၂၀၁၄-၂၀၁၇ ခုနှစ်အတွက် မြန်မာ နိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှုအသင်း၏ အမှုဆောင် ကော်မတီ
၀င်များနှင့် ဗဟို အလုပ်အမှုဆောင် ကော်မတီဝင်များ အား ယခုလ ၂၇ ရက်နေ့တွင် ပြန်လည်
ရွေးကောက် တင်မြှောက်သွားမည် ဖြစ်ကြောင်း အသင်းမှတာဝန်ရှိသူက ပြောသည်။
"အသင်းဖွဲ့စည်းမှုနဲ့ ပတ်သက်တဲ့ စည်းမျဉ်းတွေကတော့ အခြားသော အဖွဲ့အစည်းတွေနည်းတူ
ပါသင့်ပါ ထိုက်ပြီး အခြေခံလည်းကျတဲ့ အချက် တွေကို ရွေးချယ်ပြီး ရိုးရိုးရေးဆွဲထား တာပါ။
ထူးခြားတာတွေ မပါပါဘူး။ စည်းမျဉ်းစည်းကမ်းနဲ့ ကိုက်ညီတဲ့သူ၊ အများက ရွေးချယ်တင်မြှောက်
သင့် တယ်ထင်တဲ့သူကိုပဲ ရွေးချယ်မှာပါ" ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင် မှုအသင်း (ဗဟို)
ဥက္ကဋ္ဌ ဦးသန်းဦးက ယခုလ ရ ရက်နေ့က ပြောသည်။
အသင်း၏ အမှုဆောင်ကော်မတီဝင် များနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအား ယခုလ
၂၇ ရက်နေ့တွင် ရန်ကုန်မြို့မှ အိမ်ခြံမြေ ၀န်ဆောင် မှု အသင်းဝင်များ၏ ဆန္ဒနှင့်အညီ ရွေးချယ်
တင်မြှောက်မည်ဖြစ်ပြီး ရွေး ချယ်ခံလိုသူများ အမည်စာရင်းတင်သွင်းရမည် ဖြစ်သည်။
အမည်စာရင်းတင်သွင်းလွှာများကို ယခုလ ၂ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံ အိမ်ခြံမြေ ၀န်ဆောင်မှု
အသင်း(ဗဟို) ရုံးချုပ်ရုံးခန်းမှ ထုတ်ယူနိုင်ပြီဖြစ်ပြီး ၁၅ ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည်ဖြစ်
သည်။
















