ဖေဖော်ဝါရီလအတွင်း Pepsi အချိုရည်နှင့် အခြားအချိုရည်များ ထုတ်လုပ် ဖြန့်ချိမည်

ဖေဖော်ဝါရီလအတွင်း Pepsi အချိုရည်နှင့် အခြားအချိုရည်များ ထုတ်လုပ် ဖြန့်ချိမည်

ကမ္ဘာကျော် အမှတ်တံဆိပ်တစ်ခု ဖြစ်သော Pepsi အချိုရည်နှင့် အခြား အချိုရည်များကို မြန်မာ
နိုင်ငံတွင် ဖေဖော်ဝါရီလမှ စတင်ထုတ်လုပ် ဖြန့်ဖြူးတော့မည် ဖြစ်ကြောင်း ကိုရီးယားနိုင်ငံမှ
LOTTE အချိုရည် ကုမ္ပဏီနှင့် အကျိုးတူ ပူးပေါင်းလုပ်ကိုင် ရန် သဘောတူညီခဲ့သည့် Myanmar
Golden Star (MGS) ကုမ္ပဏီက တာဝန်ရှိသူက ပြောသည်။

"Pepsi အချိုရည် ထုတ်လုပ်ခွင့်ကို အကျိုးတူးလုပ်ကိုင်ဖို့ ကျွန်တော်တို့ ကုမ္ပဏီနဲ့ ကိုရီးယားက
LOTTE တို့ သဘောတူခဲ့တာပါ။ တခြားအချိုရည်နဲ့ သောက်ရေသန့်တွေလည်း ထုတ်လုပ်သွား
ပါမယ်။ နောက်လထဲမှာ စတင် ထုတ်လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်" ဟု MGS ကုမ္ပဏီ၏ ဥက္ကဋ္ဌ
ဖြစ်သူ ဦးသိန်းထွန်းက မြန်မာတိုင်း(မ်) ကို ပြောသည်။

ကိုရီးယားနိုင်ငံမှ LOTTE နှင့် MGS ကုမ္ပဏီတို့အကျိုးပူးပေါင်း၍ Pepsi Cola၊ 7 up၊ Mirinda နှင့်
သောက်ရေသန့်တစ်မျိုးကို ဦးစွာထုတ်လုပ် သွားမည်ဖြစ်ပြီး ပြည်တွင်း ပြည်ပ ဈေးကွက်များသို့
ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

ကိုရီးယားနိုင်ငံအခြေစိုက် LOTTE Chilsung အဖျော်ယမကာကုမ္ပဏီနှင့် MGS ကုမ္ပဏီတို့၏
အကျိုးတူရင်းနှီး မြှုပ်နှံမှုကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဇန်နဝါရီလ ၁၅ ရက်နေ့တွင်
ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သောက်ရေသန့်နှင့် အဖျော်ယမကာများထုတ်လုပ်ဖြန့်ဖြူးရန် LOTTE ကုမ္ပဏီက ရ၀ ရာခိုင်နှုန်းနှင့်
MGS ကုမ္ပဏီက ၃၀ ရာခိုင်နှုန်း အကျိုးတူရင်းနှီးမြှုပ်နှံ လုပ်ကိုင်သွားမည်ဖြစ်ပြီး ကိုရီးယားအချို
ရည်ကုမ္ပဏီက အမေ ရိကန်ဒေါ်လာ ၈၁ သန်းထည့်ဝင်ကာ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်သည်။

ကိုရီးယားနိုင်ငံတွင် Pepsi ထုတ်ကုန် များအား တစ်ဦးတည်းကိုယ်စားလှယ်အဖြစ် ထုတ်လုပ်ဖြန့်
ဖြူးရောင်းချနေ သည့် LOTTE ကုမ္ပဏီသည် နိုင်ငံ ပေါင်း ၃၀ သို့ အချိုရည်မျိုးစုံနှင့် အခြား အဖျော်
ယမကာများ ဖြန့်ဖြူးရောင်းချ နေသည့် ကုမ္ပဏီလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင်းရှိ အချိုရည်ဈေး
ကွက်တွင် ယခင်ကပြည်တွင်းထုတ် အချိုရည်များသာ ဈေးကွက်အတွင်း ရှိခဲ့ကြသော်လည်း ပြီးခဲ့
သည့်နှစ် ဇွန်လဆန်းပိုင်းက ဃသခဃေသူေ အချို ရည်ကို မြန်မာပြည်တွင် ပြီးခဲ့သည့် နှစ်ပေါင်း
၆၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် စတင် ထုတ်လုပ်ဖြန့်ချိခဲ့ ခြင်းကြောင့် ယခုဝင်ရောက်လာ
သည့် Pepsi အချိုရည်ကြောင့် ပြိုင်ဆိုင်မှု များလာမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး