အိန္ဒိယမှ ၀ယ်လိုအားများ လက်ရှိကာလ အတွင်း သိသာစွာတက်လာခြင်းကြောင့် မြန်မာနိုင်ငံ၏
ပြည်တွင်းဈေးကွက်တွင် မတ်ပဲဈေးများမှာ ယခင်နှစ် မတ်ပဲ ပေါ်သည့်ရာသီများနှင့် ယှဉ်လျှင် ဈေး
ကောင်း ပိုရလာကြောင်း ပဲလုပ်ငန်း ရှင်များက ပြောသည်။
မြန်မာနိုင်ငံတွင် လာမည့် ဖေဖော်ဝါရီလသည် မတ်ပဲပေါ်သည့် ရာသီ ဖြစ်ပြီး ထိုအချိန်တွင် အဓိက
၀ယ်လက် ဖြစ်သည့် အိန္ဒိယက အလေးထား ၀ယ် လေ့ရှိကြောင်းလည်း ပဲကုန်သည်များ က ပြော
သည်။
"အိန္ဒိယက ဒီနှစ်အထွက် နောက် ကျတယ်။ ပြီးတော့ အထွက်မကောင်း ဖို့လည်း များတယ်။
ဒီတော့ လိုအပ်ချက် ရှိလာပြီး ဈေးကတက်လာတာပါ။ ပုံမှန် ဆိုရင် ပဲပေါ်တဲ့ရာသီက ဈေးကျတတ်
တယ်။ ဒီနှစ်ကတော့ အရင်နှစ်တွေနဲ့မတူပဲ ဈေးကောင်းရနေပါတယ်"ဟု ပြည်ပသို့ ပဲတင်ပို့သူတစ်ဦးဖြစ်သည့် ဒေါက်တာမြန်လင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
မတ်ပဲဈေး ပြန်တက်လာသည့်အတွက် ၀ယ်လက်များက ဈေးကွက်ကိုပြန်လည်ထိန်းချုပ်လိုက်
သည့်အတွက် ယခုရက်ပိုင်းအတွင်း ဈေးကွက်မှာ ငြိမ် နေသော်လည်း ဈေးကျဆင်းဖွယ်မရှိကြောင်း
၎င်းက ခန့်မှန်းသည်။
ဇန်နဝါရီလ ၂၁ ရက်နေ့က မတ်ပဲ (င်္ဗျှ) တစ်တန်လျှင် ကျပ် ၆၁၇ယဝဝ၀ ရှိပြီး ယခုတစ်ပတ်အတွင်း
ဈေးတက် လာခြင်းဖြစ်သည်။ ဒီဇင်ဘာလတွင်း က မတ်ပဲ ဈေးမှာ ၅၇၀ယဝဝ၀ ၀န်းကျင် ရှိခဲ့သည်။
ထို့ကြောင့် မတ်ပဲဈေးမှာ ကျဆင်းနိုင်ဖွယ် မရှိကြောင်း ဒေါက်တာမြန်လင်းက ပြောသည်။ အိန္ဒိယမှ
၀ယ်လက်များက အသစ် ထွက်ရှိမည့်မတ်ပဲအသစ်ကို တစ်တန်လျှင် ကျပ် ၆၀၀ယဝဝ၀ ပေး၍ဝယ်
ယူမှု များ ရှိနေသည့်အတွက် မတ်ပဲဈေးမှာ ကျနိုင်ဖွယ်မရှိပဲ ထပ်မံဈေးမြင့်နိုင်ကြောင်း မြန်မာနိုင်ငံ
ပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်းမှ ဗဟိုအလုပ် အမှုဆောင်ဖွဲ့ဝင် ဒေါက်တာမြတ်စိုးက ပြော
သည်။
ပြည်တွင်း ဈေးကွက်တွင်လည်း ပဲများကိုရောင်းချရာတွင် ဈေးနှိမ်မှု များ၊ လိမ်လည်မှုများ မရှိစေရန်
အတွက် စာချုပ်နှင့်သာ စနစ်တကျရောင်းချရန် ယခုလမှ စတင်တိုက်တွန်းထားပြီး ထိုသို့ ပြုလုပ်
လိုက်သည့်အတွက် ကြားခံများမရှိတော့ပဲ ရောင်းသူနှင့် ၀ယ်သူ တိုက်ရိုက်ထိတွေ့ လုပ်ကိုင်ရ
သည့်အတွက် အရောင်းအဝယ် ကောင်း မွန်စွာ လုပ်ကိုင်နိုင်ရန် ရည်ရွယ်ကြောင်း ၎င်းက ပြော
သည်။
မြန်မာနိုင်ငံတွင် ၂၀၀၉ ခုနှစ်က မတ်ပဲဈေးအတက်ဆုံးနှစ် ဖြစ်ခဲ့ပြီး တစ်တန်လျှင် အမေရိကန်ဒေါ်
လာ ၁,၀၀၀ အထိရှိခဲ့ပြီး ယခုဈေးမှာ တစ်တန်လျှင် ၆၄၀ ၀န်းကျင်ရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံ ပဲထုတ်လုပ်မှု၏ ရ၀ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံသို့ တင်ပို့ ရောင်းချနေခြင်းဖြစ်ပြီး မြန်
မာနိုင်ငံ သည် ကမ္ဘာ့ပဲမျိုးစုံ ပြည်ပတင်ပို့ ဈေးကွက်တွင် ဒုတိယအများဆုံး တင်ပို့ သောနိုင်ငံလည်း
ဖြစ်သည်။
ပဲမျိုးစုံကို ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသ ကြီးတို့တွင် အဓိကစိုက်
ပျိုးပြီး နိုဝင်ဘာလတွင်စိုက်ပျိုးကာ ဖေဖော်ဝါရီလတွင် ရိတ်သိမ်းခြင်း ဖြစ်သည်။

















