မြဝတီနယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှု ကိုင်တွယ်ရန် ခက်ခဲနေ

မြဝတီနယ်စပ်ဒေသ တရားမဝင်ကုန်သွယ်မှု ကိုင်တွယ်ရန် ခက်ခဲနေ

နယ်စပ် ကုန်သွယ်ရေးဇုန်များတစ်ဝိုက် ရှိ တရားမဝင်ကုန်သွယ်မှုများတွင် လက် နက်ကိုင်အဖွဲ့
အစည်းအချို့ ပါ၀င်ပတ်သက်မှုများ ရှိနေကြောင်း မြဝတီနယ်စပ် ရှိကုန်သည်များနှင့် စီးပွားရေးနှင့်
ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

ထိုသို့ တရားမဝင်ကုန်သွယ်မှုများ တွင် ကုန်ပစ္စည်းမျိုးစုံပါ၀င်ပြီး ကုန်သွယ်ရေးဇုန်များကို ရှောင်
ကာ ကွင်းလမ်းများမှတစ်ဆင့် သယ်ယူပြီး အချို့ ကိုသယ်ယူလာသော ပစ္စည်းစာရင်းထက် လျှော့
ပြကာ အခွန်လျှော့ပေါ့ဆောင် ခြင်းများ ရှိနေသည်။

လက်ရှိမြဝတီနယ်စပ်တွင် တရားဝင်ကုန်သွယ်ရေးဇုန် တစ်ခုသာ ရှိသော်လည်း တရားမဝင် ကုန်
သွယ်ရေး လမ်းကြောင်းမှာ ၁၇ ခုနှင့်အထက် ရှိနေသည်။ အဆိုပါလက်နက်ကိုင် ငြိမ်းချမ်းရေး
အဖွဲ့အစည်းများတွင် KNU နှင့် KNLA အဖွဲ့များအပါအဝင် အဖွဲ့ပေါင်း ၃၃ ဖွဲ့ ရှိနေပြီး ယင်းအဖွဲ့
များနှင့် ငြိမ်းချမ်းရေး ပျက်ပြားမည်ကို စိုးရိမ်သော အကြောင်း ပြချက်ဖြင့် စစ်တပ်၏ ၀င်ရောက်
စွက် ဖက်မှုကိုလည်း မတွေ့ရကြောင်း မြဝတီ နယ်စပ်တွင် တာဝန်ထမ်းဆောင်ဖူးသူ ကုန်သွယ်
ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။

"တစ်နိုင်ငံလုံးက လက်နက်ကိုင် အဖွဲ့အစည်း အားလုံးနီးပါးက စီးပွားရေး လုပ်နေကြတာ သွား
တွေ့ရတယ်။ နိုင်ငံ တော်က ဒီကိစ္စကို ဖြေရှင်းပေးမယ်လို့ ပြောနေပေမယ့်လည်း ငြိမ်းချမ်းရေး
ဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ဖြေရှင်းပေးနိုင်မှု အားနည်းနေတယ်လို့ မြင်ပါတယ်"ဟု ၎င်းက
ပြောသည်။

အဆိုပါအခြေအနေကို ဖြေရှင်း ပေးရန်အတွက် တပ်မတော်မှာ မြဝတီနယ်စပ်ထက် အထူးသဖြင့်
ဘူးသီးတောင် မောင်တောဒေသများတွင်သာ အများဆုံး တာဝန်ယူနေရကြောင်း ၎င်းက ပြော
သည်။

ထိုသို့ တရားမဝင်ကုန်သွယ်မှုများ ကြောင့် ပြည်တွင်းမှရာဘာကုန်ကြမ်း များ နှစ်စဉ် တန်ချိန်
သောင်းနှင့်ချီကာ တစ်ဖက်နိုင်ငံသို့ ရောက်ရှိသွားသကဲ့သို့ အရည်အသွေးမမီသော ကုန်ပစ္စည်း
များလည်း ပြည်တွင်းသို့ဝင်ရောက်လာကြောင်း ၎င်းကပြောသည်။

"အဖွဲ့အစည်းက ၃၃ ဖွဲ့ရှိနေတော့ ကုန်သွယ်မှုမှာ ထိခိုက်ပြီး နိုင်ငံတော်အခွန်အခနစ်နာတယ်။
ပုံမှန်လုပ်နေ တဲ့သူတွေလည်း နစ်နာတဲ့အတွက် ယှဉ်ပြိုင်မှုလည်း လျော့လာတယ်။ အစိုးရ အုပ်
ချုပ်မှု မရှိတော့သလိုဖြစ်လာ တယ်"ဟု ၎င်းက ပြောသည်။

မြဝတီ မဲဆောက်ကုန်သွယ်ရေးဇုန် မှာ တရုတ်နှင့်ကုန်သွယ်သော မူဆယ် ရွှေလီပြီးလျှင် နယ်စပ်
ကုန်သွယ်မှုတွင် ဒုတိယအများဆုံး ကုန်သွယ်ရေး ဇုန်တစ်ခုဖြစ်ပြီး နျစ်နိုင်ငံ နိုင်ငံရေး အခြေအနေ
အရ ၂၀၁၀ ပြည့်နှစ်အတွင်း က တစ်နှစ်ကြာပိတ်ထားခဲ့ရာမှ ၂၀၁၁ ခုနှစ် အစိုးရသစ် တက်ပြီးချိန်
တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။


 

ထိုင်းနိုင်ငံနှင့် မြန်မာကုန်သွယ်ရေး လမ်းကြောင်းမှာ ပင်လယ်ရေကြောင်း အပါအဝင် ကော့သောင်း၊
တာချီလိတ်နျင့် မြဝတီနယ်စပ်စခန်းများအပါအဝင် ကုန်သွယ်မှုလမ်းကြောင်း လေးခုရှိရာ မြဝတီ
နယ်စပ် ကုန်သွယ်မှုစခန်းမှာ ထိုင်းနိုင်ငံနျင့် နယ်စပ်ကုန်သွယ်မှုတွင် ၈၀ ရာခိုင်နှုန်းဖြင့် ကုန်သွယ်
မှုအများဆုံးပြုလုပ် လျက်ရှိသော ကုန်သွယ်ရေးစခန်းလည်း ဖြစ်သည်။

၂၀၁၃ ၂၀၁၄ ဘဏ္ဍာနှစ်၏ ပထမကိုးလတာ စာရင်းများအရ နျစ် နိုင်ငံ နယ်စပ်ကုန်သွယ်မှုမှာ
'ကန်' ဒေါ်လာသန်း ၄၈၀ ခန့်ရှိပြီး ပို့ကုန်မှာ ဒေါ်လာသန်း ၁၆၀ ခန့်ရှိသည်။ သို့သော် နှစ်နိုင်ငံ
ကုန်သွယ်မူစာရင်းကို ပြန်လည်နငိင်းယှဉ်ပါက ထိုင်းနိုင်ငံဘက်မှ စာရင်းမှာ အဆကိုးဆကျော်များ
နေလေ့ရှိသောကြောင့် တရားမဝင် ကုန် သွယ်မှုကို ထိန်းချုပ်ရန် လိုအပ်နေသေးကြောင်း ၎င်းက
ပြောသည်။

တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးလုပ်ငန်းကို မြဝတီ ရန်ကုန် လမ်းကြောင်းအတွက်
ဖမ်းဆီးခဲ့ရာ တွင် ၂၀၁၂ ခုနှစ်၊ နို၀င်ဘာမှ ၂၀၁၃ ခုနှစ်၊ နို၀င်ဘာ တစ်နှစ်တာကာလ အတွင်း
အမှုတွဲပေါင်း ၈၅၀ ကျော်ဖမ်းမိခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ ကျပ်၁ ဒသမ ၃ ဘီလျံရှိကြောင်း တရား
မဝင် ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းမှ အများဆုံးဖမ်းဆီးရမိသောပစ္စည်းများမှာ စား
သောက်ကုန်နျင့် အေးခဲအသားမျိုးစုံ၊ ဗဆာက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ အစိုးရ၏တရားဝင်
ခွင့်ပြုချက်မရသေးသော ယမကာများ၊ ဏက်ပစ္စည်းအစိတ်အပိုင်းများ၊ မော်တော်ယာဉ်နှင့်
ဆိုင်ကယ်များဖြစ်သည်။

"ခိုးဂိတ် (တရားမဝင်ကုန်သွယ် ဂိတ်) တွေက မြဝတီမြို့ရဲ့ပတ်ချာလည် သောင်ရင်းမြစ်တစ်
လျှောက်မှာ ရှိနေ တယ်။ တရားမဝင်ကုန်သည်တွေနဲ့ ပူးပေါင်းပြီးလုပ်တာတွေကို အင်တာနက်
တွေမှာတင်လည်း ရပ်မသွားဘူး။ ဘာမှလုပ်လို့မရဘူး ဖြစ်နေတယ်။ ထိခိုက်မှုတွေ ရှိနေပေမယ့်
လက်ရှိလက်နက်ကိုင်အဖွဲ့တွေက ထိန်းသိမ်း လို့မရသေးတဲ့ အခြေအနေဆိုတော့ လူကြီးတွေ
ကလည်း အရမ်းတင်းကျပ် လို့ မရသေးဘူး"ဟု မြဝတီတွင်နေထိုင် သူ ဒေသခံတစ်ဦးက
ပြောသည်။

ဒေသခံများ၏ အဆိုအရ တရားမဝင် ဂိတ်ပေါင်း ၃၀ ကျော်ရှိပြီး ထိုဂိတ်များ မှနေ့စဉ်နီးပါး အပြန်
အလှန်သယ်ယူမှု များရှိနေသည်။

"တရားဝင် ၅၀ ရာခိုင်နှုန်း ဆောင်ရ မယ့်နေရာမှာ ၄၀ ရာခိုင်နှုန်းလောက် ပဲ ကုန်သည်ဘက်က
ဆောင်တယ်။ အကောက်ခွန်ကိုတော့ ပစ္စည်းစာရင်း လျှော့ပြပြီး ၃၀ ရာခိုင်နှုန်းလောက်ကိုပဲ
အခွန်ဆောင်ကြတယ်။ ဒါတွေက ဖြစ် နေတာကြာလှပြီ။ ထိထိရောက်ရောက် ဖြစ်အောင်တော့
လုပ်ဖို့လိုနေပြီ ထင်ပါ တယ်"ဟု ၎င်းက ပြောသည်။

မြဝတီနယ်စပ်မှ သွင်းကုန်နျင့် ပို့ကုန် များ သယ်ဆောင်ရာတွင် ကုန်သည်များ နှင့်ချိတ်ဆက်ပေး
ရသော အကျိုးဆောင် တစ်ဦးကမူ ထိုသို့ကုန်သွယ်ခွင့် ရသည့် အတွက် နိုင်ငံတော်ကခွင့်ပြုမထား
သော်လည်း ဈေးကွက်လိုအပ်ချက်ရှိ သောပစ္စည်းများအတွက် တင်သွင်း တင်ပို့ရအဆင်ပြေကြောင်း
ပြောသည်။

"ဂျူတီဆောင်လို့ရတဲ့ကုန်ပစ္စည်းနဲ့ ဂျူတီဆောင်လို့မရတဲ့ကုန်ပစ္စည်းဆိုတာရှိတဲ့အတွက်
ကျွန်တော်တို့က ဂျူတီဆောင်လို့မရတဲ့ပစ္စည်းတချို့ကို လမ်းကြောင်းနဲ့သယ်ရတာမျိုးရှိတယ်။
ဥပမာ-စက်ရုံမှာပြန်သုံးမယ့် စက်ပစ္စည်း အဟောင်းတချို့ဆိုရင် သယ်ခွင့်မရှိတဲ့ အတွက် အဖွဲ့
အစည်းတွေဆီက အကူ အညီယူရတယ်။ သူတို့နဲ့လုပ်တဲ့အတွက် ဈေးပိုသက်သာတာလည်း
ရှိသလို ဈေးကြီးတာလည်း ရှိပါတယ်။ အခု အတိုင်းတော့ အဆင်ပြေနေတာပေါ့"ဟု ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး