ကုန်စည်ဈေးနှုန်း အနည်းငယ်ပြန်တက်

ကုန်စည်ဈေးနှုန်း အနည်းငယ်ပြန်တက်

ဇန်နဝါရီလ ပထမပတ်အတွင်း ရန်ကုန်မြို့ ကုန်စည်ဈေးကွက်၏ အခြေခံစားသောက်ကုန်ဈေးများ
တွင် ဆန်နှင့် ပဲဈေးများ အနည်းငယ်ပြန်တက်လာသော်လည်း ကြက်သွန်ဈေးများ ကျလာကြောင်း
ဘုရင့်နောင်ပွဲရုံလုပ်ငန်းရှင် များက ပြောသည်။

ဆန်
ဆန်ဈေးကွက်အတွင်း လက်ကားဈေးနှုန်း များမှာ ဒီဇင်ဘာလ ဆန်သစ်ပေါ်ချိန်တွင် ပိုမို
ကျဆင်းလာသော်လည်း ဇန်နဝါရီလဆန်းပိုင်း တွင် ဈေးအနည်းငယ်ပြန်တက်လာကြောင်း
ဆန်ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။ဆန်ချော တစ်အိတ်လျှင် ယခင်လကဈေးထက် ကျပ်
၃,၀၀၀ ခန့် ဈေးတက်လာပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၅၀၀ ၀န်းကျင် ဈေးတက်လာကြောင်း
ဆန်ပွဲရုံလုပ်ငန်းရှင်များက ပြောသည်။ ဇန်နဝါရီလ ၆ ရက်နေ့က ဆန်ကြမ်းဖြစ်သော ဧည့်မထ
တစ်အိတ်လျှင် ကျပ် ၁၅,၅၀၀ ၀န်းကျင်ရှိပြီး ပေါ်ဆန်းမွှေး(သစ်)တစ်အိတ်လျှင် ၂၅,၀၀၀ ကျော်
ရှိသည်။

ပဲ
မြန်မာနိုင်ငံမှပဲကို အများဆုံး
၀ယ်ယူသည့်အိန္ဒိယနိုင်ငံတွင် ပဲအသစ်ပေါ်ခြင်းကြောင့် ယခင်လက ပဲဈေးမှာ သိသာစွာကျဆင်း
သွား သော်လည်း ယခုလဆန်းပိုင်းတွင် မတ်ပဲဈေးများ တဖြည်းဖြည်းပြန်တက်လာကြောင်း
ပဲဈေးကွက် မှ ကုန်သည်များက ပြောသည်။

ဇန်နဝါရီလ ၆ ရက်နေ့က မတ်ပဲတစ်တန်လျှင် ကျပ် ၆၁၀ယဝဝ၀ ၀န်းကျင်သာရှိပြီး ယခင်လက
ဈေး ဖြစ်သော ကျပ် ၅၇၀ယဝဝ၀ မှ ဈေးတက်လာ ခြင်းဖြစ်ကြောင်း ပဲလုပ်ငန်းရှင် ဒေါက်တာ
မြတ်စိုးက ပြောသည်။

"အခုက မတ်ပဲလက်ကျန်လ နည်းလာ တယ်။ ပြီးတော့ မတ်ပဲကိုစာချုပ်နဲ့ပဲ ရောင်းရ တော့
ဈေးကနည်းနည်းပြန်တက်လာပြီး အိန္ဒိယ မှာလည်း ပုံမှန်ပြန်ဝယ်လာ လို့ မတ်ပဲဈေးတွေ တက်
လာတာပါ"ဟု ၎င်းက ပြောသည်။

ဆီ
ပဲဆီဈေးနှုန်းမှာ အကျဘက်သို့ ဦးတည်နေ ပြီး ယခုရက်ပိုင်းအတွင်း ဆက်လက်ကျဆင်းလာ
ကြောင်း ဆီလုပ်ငန်းရှင်များအသင်းက တာဝန်ရှိသူများက ပြောသည်။ "လက်ရှိ ပဲဆီဈေးက
လက်ကားတစ်ပိဿာ ကို ကျပ် ၃,၁၀၀ နဲ့ လက်လီ ၃,၃၀၀ ရှိတယ်။ ပြီးခဲ့ တဲ့လထဲမှာ ကျပ်
၃,၄၀၀ နဲ့ ၃,၅၀၀ အသီးသီး ရှိခဲ့တာပါ။ ဇန်နဝါရီလက မြေပဲဆန်ပေါ်တဲ့ရာသီဆိုတော့ ဈေးကျ
တာပေါ့" ဟု Summit ပဲဆီလုပ် ငန်းမှ တာဝန်ခံ ဦးစောလှမြင့်က ပြောသည်။

ငရုတ်
ငရုတ်သီးဈေးမှာ ငရုတ်ရှည် တစ်ပိဿာ လျှင် ကျပ် ၂,၈၅၀၊ မိုးထောင်ငရုတ် ၂,၆၀၀၊ ငရုတ် ပွ
တစ်ပိဿာ ၄,၀၀၀ နှင့် ရိုးရိုးငရုတ်များ မှာ တစ်ပိဿာ ၃,၀၀၀ မှ ၃,၅၀၀ ဈေးရှိသည်။ ငရုတ်
သီးဈေးမှာ ယခုရက်ပိုင်းအတွင်း ဈေး ငြိမ်နေသော်လည်း လွန်ခဲ့သောနှစ်လဈေးထက် ကျပ် ၅၀၀
ခန့် ဈေးတက်လာခြင်း ဖြစ်သည်။ "ငရုတ်ဈေးက ငြိမ်နေတာကြာပြီ။ အရောင်းအဝယ်ကတော့
ပုံမှန်ပါပဲ။ ငရုတ်သီးက တစ်နှစ် ပတ်လုံးအသစ်ပေါ်တာဆိုတော့ ဈေးအတက် အကျ မသိသာ
ဘူး"ဟု လင်းရောင်ခြည်ငရုတ် ပွဲရုံမှ ကိုတူးတူးက ပြောသည်။ "ငရုတ်ဈေးက နိုင်ငံခြားက
အဝယ်လိုက်ရင် ဈေးတက်တယ်။ မဝယ်တော့ဘူးဆိုရင် ဈေးပြန်ကျတယ်"ဟု ၎င်းက ပြောသည်။

ကြက်သွန်နီ
ကြက်သွန်နီ အသစ်ပေါ်ချိန်ဖြစ်သဖြင့် ကြက်သွန်နီဈေးများ ကျဆင်းလျက်ရှိပြီး ပုံမှန်ဝယ်လက်
များဖြစ်သည့် ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် ကလည်း အဝယ်နည်းနေကြောင်း လုပ်ငန်းရှင် များက
ပြောသည်။ ကြက်သွန်နီဈေးမှာ လွန်ခဲ့သောသုံးလခန့်မှ စတင်ပြီး ဈေးများတဖြည်းဖြည်းကျဆင်း
လာခဲ့ခြင်းဖြစ်ကြောင်း ကြက်သွန်ပွဲရုံလုပ်ငန်းရှင် များက ပြောသည်။ "ကြက်သွန်ဈေးက နည်းနည်း
ကျတာမဟုတ် ဘူး။ တော်တော်ကို ကျနေတာ"ဟု ဘုရင့်နောင် ကုန်စည်ဒိုင်မှ သန်းတစ်ရာပွဲရုံ
ပိုင်ရှင် ကိုစိုင်းမျိုးခန့်ထွန်းက ပြောသည်။ ၂၀၁၄ ခုနှစ်တွင် ဇန်နဝါရီလ ၆ ရက်နေ့ ကြက်သွန်နီ
ဟောင်း လက်ချောတစ်ပိဿာ ကျပ် ၃၅၀၊ လက်ချောသန့် တစ်ပိဿာ ၆၀၀၊ လက်ချောရှယ်
တစ်ပိဿာ ရ၅၀ ရှိပြီး ကြက်သွန်နီအသစ်(မြင်းခြံကြက်သွန်နီ) မှာ လက်ချောတစ်ပိဿာ
ကျပ် ၃၅၀၊ လက်ချောသန့်တစ်ပိဿာ ၆၀၀၊ လက်ချော ရှယ်တစ်ပိဿာ ၈၇၅ ကျပ်နှင့် မြစ်သား
ရှယ်၁,၀၂၅ ကျပ် ဈေး ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး