အသေးစားနှင့် အလတ်စားလုပ်ငန်းများကို၊ချေးငွေ ထုတ်ပေးမည်

အသေးစားနှင့် အလတ်စားလုပ်ငန်းများကို၊ချေးငွေ ထုတ်ပေးမည်

ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေထုတ်ပေး နိုင်ရန်
မြန်မာနိုင်ငံဗဟိုဘဏ်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့ ညှိနှိုင်း
ဆွေးနွေးလျှက်ရှိပြီး ၂၀၁၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ကျပ်ငွေ ကျပ် ဘီလျံ ၂၀ ထုတ်ချေးပေးရန်
လျာထားကြောင်း အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးမှုဗဟိုဌာနမှ
ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းမောင်က မြန်မာတိုင်း(မ်) ကို ပြောသည်။

ယင်းသို့ထုတ်ချေးနိုင်ရန် ချေးငွေလျှောက်ထားရာတွင် ကန့်သတ်မှုဖြစ်သည့်အချက်အချို့ ကိုလည်း
ဖြေလျှော့ပေးနိုင်ရန် ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောသည်။

"လောလောဆယ်တော့ ဗဟိုဘဏ်နဲ့ ဗဟိုဌာန တို့ ဆွေးနွေးနေဆဲဖြစ်ပါတယ်။ သူတို့ညှိနှိုင်းဆောင်
ရွက်မှုပေါ်မူတည်ပြီး မြန်မြန်ပေါ်ပေါက် လာမှာပါ။ ပေါ်ပေါက်လာအောင်လည်း ဆောင် ရွက်နေပါ
တယ်။ ဒါ့ပြင် ဖြေလျှော့မှုအပိုင်းတွေကိုလည်း နိုင်ငံတကာစံတွေနဲ့ ချိန်ညှိပြီး လုပ်ဆောင်နေပါ
တယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံသည် လက်ရှိတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်လျှက် ရှိပြီး
ယင်းကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ အကြား ဖွံ့ဖြိုးမှုကွာဟချက် လျော့နည်းရေး၊ အသေးစားနှင့်
အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင် သွားမည်ဟု
ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။

အခြားပုဂ္ဂလိက ဘဏ်ငါးခုကလည်း ပြည်တွင်းအသေးစားအလတ်စားလုပ်ငန်းများကို ယခုနှစ်
အတွင်း ပုံမှန်အတိုးနှုန်းထက်လျော့နည်းပြီး ငွေချေးပေးနိုင်မည့် အစီအစဉ်ကို အကောင်အထည်
ဖော်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စက်မှုလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက
ပြောသည်။

"ပြည်တွင်းမှာရှိတဲ့ အသေးစား အလတ်စား လုပ်ငန်းတွေရဲ့အရေအတွက်နဲ့ ချေးနိုင်မယ့်ပမာဏက
ဘယ်လိုမှ မလုံလောက်ဘူးဖြစ်နေ တယ်"ဟု ၎င်းက ပြောသည်။ ပြည်တွင်းစက်မှု လုပ်ငန်းပေါင်း
၄၈,၀၀၀ ကျော်ရှိရာတွင် အသေးစား၊ အလတ်စားလုပ်ငန်းများမှာ ၉၀ ရာခိုင်နှုန်းရှိပြီး စားသောက်
ကုန်လုပ်ငန်းမှာ ထက်ဝက်ခန့် ရှိသည်။ အဆိုပါလုပ်ငန်းများမှာ အသေးစားနှင့် အလတ်စား စက်မှု
ဖွံ့ဖြိုးရေးဘဏ်တစ်ခုတည်း ၏ ချေးငွေကိုရယူနေရသည်။

အဆိုပါဘဏ်မှာ အတိုးနှုန်းကို ၈ ဒသမ၅ ရာခိုင်နှုန်းသတ်မှတ် ထားသော်လည်း အခြားဘဏ်အများ
စု၏အတိုး နှုန်းမှာ ၁၃ ရာခိုင်နှုန်းဖြစ်ကာ အပေါင်ခံ ပစ္စည်းကန့်သတ်ချက်များပြားမှုကြောင့် ပြည်
တွင်းလုပ်ငန်းရှင်များကသာ ရယူရသောကြောင့် အရင်းအနှီးလိုအပ်ချက်များဖြစ်ပေါ်နေသည်။

ထို့အပြင်ငွေချေးပေးမှုအတွက် သွင်းကုန်ပို့ကုန်ဝန်ဆောင်မှုလုပ်ငန်းများ မပါ၀င်ပဲ ကုန်ထုတ်လုပ်မှု
လုပ်ငန်းကိုသာ ဦးစားပေး လျက်ရှိသည်။ လက်ရှိတွင် အသေးစား အလတ်စား စက်မှု လုပ်ငန်း ဖွံ့
ဖြိုးရေးဘဏ်မှာ ယမန်နှစ် နှောင်းပိုင်းမှ စတင်ပြီး လုပ်ငန်းများအပေါ် ငွေချေးနိုင်မှုပမာဏ လုံလောက်
မှုမရှိတော့ ကြောင်း ဘဏ်အသိုင်းအဝိုင်းမှ သိရသည်။ ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦးက ပြည်တွင်း
ဘဏ်များသို့ ၀င်ရောက်သော စုငွေအချိုးမှာ ၂၀၁၄ ခုနှစ် စာရင်းများအရ စုစုပေါင်း ပြည်တွင်းကုန်
ထုတ်လုပ်မှုတန်ဖိုး (GDP) နှင့် ယှဉ်လျှင် ၁၇ ရာခိုင်နှုန်းမျှသာရှိသည်။ ၂၀၁၄ တွင် တွက်ချက်ထား
သော GDP တန်ဖိုးမှာ ကျပ် ၅၄ ထရီလျံသာရှိပြီး ဘဏ်တစ်ခု၏ ငွေချေးနိုင်မှု ပမာဏမှာ စုငွေ၏
လေးပုံသုံးပုံ သာရှိရာ ကျပ် ခြောက်ထရီလျံသာ ဘဏ်များအနေ ဖြင့် ငွေချေးပေးနိုင်မည်ဖြစ်ကြောင်း
သိရသည်။

"စုငွေအချိုးနဲ့ ယှဉ်လိုက်ရင် ချေးပေးနိုင် တဲ့ပမာဏ အရမ်းနည်းနေသလို လူတိုင်းအနေနဲ့ ပြန်ဆပ်နိုင်
စွမ်းအပေါ်မှာလည်း မူတည်နေ သေးတယ်။ two steps loan အစီအစဉ်နဲ့ ငွေချေးပေးဖို့ကို
စီမံစီးပွားနဲ့ ဗဟိုဘဏ်တို့ ညှိနှိုင်းနေတုန်းပဲ" ဟု ၎င်းကပြောသည်။

ယခုနှစ်လယ်ပိုင်းမှစတင်ကာ two steps loan အစီအစဉ်ဖြင့် ဂျပန်အစိုးရက မြန်မာနိုင်ငံ တော်
ဗဟိုဘဏ်သို့ထောက်ပံ့ခြင်းဖြစ်ပြီး ယင်းမှ တစ်ဆင့် ပုဂ္ဂလိက ဘဏ်ငါးခုက ငွေချေးပေးသွား မည်
ဖြစ်သည်။

"လက်ရှိအတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်း ထက် ထပ်ချမယ်ဆိုရင် ရ ဒသမ ၅ ရာခိုင်နှုန်း လောက်
ဖြစ်ဖို့ အလားအလာလည်းရှိပါတယ်။ ဂျပန်အစိုးရအနေနဲ့ကလည်း သူတို့နိုင်ငံကို ပို့ကုန်တင်ပို့နိုင်
အောင် ချေးတာဖြစ်တဲ့အတွက် အလားအလာရှိတဲ့လုပ်ငန်းတွေကို စစ်တမ်းကောက်ယူနေတယ်။
စားသောက်ကုန်နဲ့ လျှပ်စစ် လုပ်ငန်းတွေက အလားအလာရှိတယ်လို့ ယူဆ ရတယ်။ အပေါင်ခံ
ပစ္စည်း ယူမယူကိုလည်း ညှိနှိုင်း တုန်းအဆင့်ပဲ ရှိပါသေးတယ်"ဟု ၎င်းက ပြောသည်။

သမဝါယမဘဏ်၏ အထွေထွေညွှန်ကြား ရေးမှူးတစ်ဦးက အဆိုပါအစီအစဉ်မှာ ဘဏ် လုပ်ငန်းရှင်
များအသင်းတွင်သာ ရှိနေသေးပြီး သက်ဆိုင်ရာဘဏ်များသို့ စီစဉ်ညွှန်ကြားမှု ရောက်ရှိမလာသေး
ကြောင်း ပြောသည်။

၎င်းတို့ သမဝါယမဘဏ်အပါအဝင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်နှင့်
မြန်မာ့ လယ်ယာစိုက်ပျိုးရေးဖွံ့ဖြိုးရေးဘဏ်တို့ အပြင် အများပိုင်ဘဏ်များကို အဓိကထား ရွေး
ချယ်နိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ "အသေးစား အလတ်စားလုပ်ငန်းတွေ အတွက်ကို
ပေးလည်းပေးသင့်ပါတယ်။ ဒီကိစ္စ ကို ဆွေးနွေးနေတာကြာပါပြီ။ ကူညီပေးမယ် ဆိုတဲ့နေရာမှာ
ဘယ်လိုကန့်သတ်ချက်တွေ ပါမလဲမသိရသေးပါဘူး။ ပုဂ္ဂလိကဘဏ်တွေ ကလည်း ဗဟိုဘဏ်
ထိန်းချုပ်မှုအောက်မှာသာ လုပ်နိုင်မှာပါ" ဟု ၎င်းကပြောသည်။

"တကယ်တမ်းပေးမယ်ဆိုရင် စုငွေအတိုးနှုန်း နဲ့ရော ဘယ်လိုညှိနှိုင်းမလဲ။ နိုင်ငံတကာမှာဆို
အသေးစားနဲ့ အလတ်စားလုပ်ငန်းမှတ်ပုံတင်ထားပြီး တစ်ခုချင်းစီမှာ တသမု လေူကန ဆိုတာ
ရှိတယ်။ ဒီမှာကျတော့ အဲဒါတွေမရှိတဲ့အတွက် စွန့်စားလုပ်ရမယ့် အနေအထားရှိတယ်"ဟု ၎င်းက
ပြောသည်။

စက်မှုလုပ်ငန်းရှင်များ အသင်းဝင်တစ်ဦး ဖြစ်သူ ဧရာဝတီမြေပဲဆီထုတ်လုပ်ရောင်းချသူ ဦးခင်စိုးက
ငွေအရင်းအနှီးအပြင် အခြား အရေးကြီးသောအရာများဖြစ်သည့် နည်းပညာနှင့် ဈေးကွက်ပိုမိုရရှိရန်
လည်း လိုအပ်ကြောင်း ပြောသည်။

"အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် လုပ်ငန်းရဲ့သဘောသဘာဝကို
အရင်နားလည်မှဖြစ်မယ်။ ငွေချေးဖို့ ဆိုရင် လုပ်ငန်းပိုင်ဆိုင်မှုထက် လုပ်ငန်းရဲ့ အလားအလာကိုပဲ
မူတည်ပြီး ဆုံးဖြတ်သင့် တယ်"ဟု ၎င်းက ပြောသည်။

"တိုးတက်ဖို့က စက်ရုံတွေက နဂိုကတည်းက ပြင်ဆင်ထားတွေမဟုတ်ရင် ချေးငွေရယုံနဲ့ စက်မှု
လုပ်ငန်းတွေ တိုးတက်လာဖို့မရှိဘူး။ တိုးတက်ဖို့အတွက်က ချေးငွေကနေ လိုအပ်တဲ့ စက်ကိရိယာ
တွေ ၀ယ်လို့ရလာတဲ့အပေါ်မှာ နည်းပညာတွေ မြှင့်နိုင်ဖို့၊ ဈေးကွက်ရှာပေးနိုင်ဖို့ အတွက် ကဏ္ဍတစ်
ခုချင်းစီက စံနမူနာလုပ်ပေးနိုင်မှရမယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် အမြတ်ရရန်အလားအလာ ရှိသည်ဟု သတ်မှတ်ခံထားရသည့် စားသောက် ကုန်
လုပ်ငန်းများမှာ တင်ပို့ခွင့်ပြုထားသော် လည်း အဆိုပါအားနည်းချက်များကြောင့် ပြည်ပ ဈေးကွက်
သို့ထိုးဖောက်မရနိုင်ဘဲ ရှိနေသေး သည်။ "ပြည်တွင်း၊ ပြည်ပဈေးကွက်မှာ အရေးကြီး ဆုံးက ဆန်ပဲ။
ဆန်ကိုဦးစားပေးပြီး လိုအပ်ချက် တွေထောက်ပံ့ပေးနိုင်မယ်ဆိုရင် ဈေးကွက်အတော်ရလာမယ်။
ပို့ကုန်ဝင်ငွေအတွက်လည်း အများကြီးအထောက်အကူပြုမယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး