ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဓာတုပစ္စည်းများ အသုံးပြုနေ

ရွှေတူးဖော်ရေးလုပ်ငန်းများတွင် ဓာတုပစ္စည်းများ အသုံးပြုနေ

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းရှိ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်း များ၌ မာကျူရီနှင့်
ဆိုက်ရာနိုက် ကဲ့သို့ သော ဓာတုပစ္စည်းများ အသုံးပြု နေခြင်း ကြောင့် မြေသားပျက်စီးမှုနှင့်
သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်နေသည်ဟု အဆိုပါဒေသတွင် ရွှေတူးဖော်ရေး
လုပ်ကိုင်ခွင့် ရရှိထား သည့် ရုရှားနိုင်ငံမှ Nobel Gold ကုမ္ပဏီ က ပြောသည်။

"တရားမဝင် ရွှေတူးဖော်ရေးသမား အများစုက ရွှေတူးတဲ့နေရာမှာ လုပ်ငန်း တွင်ကျယ်အောင်
မာကျူရီအသုံးပြုကြတယ်။ ဒီဓာတုပစ္စည်းကို ဒေသ ဈေးကွက်ထဲမှာ ၁၀ မီလီဂရမ်ကို ကျပ်တစ်
ထောင်လောက်နဲ့ အလွယ်တကူဝယ်လို့ရပါတယ်။ မြန်မာနိုင်ငံနဲ့ နိုင်ငံ တကာ ဥပဒေတွေနဲ့အညီ
Nobel Gold က မာကျူရီနဲ့ တခြား ဓာတုဗေဒ အဆိပ် တွေကို အသုံးပြုခြင်းမရှိပါဘူး" ဟု Nobel
Gold ကုမ္ပဏီက စီမံကိန်း မန်နေဂျာဖြစ်သူ မစ္စတာဂရေဂရီ စတက်ဖန်နော့ဗ်က မြန်မာတိုင်း(မ်)ကို
ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟူးကောင်းချိုင့်ဝှမ်းဒေသတွင် ရွှေ တူးဖော်ရေး လုပ်ကိုင်ခွင့်
ရရှိထား သည့် ရုရှားနိုင်ငံမှ Nobel Gold ကုမ္ပဏီ သည် ထောင်ပေါင်းများစွာသော တရား မဝင်
ရွှေတူးဖော်ရေးသမားများ၏ တရားမဝင် ရွှေတူးဖော်ရေးလုပ်ငန်းများကိုလည်း ရင်ဆိုင်ကြံုတွေ့နေ
ရ ကြောင်း ၎င်းက ပြောသည်။

"ဒါဟာ အရေးကြီးတဲ့ ပြဿနာတစ်ခု ပါ။ တရားမဝင် ရွှေတူးဖော်ရေးသမား တစ်သောင်းလောက်
နဲ့ ပုဂ္ဂလိက ကုမ္ပဏီ ရ၀ ကျော်လောက်က ဒီနေရာ မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်လောက်ကတည်း
က ရွှေတူးနေခဲ့ကြတာ" ဟု မစ္စတာဂရေဂရီစတက်ဖန်နော့ဗ်က ပြောသည်။

ရုရှားနိုင်ငံမှ Nobel Gold ကုမ္ပဏီ သည် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်အတွင်း
ရွှေနှင့် ဆက်စပ် တွင်းထွက်ပစ္စည်းများ ရှာဖွေ ရေးအတွက် စစ်းသပ်လုပ်ငန်းများ ဆောင်ရွက်ရန်
၂၀၁၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ခွင့်ပြုချက်ရရှိခဲ့ပြီး အကျယ် အဝန်း ၁,၂၄၆ စတုရန်းကီလိုမီတာ
(၃၀၈,၀၀၀ ဧကခန့်) မြေနေရာတွင် လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်မြို့နယ်တွင် ရွှေတူးဖော် ရေး လုပ်ကွက် ၅၅ ခုအတွက် ပုဂ္ဂလိက ကုမ္ပဏီ ၃၄ ခုကို
ခွင့်ပြုထားပြီး၊ စစ်ကိုင်း ဒေသကြီးတစ်ခုလုံးတွင် ရွှေတူးဖော်ရေး လုပ်ကွက် ၂၃၈ ကွက်အတွက်
ပုဂ္ဂလိက ကုမ္ပဏီ ၁၃၅ ခုကိုခွင့်ပြုထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောသည်။

သတ္တုတွင်း ၀န်ကြီးဌာနသည် တရား မဝင် ရွှေတူးဖော်ခြင်းများကို သိရှိထား ပြီး ၁၉၉၄ ခုနှစ်က
ပြဋ္ဌာန်းခဲ့သည့် သတ္တု တွင်း ဥပဒေအား ပြန်လည်ပြင်ဆင် ရေးဆွဲရာတွင် တရားမဝင်ရွှေတူးခြင်း
ကို တားမြစ်မည့် အချက်ကို ထည့်သွင်း ထားကြောင်း ၀န်ကြီးဌာနလက်အောက် ရှိ သတ္တုတွင်း
ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးကျော်သက်က ပြောသည်။

"တရားမဝင် ရွှေတူးဖော်မှု ပပျောက်ရေးဆိုတဲ့အချက်ကို ပြန်လည်ပြင်ဆင် မယ့် သတ္တုတွင်းဥပဒေ
မှာ ထည့်သွင်း ထားပါတယ်။ အခုပြန်လည်ကျင်းပ မယ့် ပြည်ထောင်စုလွှတ်တော်မှာ ဒီဥပဒေကို
ဆွေးနွေးသွားဖို့ ရှိပါတယ်" ဟု ၎င်းက ပြောသည်။

သက်ဆိုင်ရာ ဒေသအာဏာပိုင်များ သည် ကာလကြာရှည်ရှိနေခဲ့သည့် တရားမဝင် ရွှေတူးဖော်ရေး
လုပ်ငန်းများ ကို အထိုက်အလျောက် အရေးယူခဲ့ သည်ဟုလည်း စစ်ကိုင်းတိုင်းဒေသကြီး၊
သစ်တော၊ သတ္တုနှင့် စွမ်းအင်ဝန်ကြီး ဦးသန်းထိုက်က ပြောသည်။ "တရားမဝင် ရွှေတူးတဲ့သူတွေ
က အရင်ထဲက ရှိနေခဲ့တာပါ။ မိသား စု စားဝတ်နေရေးအတွက် တစ်နိုင် တစ်ပိုင် ၀င်ငွေရှာနေကြ
တာပါ။ ကျွန် တော်တို့လည်း သူတို့နဲ့တွေ့ဆုံပြီး တရားမဝင်ရွှေတူးတာတွေရပ်ဖို့၊ ကုမ္ပဏီကလည်း
မှတ်ပုံတင်ပြီးတရား ၀င်လုပ်ကိုင်ဖို့ပြောထားသလို တရား ၀င်ခွင့်ပြုပေးဖို့ပြည်ထောင်စုဝန်ကြီး ဌာန
ကိုလည်း စာတင်ထားပါတယ်" ဟု ဦးသန်းထိုက်က ပြောသည်။

Nobel Gold ကုမ္ပဏီသည် စမ်းသပ်ရှာဖွေရေးကာလမတိုင်မီ ရွှေနှင့် အခြား ဓာတ်သတ္တုများ
တူးဖော်ခွင့်မရှိပဲ ရွှေတူးဖော်ရေး စီမံကိန်းအား အဆင့် သုံးဆင့်ဖြင့် အကောင်အထည်ဖော်ရာ ၌
အဆင့်တိုင်းတွင် သက်ဆိုင်ရာ ခွင့် ပြုချက်ကို ရယူမည်ဟုလည်း မစ္စတာ ဂရေဂရီ စတက်
ဖန်နော့ဗ်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက် မြို့အတွင်းရှိ ရွှေတူးဖော်ရေးလုပ်ကွက် မှ ရွှေသတ္တု ၈၀
ရာခိုင်နှုန်းနှင့် ပလက် တီနမ်နှင့် ငွေသတ္တု ၂၀ ရာခိုင်နှုန်းတူးဖော်တွေ့ရှိရန် Nobel Gold က
မျှော်မှန်းထားသည်။

"ကျွန်တော်တို့ ယူရေနီယမ်တို့ တိုက်တေနီယမ်တို့ ရှာနေတယ်ဆိုတာ မဟုတ်ပါဘူး။ ကုမ္ပဏီရဲ့
နာမည် အတိုင်းပဲ ရွှေသက်သက်ကိုသာ ရှာဖွေနေတာပါ။ လုပ်ပိုင်ခွင့်ရရှိထားတဲ့ လုပ်ကွက် ဧရိ
ယာအတွင်းမှာ ရေဒီယိုဓာတ် သတ္တိကြွ သတ္တုတွေ မတွေ့ရပါဘူး။ ဦးတေဇရဲ့ ထူးကုမ္ပဏီနဲ့
ကျွန်တော်တို့ အဆက်အသွယ်ရှိပါတယ်။ ဒါက လည်း ရွှေသတ္တု ရှာဖွေတူးဖော်ရေးအတွက်ပါပဲ"
ဟု မစ္စတာ ဂရေဂရီ စတက်ဖန် နော့ဗ်က ပြောသည်။

Nobel Gold သည် ရုရှားနိုင်ငံမှ ရေနံကုမ္ပဏီတစ်ခုဖြစ် သော Nobel Oil ၏ ကုမ္ပဏီခွဲတစ်ခု
ဖြစ်ပြီး၊ အဆိုပါရုရှားကုမ္ပဏီသည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ်အတွင်းရှိ ကုန်တွင်း
ရေနံ လုပ်ကွက်တစ်ခုဖြစ်သော ဥရု လုပ်ကွက် (B-2) အား လုပ်ကိုင်ခွင့်ရရှိ ထားသည်။

ဗန်းမောက်မြို့နယ် အတွင်း ရွှေတူးဖော် ရေးလုပ်ကိုင်ခွင့် ရရှိထား သည့် Nobel Gold ကုမ္ပဏီ
သည် ၂၀၁၄ ခုနှစ်၊ မတ်လတွင် ရှာဖွေရေးလိုင်စင် သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး၊ ဒုတိယ အဆင့်
စမ်းသပ်ရှာဖွေရေး လိုင်စင်သက်တမ်းတိုးရမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး