နှစ်သစ်ကားဈေးကွက် သိသာစွာပြောင်းလဲ မလာသေး

နှစ်သစ်ကားဈေးကွက် သိသာစွာပြောင်းလဲ မလာသေး

ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မော်တော်ယာဉ်များ အတွက် ဆိပ်ကမ်းရောက်တန်ဖိုး (စီအိုင် အက်ဖ်)
အသစ် ထွက်ရှိလာပြီးနောက်ပိုင်း ရန်ကုန်ကားဈေးကွက်အတွင်း ယခင်က တင်သွင်းခဲ့သည့် ကား
ဈေးနှုန်းများ ကျဆင်းလာ သော်လည်း ၀ယ်လက်နည်းခဲ့ပြီး ကားဝယ်ယူလိုသူအများစုမှာ ဆိပ်ကမ်း
ရောက် တန်ဖိုးအသစ်ဖြင့် တိုက်ရိုက်ဝယ်ယူရန်သာ ပိုမိုစိတ်ဝင်စားကြ သော်လည်း အရောင်းအဝယ်မှာ သိသာစွာကောင်းမလာသေးကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များက ပြောသည်။

"ဒီဇင်ဘာလ ၂၄ ရက်နေ့ကစပြီး ဆိပ်ကမ်း ရောက်တန်ဖိုးအသစ်တွေ ထွက်လာပြီးတဲ့ နောက်ပိုင်း
ဈေးကွက်ထဲမှာ အရောင်းအဝယ် နည်းနည်းငြိမ်နေတယ်။ ဆိပ်ကမ်းရောက် တန်ဖိုးတွေပြင်ပြီးသွား
ရင် ကားဈေးတွေကျ သွားမယ်။ ဈေးကွက်ထဲမှာရှိတဲ့ကားတွေ ဈေးကျသွားမယ်အထင်နဲ့ စောင့်
နေကြတာပါ။ တစ်ကယ်တမ်း အသစ်ထွက်လာတဲ့အခါကျတော့ Toyota Mark X, Crown နဲ့
Harrier-ကား တွေလောက်ပဲ ၁၀ သိန်းလောက် ဈေးကျသွား တယ်။ ကျန်တဲ့ကား တွေကတော့
မှန်းသလောက် ဈေးကျမသွားဘူး" ဟု ကားဝယ်ရောင်း လုပ် ကိုင်သူ ကိုဦးက ပြောသည်။

ဈေးကွက်အတွင်း အရောင်းအဝယ်မှာ လည်း ထင်ထားသလောက် အရောင်းအဝယ် မကောင်းပဲ
ပုံမှန်အတိုင်းသာရှိနေကြောင်း ကားဝယ်ရောင်းများက ပြောသည်။

"စီအိုင်အက်ဖ် တန်ဖိုးအသစ်တွေ ထွက်လာပေမယ့် ကားအရောင်းအဝယ်ကတော့သိသိသာသာ
ကောင်းမလာသေးဘူး။ ဘာလို့လဲဆိုတော့ စီအိုင်အက်ဖ် အပြောင်းအလဲက ၁၃၀၀ စီစီကားတွေ
ထက် မာစီးဒီးစ်လို အမြင့်ကားတွေအတွက် ပိုကောင်းတဲ့သဘောရှိတယ်" ဟု ကားဝယ်ရောင်း
ကိုဇော်ဝိတ်က ပြောသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီး ဌာနက လာမည့် ၂၀၁၄ ခုနှစ်အတွင်း လက်ရှိပြည်
တွင်းသို့တင်သွင်းလျက်ရှိသည့် လူစီးကား များ တစ်ဦးချင်းတင်သွင်း မှုတွင် ၂၀၀၀ မှ ၂၀၀၈ ခုနှစ်
မော်ဒယ်အတွင်းရှိ ကားများနှင့် ၂၀၀၉ မှ ၂၀၁၃ ခုနှစ်မော်ဒယ်အတွင်းရှိကားများကို ခွင့်ပြုထားပြီး
ကုန်တင်ကားများကိုလည်း ၂၀၀၄ ခုနှစ်မှ ၂၀၁၄ ခုနှစ် မော်ဒယ်အတွင်း တင်သွင်း ရန် ခွင့်ပြုထား
ပြီး ဖြစ်သည်။

"ကားဈေးကွက်ထဲမှာ အရောင်းအဝယ်က ထင်သလောက်မကောင်းကြသေးဘူး။ သူ့မိတ်နဲ့ သူ
တော့ အရောင်းအဝယ် လုပ်နေကြတာများ တယ်။ ၀ုိင်းထဲမှာတော့ ၁၃၀၀ စီစီ ကားတွေ အရောင်း
အဝယ်ဖြစ်တယ်။ အဲဒီကားတွေ တော်တော်များများကို လုပ်ငန်းသုံးဖို့ ၀ယ်တဲ့သူတွေ များတယ်။
တချို့ကားဝယ်တဲ့သူတွေက တက္ကစီ ပါမစ်ပိတ်သွားလို့ နံပါတ်အနက်တွေဝယ်ပြီး နံပါတ်အနီပြောင်း
ပြီး လုပ်ငန်းလုပ်ဖို့ ၀ယ်ကြ တယ်။ တော်တော်များများက သိန်းတစ်ရာအောက်ကို ပိုပြီး စိတ်ဝင်စား
ကြတယ်" ဟု ကားဝယ်ရောင်း ကိုအောင်နိုင်စိုးက ပြောသည်။

သက်ဆိုင်ရာက ယာဉ်အိုယာဉ်ဟောင်းအပ်နှံမှုမစတင်မီ ၂၀၀၀ ပြည့်နှစ် မတိုင်မီက ဈေးနှုန်းသင့်
တင့်စွာဖြင့် ဈေးကွက်အတွင်း ရောင်းချခဲ့သည့် Cherry ကားများ အနက် Cherry QQ ကားများ
ကို ပြီးခဲ့သည့်နှစ် နို၀င်ဘာလခန့်မှ စတင်ကာ အပ်နှံခွင့်ပြုခဲ့ပြီး ဈေးကွက်အတွင်းရှိ အက္ခရာနိမ့်
ဂျပန်ကားများနှင့် ဂဏန်းအက္ခရာ ဂျပန်ကားများလည်း ဈေးကွက်အတွင်း ၀ယ်ယူ သူ နည်းခဲ့
သည်။

ယာဉ်အိုယာဉ်ဟောင်း ပြန်လည်အပ်နှံသည့်စနစ်အရ လက်ရှိတွင် 'အ' အက္ခရာ နှင့် လေလံကား
များကို လက်ခံဆောင်ရွက်ပေးနေပြီး အပ်ကားများ မရှိသလောက် ရှားသွားပြီဖြစ် ကာ အချို့မှာ စလစ်ဈေးအတက်ကို စောင့်ဆိုင်း နေကြကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်း ရှင်များက ပြော
သည်။

"စလစ်ဈေးကျလာမယ်လို့ သတင်းကြား တော့ အအပ်လက်ခံမယ့်ကားတွေကို အရင်လိုအများကြီး
၀ယ်လှောင်တာမျိုးလည်း မရှိတော့ ဘူး။ ခုတစ်လော နယ်အဝယ်လည်း သိပ်မလာ ဘူး။ ကားဈေး
ကွက်က ဘယ်အချိန်ပြန်ကောင်းမယ်လို့ မှန်းလို့ကိုမရသေးတာ" ဟု ကားဝယ်ရောင်း ဦးအောင်
သန်းဝင်းက ပြောသည်။

ကားအရောင်း စင်တာများတွင်လည်း နိုင်ငံခြားမှ တင်သွင်းလာသောကားများကို ဆိပ်ကမ်းမှ
ထုတ်ယူခြင်းမပြုသေးဘဲ တရားဝင်ကြေညာချက်ထွက်ပေါ်ပြီးချိန်အထိ စောင့် ဆိုင်း နေခဲ့ကြပြီး
စီအိုင်အက်ဖ်တန်ဖိုးများကိုတရားဝင်ကြေညာခဲ့လည်း ကားဈေးကွက်မှာ သိသာစွာပြောင်းလဲလာ
ခြင်း မရှိသေးပေ။

"ဒီဇင်ဘာတစ်လလုံး အရောင်းအဝယ်အေးခဲ့တယ်" ဟု ကိုဇော်ဝိတ်က ပြောသည်။ ကားမော်ဒယ်
အစုံ အအပ်လက်ခံမည်ဟု သတင်းများထွက်ပေါ်နေသော်လည်း အဆိုပါ ကိစ္စနှင့်ပတ်သက်၍
နေပြည်တော်ရုံးချုပ်မှ တရားဝင်ညွှန်ကြားမှု တစ်စုံတစ်ရာ မရရှိသေး ကြောင်း ကုန်းလမ်းပို့ဆောင်
ရေး ညွှန်ကြားမှုဦးစီး ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး