နှစ်ငါးဆယ်ကျော်သက်တမ်းရှိ သုံးဘီးများ၊အပ်နှံရမည်

နှစ်ငါးဆယ်ကျော်သက်တမ်းရှိ သုံးဘီးများ၊အပ်နှံရမည်

အနှစ် ၅၀ ကျော် သက်တမ်းရှိ သုံးဘီးယာဉ်များကို သက်ဆိုင်ရာက စာရင်းပြုစုနေခြင်းကြောင့်
၀ယ်လက်များ နယ်မြို့များသို့ဆင်းကာ လိုက်လံ ၀ယ်ယူနေကြ ကြောင်း ကားဈေးကွက်အတွင်းမှ
လုပ်ငန်းရှင်များက ပြောသည်။

"သက်ဆိုင်ရာက နယ်မြို့တွေမှာ အနှစ်ငါးဆယ် သက်တမ်းရှိတဲ့ သုံးဘီးကားတွေကို စာရင်းပြုစု
တာကိုသိတော့ ငွေတတ်နိုင်တဲ့သူ တွေ နယ်တွေထိဆင်းပြီး ဒီကားတွေကို ၀ယ်ယူ လာကြတာ
တွေ့ရတယ်။ ယာဉ်အိုယာဉ်ဟောင်း လဲလှယ်ရေးစနစ်အရ လက်ရှိအအပ်ခံတဲ့ 'အ' အက္ခရာကား
က ရန်ကုန်မှာအအပ်ခံတာ ရာခိုင်နှုန်း ၆၀ ကျော်သွားပြီး နောက်ထပ် ဘယ်ကားတွေ ဆက်ပြီး
အအပ်ခံမယ်ဆိုတာ ကို တော်တော်များများက သိချင်နေကြတယ်။ လက်ရှိ လက်ခံနေတဲ့ကား
တွေပြီးသွားရင် ၁ က တန်းအက္ခရာကားတွေကို ဆက်ပြီးအအပ်ခံမယ်ဆိုတဲ့ သတင်းတွေက ပြီး
ခဲ့တဲ့နှစ်လ လောက်ကစထွက်လာလို့ ၀ယ်တဲ့သူ တော်တော် များများက ဂဏန်းအက္ခရာကားတွေ
ကို ၀ယ် ထားကြတယ်။ အဲဒီလို ၀ယ်ထားတဲ့သူတွေ တောင် အပ်တဲ့အဆင့်မရောက်ခင် သက်ဆိုင်
ရာက Cherry QQ ကားတွေကို အအပ်ခံလိုက် တော့ ပြည်တွင်း ထုတ်ဂျစ်ကားတွေကို ဦးစား ပေး
အအပ်ခံမယ်ထင်ပြီး ၁ က ကားကို ၀ယ်ထား တဲ့ကားပိုင်ရှင်တွေ တော်တော်လေး စိတ်ဓာတ် ကျ
သွားကြတယ်" ဟု ကားဝယ်ရောင်း လုပ်ကိုင် သူ ကိုထွန်အောင်စိုးက ပြောသည်။

ပြည်တွင်းကားဈေးကွက်အတွင်း အနှစ် ၅၀ ကျော်သက်တမ်းရှိ သုံးဘီးကားများကို သက်ဆိုင် ရာ
က အအပ်ခံမည်ဆိုပါက အဆိုပါယာဉ် များအစား မော်တော်ယာဉ်များကို ပြန်လည် တင်သွင်းခွင့်
ပြုသွားမည်ဖြစ်ပြီး သက်ဆိုင်ရာ က စစ်တမ်းကောက်ယူနေချိန်တွင် မန္တလေးမြို့ အတွင်း ပိုင်ရှင်
တစ်ဦးတည်းက သုံးဘီးယာဉ်အစီးရေ ၂၅ စီးခန့်ကို ၀ယ်ယူခဲ့ကြောင်း နိုင်ငံ ပိုင်သတင်းစာတစ်စောင်
တွင် ဖော်ပြခဲ့သည်။

လွန်ခဲ့သည့် အနှစ် ၅၀ ကျော်ခန့်တွင် မြန်မာ နိုင်ငံသို့ ၀င်ရောက်လာခဲ့သော အဆိုပါ သုံးဘီး ယာဉ်
များသည် ယခင်က ရန်ကုန်မြို့သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အဓိကျသည့် အခန်း ကဏ္ဍမှပါ၀င်
ခဲ့ပြီး လေးဘီးနှင့် ဟိုင်းလပ်ယာဉ် များ ထပ်မံဝင်ရောက်ချိန်တွင် နယ်မြို့များသို့ ပြောင်းရွှေ့ခဲ့ရသည်။

နောက်ပိုင်းတွင် ပဲခူး၊ ==မန္တလေးနှင့် မော်လမြိုင်မြို့ကြီးများတွင် ယခု အချိန်ထိ အသုံးပြုလျက်ရှိပြီး
သက်ဆိုင်ရာက ကနဦးခွင့်ပြုပေးခဲ့သည့် ဟ အက္ခရာနံပါတ်ဖြင့် ဆက်လက်အသုံးပြုလျက်ရှိပြီး
မာဇဒါနှင့် ဟမ်းဘီးအမျိုးအစား နှစ်မျိုးသာ တွေ့ရတော့ ကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်
များက ပြောသည်။

ပြည်တွင်းဈေးကွက်တွင် သုံးဘီးယာဉ်တစ်စီး လျှင် ကျပ်သိန်း ၂၀ ၀န်းကျင်ခန့်ရှိပြီး စာရင်းကောက်
ယူမှုပြီးသည့်နောက်ပိုင်းတွင် ၂၅ သိန်းခန့်အထိ ဈေးတက်ခဲ့ကာ ၀ယ်ယူသူများပိုမို စိတ်ဝင်စားလာသဖြင့် ရောင်းချသူများကလည်း ဈေးကောင်းရရှိရန် စောင့်ဆိုင်းနေကြကြောင်း
လုပ်ငန်းရှင်များက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး