှင့် စိန်ဂေဟာအစရှိသော စူပါမားကက်များတွင် ပြန်လည်ရောင်းချမှုများကြောင့် ဈေးနှုန်းပြန်
ငြိမ်လာခဲ့ ကြောင်း ၀ယ်ယူသူများက ပြောသည်။

စီးတီးမတ်၏ ပြောရေးဆိုခွင့်ရှိသူ ဒေါ်မေဇင်စိုးထက်က နှစ်သစ် ကူးပွဲတော်ကာလအတွင်း ၀ယ်ယူ
သူများဘက်မှ တောင်းဆိုမှုကြောင့် အခွန်လွတ် ဆိုင်များမှတစ်ဆင့် ၀ယ်ယူထားသော ယမကာ
များကို ပြန်လည် ရောင်းချပေးခဲ့ကြောင်း ပြောသည်။ "ယမကာနဲ့ပတ်သက်တဲ့ မူဝါဒကို စီးပွားကူး
သန်းက အမြန်ဆုံးလျှော့ပေါ့ ပေးမယ်လို့ သိရပါတယ်။ ရောင်းချတဲ့ အခါမှာ ဈေးနှုန်းမတက်ရဘူး
ဆိုတဲ့သတ်မှတ်ချက်ကပါရှိ ပြီးဖြစ်ပါတယ်။ အခွန်လွတ်ဆိုင်တွေကနေ ၀ယ်ယူတော့ ဈေးပေါ်
မူတည်ပြီးတော့ ဈေးက ကွာခြားသွားမှာပါ"ဟု ၎င်းက ပြောသည်။

စိန်ဂေဟာစင်တာ၏ အစား အသောက်ပိုင်းတာဝန်ရှိသူ တစ်ဦးက ယခုကဲ့သို့ ယမကာများပြန်လည်
ရောင်းချခြင်းသည် ဒါရိုက်တာများ၏ညွှန်ကြားချက်အတိုင်း ပြန်လည် ရောင်းချခြင်းဖြစ်ကြောင်း
ပြောသည်။

"သက်ဆိုင်ရာ ဌာနတွေကနေ အမြန်ဆုံးပြန်ရောင်းချခွင့် ပေးမယ်ဆိုတဲ့သတင်းကြောင့် ဒီဇင်ဘာ
လ ကုန်ပိုင်းကနေစပြီး လက်ရှိ ရှိထားနှင့် ပြီးသားဖြစ်တဲ့ ယမကာတွေကို ပြန်ရောင်းတာပါ"ဟု
၎င်းက ပြောသည်။

ယခင်လဆန်းပိုင်းက ပြည်တွင်းအခွန်များဦးစီးဌာနအပါအဝင် ရဲဘက်ဆိုင်ရာ တာဝန်ရှိသူများက
စူပါမားကက်များတွင် ရောင်းချနေမှုများကို လိုက်လံစစ်ဆေးခဲ့မှုများ ရှိကြောင်း ၎င်းက ပြောသည်။

"သူတို့ အဓိကစစ်တဲ့အထဲမှာ အခွန် ဆောင်တဲ့ လေဘယ်ကတ်ထားလား၊ ဘယ်နိုင်ငံက ၀င်လာ
တာလဲ၊ အရည် အသွေးဘယ်လိုနေလဲ စတာတွေ အဓိကစစ်ပါတယ်။ သူတို့စစ်ဆေးချက် နဲ့
မလျော်ညီတဲ့ ပစ္စည်းတွေကိုတော့ ရောင်းချသူတွေဆီကို ပြန်အပ်ပါ တယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး