၂၀၁၃ ခုနှစ်၏ ရေလုပ်ငန်းကဏ္ဍသည် ငါးမွေးမြူရေးနှင့် ပင်လယ်ပြင်ဖမ်းဆီးရေးလုပ်ငန်းများ ထုတ်လုပ်မှုပမာဏ လျော့နည်းခြင်းများကြောင့် ပြည်တွင်းဈေးကွက်တွင် ကုန်ရှားပါးကာ ဈေးမြင့်
တက်ခဲ့ပြီး ပြည်ပတင်ပို့မှုတွင်လည်း သတ်မှတ်ပမာဏကို ပြည်မီအောင်မတင်ပို့နိုင် ခြင်းကြောင့်
နိုင်ငံခြားဝင်ငွေပါ ကျဆင်းခဲ့ရကြောင်း ငါးလုပ်ငန်းရှင်များက ပြောသည်။
လက်ရှိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ ရေလုပ်ငန်း ကဏ္ဍ၏ ဒီဖင်ဘာလအထိ ပြည်ပတင်ပို့မှုမှ ရရှိသည့်
၀င်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၃၇၃ သန်းခန့်သာ ရှိခဲ့သည်။ ထိုပမာဏမှာ ပြီးခဲ့သည့်နှစ်
ကာလတူအချိန်တွင်ရရှိခဲ့သည့်ပမာဏဖြစ်သော 'ကန်' ဒေါ်လာ သန်း ၄၃၀ အောက် သိသာစွာ
ကျဆင်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ယခုဘဏ္ဍာနှစ်၏ ရေထွက်ကုန် ပစ္စည်းပြည်ပတင်ပို့မှုမှာ အများဆုံး 'ကန်'ဒေါ်လာ
သန်း ၅၀၀ မှ ၅၅၀ အထိသာ ရရှိနိုင် မည်ဖြစ်ပြီး လျာထားချက်ဖြစ်သည့် ဒေါ်လာ သန်း ရ၀၀
ကို မပြည့်မီနိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးဝင်း
ကြိုင်က ခန့်မှန်း သည်။
"ဒီနှစ်ရေလုပ်ငန်း ပြည်ပတင်ပို့မှုက တော် တော်ကျသွားတယ်။ မနှစ်က အမေရိကန်ဒေါ်လာ
၆၅၂ သန်းရပြီး ရှေ့တစ်နှစ်ကတော့ ၆၅၃ သန်းရတယ်။ ဒါကြောင့် ဒီနှစ်ကတော့ ပြီးခဲ့တဲ့နှစ်
တွေကို မမီနိုင်တော့ဘူး။ အများဆုံး သန်း ၅၀၀ နဲ့ ၅၅၀ ကြားလောက်ပဲရလိမ့်မယ်လို့ မှန်းထား
ပါတယ်" ဟု ၎င်းက ပြောသည်။
ယခုနှစ် ရေလုပ်ငန်းကဏ္ဍ၏ ပြည်ပတင်ပို့မှု ကျဆင်းရခြင်းမှာ ထုတ်လုပ်မှုကျဆင်းခြင်း သည်
အဓိကအကြောင်းတစ်ရပ်ဖြစ်ပြီး ၂၀၁၁ နျင့် ၂၀၁၂ ခုနှစ်များအတွင်း ငွေလဲလှယ်နငန်း ကျဆင်း
ခဲ့ခြင်းကြောင့်လည်း ငါး၊ ပုစွန် မွေးမြူ ရေးနျင့် ဖမ်းဆီးရေးလုပ်ငန်းများတွင် ဆုံးရှုံးမှု များ ဖြစ်ပေါ်
ခဲ့သည်။
"၂၀၁၁ နဲ့ ၂၀၁၂ တွေထဲမှာ ငွေဈေးနှုန်း ကျဆင်းတုန်းက ကျွန်တော်တို့မွေးမြူရေးသမား တွေ
တော်တော်ဆုံးရှုံးခဲ့ရတယ်။ အဲဒီနောက်ပိုင်း ထုတ်လုပ်မှုအတွက် အရင်းအနှီးမစိုက်ထုတ်နိုင်တော့
ဘဲ ထုတ်လုပ်မှုတွေ တဖြည်းဖြည်း လျော့ကျလာပြီး ဆက်တိုက်အရှုံးပေါ်ခဲ့တယ်" ဟု ဦးဝင်းကြိုင်
က ပြောသည်။
မြန်မာနိုင်ငံ၏ ငါး၊ ပုစွန်မွေးမြူရေး ကျဆင်းမှု နှုန်းသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သုံးပုံ
တစ်ပုံခန့်ရှိကြောင်း ၎င်းက သုံးသပ်သည်။ ငါးပုစွန်မွေးမြူရေးတွင် ငါးမြစ်ချင်း မွေးမြူရေး နှင့်
ပုစွန်မွေးမြူရေးလုပ်ငန်းမှာ သိသိသာသာ ကျဆင်းလာခဲ့ပြီး အဆိုပါထွက်ကုန်များသည် မြန်မာ
နိုင်ငံမှ ပြည်ပသို့ အဓိကတင်ပို့သည့် ထွက်ကုန်များ ဖြစ်သည့်တွက် ပြည်ပတင်ပို့မှု ကျဆင်းရခြင်း
ဖြစ်ကြောင်း ငါး၊ ပုစွန်အအေးခန်း စက်ရုံလုပ်ငန်းရှင်များက ပြောသည်။
"ဒီနှစ် ငါး၊ ပုစွန်မွေးမြူရေးရဲ့ ထုတ်လုပ်မှု တွေက တန့်နေတယ်။ မွေးမြူရေးပိုင်း တိုးတက်မှု မရှိခဲ့
တာကတော့ တော်တော်ကြာနေပါပြီ။ ပုစွန် ဆိုရင်လည်း ဖမ်းဆီးရေးပဲရှိတယ်။ မွေးမြူရေး ပိုင်းက
အရမ်းကို အားနည်းပါတယ်။ အခု နောက်ပိုင်းက ၀ယ်လိုအားများလာပြီဆိုရင် ဒီမွေးမြူရေးပိုင်းကို
ထုတ်လုပ်မှုများများနဲ့ ထုတ်လုပ်နိုင်မှ တင်ပို့မှုပိုင်းကလည်း မြင့်တက်လာမှာပါ" ဟု ရွှေယမုံ
ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှုလုပ်ငန်းမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးထွန်းအေးက ပြောသည်။
ထိုကဲ့သို့ မွေးမြူထုတ်လုပ်မှု လျော့နည်းလာသည့်အတွက် ငါးပုစွန်ဈေးများမှာ ပြည်တွင်း ဈေးကွက်
တွင် မြင့်တက်လျက် ရှိကြောင်း လုပ်ငန်းရှင်များက ပြောသည်။
"ဒီနှစ်က ငါးပုစွန်ဈေးမြင့်ပြီး ကုန်ကြမ်းအထွက်နှုန်းကလည်း လျော့တယ်။ ကုန်ကြမ်း ဈေးက
တစ်ကီလိုကို တစ်ဒေါ်လာခွဲလောက်ထိ ဈေးတက်ခဲ့တယ်။ ဒါပေမဲ့ ပို့ကုန်သမားတွေ ကတော့
ငွေလဲလှယ်နှုန်းကျတဲ့အတွက် အကျိုး အမြတ်က အရမ်းနည်းပါတယ်။ ဒါကြောင့် ထုတ်လုပ်မှု
စရိတ်မြင့်ပြီး အကျိုးအမြတ်နည်းတဲ့ အတွက် ကျွန်တော်တို့ရဲ့တင်ပို့မှုပိုင်းမှာ လျော့ ကုန်ပါတယ်"
ဟု GFTI ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှု ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးမျိုးညွန့်က
ပြောသည်။
ပုစွန်ဈေးနှုန်းများသည် ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ် ၆,၀၀၀ မှ ၈,၀၀၀ ကျော် ခန့်ထိ ဈေးမြင့်
တက်ခဲ့ပြီး ငါးမြစ်ချင်းဈေးမှာ နှစ်ကီလိုအထက် ငါးတစ်ကောင်လျှင် ပျှမ်းမျှ ကျပ် ၁,၈၀၀ မှ ကျပ်
၂,၇၅၀ ခန့်အထိ မြင့်တက် ခဲ့သည်။
ထို့ပြင် ပင်လယ်ပြင် ငါး၊ ပုစွန်ဖမ်းဆီးရေးမှာလည်း ယခုနှစ်တွင်ကျဆင်းခဲ့ပြီး ယင်းသို့ ကျဆင်းမှု
သည် ရာသီဥတုဆိုးရွားမှုတို့ကြောင့် ပင်လယ်ပြင်ငါးသယံဇာတ လျော့နည်းလာခြင်း ကြောင့်ဖြစ်
ကြောင်း ပင်လယ်ပြင်ငါးးဖမ်းဆီးရေး လုပ်ငန်းရှင်များက ပြောသည်။ ယခုနျစ် ထိုင်းနိုင်ငံမှတောင်း
ဆိုခဲ့သည့် ငါး ဖမ်းဆီးခွင့် င်္ငျ့ငညါ ျွငါ့အ ကို တိုင်းရင်းသား ငါးဖမ်းလုပ်ငန်းရှင်များက မြန်မာ့ပင်လယ်
ပြင် တွင် ငါးဖမ်းဆီးခွင့်မပြုရန် ကန့်ကွက် တောင်း ဆိုမှုများမှတစ်ဆင့် လက်ရှိပင်လယ်ပြင်
ငါးသယံဇာတများလျော့နည်းမှုကို ပိုမို သတိပြုမိခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ပင်လယ်ပြင်ငါးဖမ်းဆီး ရရှိ နှုန်းသည် လွန်ခဲ့သည့် ၁၀ နျစ်ခန့်က တစ်နာရီ ဖမ်းဆီး
ရရှိနှုန်းမှာ ၁၅၀ ကီလိုဂရမ်ခန့် ရရှိခဲ့ သော်လည်း လက်ရှိတွင် ၈၀ ကီလိုဂရမ်ခန့် သာရရှိကြောင်း
မွေးမြူရေး၊ ဗရလုပ်ငန်းနျင့် ကျေးလက်ဒေသဖွံ့ညဖိုးရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးခင်မောင်
အေးက ထိုင်းငါးဖမ်းဆီးခွင့် နျင့် ပတ်သတ်သည့် ဆွေးနွေးပွဲတွင် ပြောသည်။
ယင်းကဲ့သို့ မြန်မာ့ပင်လယ်ပြင်တွင် တိုင်းရင်းသား ငါးဖမ်းလုပ်ငန်းရှင်များသာမက နိုင်ငံခြား
ငါးဖမ်းကုမ္ပဏီများပါ ဖမ်းဆီးနေသည့်အပြင် ပြည်တွင်းငါးဖမ်းသင်္ဘောများမှာလည်း ယခုနောက်ပိုင်း
တွင် ပိုမိုများပြားလာသည့်အတွက် ရေရှည်တွင် မြန်မာ့ပင်လယ်ပြင် ငါး သယံဇာတမှာ ထိခိုက်
လာနိုင်ကြောင်း လုပ်ငန်း ရှင်များက သုံးသပ်ခဲ့ကြသည်။
ထို့ကြောင့် ယခုနှစ်တွင် မြန်မာ့နိုင်ငံငါး လုပ်ငန်းဦးစီးဌာနက နော်ဝေနိုင်ငံအကူအညီရယူကာ
နော်ဝေငါးဖမ်းသုတေသနသင်္ဘောဖြင့်မြန်မာ့ကမ်းရိုးတန်း တစ်လျောက်တွင် သုတေ သနပြုလုပ်ခဲ့
ကာ သုံးလအကြာတွင် ရရှိမည့်ရလဒ်ပေါ်မူတည်ကာ ထိုင်းနိုင်ငံ၏ ငါးဖမ်းဆီး ခွင့်အား ပြန်လည်
သုံးသပ်သွားမည်ဟု မွေးမြူရေး၊ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက သတင်း
ထုတ်ပြန် ခဲ့သည်။
ယခုကဲ့သို့ မွေးမြူရေးသာမက သဘာဝအတိုင်း ဖမ်းဆီးမှုတွင်ပါ အဘက်ဘက်မှလျော့ကျလာ
သည့် ရေလုပ်ငန်းကဏ္ဍသည် နိုင်ငံတကာ၏ ရင်းနှီးမြှုပ်နှံမှုနျင့် ငွေကြေး အကူအညီများရရှိမှုလည်း
နည်းပါးခဲ့သည်။
DICA စာရင်းဇယားများအရ နိုင်ငံတကာ က မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံရန် ၀င်ရောက်လာ
သည့် ကုမ္ပဏီများစာရင်းသည် မြန်မာနိုင်ငံရှိ စီးပွားရေးကဏ္ဍမျိုးစုံအလိုက် ရှိရာ ရေလုပ်ငန်းနှင့်
မွေးမြူရေးကဏ္ဍတွင်ဝင်ရောက်မှု အနည်းဆုံးဖြစ်ခဲ့သည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများတွင် ရေလုပ်ငန်း နျင့် မွေးမြူရေးကဏ္ဍသို့ ၀င်ရောက်မှုသည် ယခုနှစ်
တွင် ကုမ္ပဏီ ၂၆ ခုခန့်သာရှိပြီး ရင်းနှီး မြှုပ်နှံမှုငွေကြေးမှာ အမေရိကန် ဒေါ်လာ ၃၄၇ သန်းခန့်သာ
ရှိခဲ့သဖြင့် ရာခိုင်နှုန်းအားဖြင့် ၀ ဒသမ ရ၉ ရာခိုင်နှုန်းသာ ရှိခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံသည် ယခုနှစ် ဧပြီလတွင် အီးယူနိုင်ငံများထံမှ အထူးအခွန် ကင်းလွတ်ခွင့်
ရရှိခဲ့သော်လည်း အီယူးနိုင်ငံများသို့ ရေ ထွက်ကုန်ပစ္စည်းတင်ပို့နိုင်ရန် ပြည့်မီသည့် စက်ရုံမှာ
၁၄ ရုံခန့်သာ ရှိခဲ့သည်။ ယခုကဲ့သို့ ကျဆင်းလျက်ရှိသည့် ရေလုပ်ငန်း ကဏ္ဍအား ပြန်လည်မြှင့်
တင်ရန်မှာ လိုအပ်လျက်ရှိသည့် ပြည်တွင်းလုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုငွေကြေးအား
နိုင်ငံတော်နှင့် နိုင်ငံတကာ ငွေကြေးထောက်ပံ့မှုများနျင့် အတိုး နည်း ချေးငွေများရရှိရန် မျှော်လင့်
ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

















