အပြောင်းအလဲတွေများပြီး နှစ်သစ်အတွက် အလားအလာ ကောင်းတွေ သယ်ဆောင်လာတဲ့ ၂၀၁၃ ဆန်စပါးဈေးကွက်

အပြောင်းအလဲတွေများပြီး နှစ်သစ်အတွက် အလားအလာ ကောင်းတွေ သယ်ဆောင်လာတဲ့ ၂၀၁၃ ဆန်စပါးဈေးကွက်

၂၀၁၃ ခုနှစ် ဆန်စပါးဈေးကွက်ဟာ မထင်မှတ် ထားတဲ့ အပြောင်းအလဲတွေနဲ့ ဒီလောကရဲ့ စံချိန်
တင်ဈေးနှုန်း မြင့်တက်မှုတွေကြောင့်လည်း အတော်လေးကို လှုပ်လှုပ်ရှားရှားဖြစ်ခဲ့တယ်လို့ ပြောနိုင်
ပါတယ်။

ပြည်တွင်းဆန်ဈေး အတော် အတန်မြင့်တက်ခဲ့တာကြောင့် နိုင်ငံတကာကို သင်္ဘောနဲ့ တင်ပို့တဲ့
ကုန်သည်တွေထက် နယ်စပ် ကနေ တင်ပို့တဲ့ကုန်သည်တွေက အကျိုးအမြတ် ပိုများခဲ့ပါတယ်။
စပါးစိုက်တောင်သူတွေလည်း ပြီးခဲ့တဲ့နှစ်တွေကလို အရှုံးမပေါ်ခဲ့ဘူးလို့ ကျွမ်းကျင်သူတွေက သုံး
သပ်ပါတယ်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်းမှာ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းအရရော နယ်စပ်ကုန်သွယ်
ရေးအရပါ တင်ပို့ခဲ့တဲ့ ဆန်တန်ချိန်ပေါင်း ၁ ဒသမ ၅ သန်းရှိ ကြောင်း မြန်မာနိုင်ှု ဆန်စပါးအသင်း
ချုပ်ရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။ ပြည်ပကို ဆန်တင်ပို့မှုက ထင်ထားတာထက်
ပိုများခဲ့ပြီး သင်္ဘောတင်ဈေး တစ်နည်းအားဖြင့် နိုင်ငံတကာဈေးကလည်းကျတဲ့အတွက် ပြည်ပ
ကိုကြိုရောင်းထားတဲ့သူတွေ အရှုံးပေါ်ခဲ့တဲ့ နျစ်တစ်နှစ်လည်း ဖြစ်ပါတယ်။

လာမည့် ၂၀၁၄ မှာလည်း နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းကနေ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်
ကို တရားဝင် ဆန်စပါးတင်ပို့နိုင်ဖို့ အစိုးရချင်းသာမက ကုန်သည်အသင်းတွေကပါ စတင်ညှိနှိုင်းနေ
ပြီး တရုတ်နိုင်ငံရဲ့စက်မှု လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာမှုက မြန်မာ နိုင်ငံနဲ့ ဆန်စပါးကုန်သွယ်မှု
အတွက် အရေးကြီး တဲ့ ထွက်ပေါက်တစ်ခုဖြစ်လာနိုင်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က
ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ကိုနေလင်းဇင်က သုံးသပ်ပါတယ်။

"ကျွန်တော်တို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ယူနန်ပြည်နယ်တစ်ခုတည်းမှာတင် လူဦးရေက သန်း
၁၅၀ လောက် ရှိတယ်။ ဒီတော့ သူတို့နိုင်ငံ မှာက လယ်ယာ အထွက်နှုန်းက တဖြည်းဖြည်း လျော့
နည်းလာပြီး စားသုံးမှုကသာတိုးလာတော့ မြန်မာပြည်က ထွက်သမျှ ပို့ရင်တောင် လောက်မှာ
မဟုတ်ဘူး။ သူတို့လည်း အခုဆို မြန်မာပြည်ကနေ တရားဝင်ခွဲတမ်းတစ်ခုခွဲပြီး ၀ယ်နေတာတွေ
ရှိနေပြီ" လို့ ၎င်းက ပြောတယ်။

နွေစပါးစပေါ်ချိန် မေလထဲကစပြီးတော့ ဆန်ဈေးအတော်အတန်မြင့်လာပြီး စက်တင်ဘာလလမှာ
ဆန်ဈေးက နျစ်ငါးဆယ်အတွင်း အမြင့်ဆုံးစံချိန်တင်ခဲ့ပေမယ့်လည်း နိုင်ငံတော် လမ်းညွှန်မှုနဲ့ ၂၀၁၂
ခုနှစ်ကနေ စတင်ပြီး ပုဂ္ဂလိက အခန်းကဏ္ဍက ဆောင်ရွက်ခဲ့တဲ့ နိုင်ငံတော်အရန်ဆန်ထားရှိခဲ့မှုက
ဆန်ဈေးနငန်း ပြန်လည် တည်ငြိမ်အောင် ထိန်းညှိပေးနိုင် ခဲ့ပြီး တောင်သူတွေအပျက်အစီးနည်းပြီး
စပါး ဈေးကောင်းလို့ အကျိုးဖြစ်ထွန်းခဲ့တယ်လို့ လည်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

"၂၀၁၃ ခုနှစ်ရဲ့ မိုးတွင်းမှ လယ်တွေရေမြုပ်ပျက်စီးမှုက ၁၀ ရာခိုင်နှုန်းလောက်ရှိခဲ့တယ်။ ဒါပေမဲ့
နွေစပါးပေါ်ချိန်မှာ ဆန်ဈေးတက်ခဲ့တော့ အရင်နှစ်တွေကလိုတော့ တစ်နှစ်ပတ်လည်အတွက်
အကြွေးတင်တာမျိုးတွေမရှိဘူး" ဟု လွတ်လပ်သော တောင်သူလယ်သမားများ သမဂ္ဂဥက္ကဋ္ဌ
ဦးသိန်းအောင်က မြန်မာတိုင်း(မ်) ကို ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ တစ်နှစ်ကို ဆန်စပါးတန်ချိန်ပေါင်း ၁၆ သန်း ကျော်
ထွက်ရှိပြီး နိုင်ငံသားတစ်ယောက်ကို ပျမ်းမျှ ကီလို ၂၀၀ (ဆန်လေး အိတ်) နီးပါးရှိတာကြောင့်
ပြည်တွင်းပုံမှန်စားသုံးမှုက ၁၂ သန်း ကနေ ၁၄ သန်းကြားရှိပြီး လက်ကျန်တန်ချိန်နှစ်သန်းကို
ပြည်ပကိုတင်ပို့နေရကြောင်းလည်း ကိုနေလင်းဇင်က ပြောပါတယ်။

နိုင်ငံတကာ ဆန်ဈေးကွက်မှာလည်း ပြီးခဲ့တဲ့ နှစ်မှာ ထူးခြားချက်အဖြစ် လွန်ခဲ့တဲ့ ဆယ်စုနှစ်
တစ်ခုကျော်ကြာ ကမ္ဘာ့ဆန်တင်ပို့မှုမှာ ထိပ်ဆုံး အဖြစ် နံပါတ်တစ်နေရာ ရပ်တည်ခဲ့တဲ့ ထိုင်းနိုင်ငံ
ဟာ နှစ်စဉ် တန်ချိန် ၁၀ သန်းကနေ ၁၂ သန်းကြားတင်ပို့နေရာကနေ ၂၀၁၃ မှာ ၆ ဒသမ ၈ သန်း
နဲ့ တတိယနေရာကို ကျသွားပြီး ဗီယက်နမ်နိုင်ငံက တန်ချိန်ပေါင်း ရ ဒသမ ၅ သန်းနဲ့ ပထမနေရာ
ကို ရောက်ခဲ့ကြောင်း ကျွမ်းကျင်သူတွေက ပြောပါတယ်။

နိုင်ငံတကာ ကုန်သွယ်မှုမှာ အရည်အသွေးတူရင် ဈေးနှုန်းကွာခြားချက်နဲ့သာ ဆုံးဖြတ်ပြီး ရောင်း
၀ယ် ဖောက်ကားကြတာကြောင့် ထိုင်းနိုင်ငံမှာ စတင် ကျင့်သုံးတဲ့ပေါ်လစီအသစ်ကြောင့် ဆန်ဈေး
နှုန်း မြင့်တက်မှုက ဗီယက်နမ်နဲ့ ပါကစ္စတန်နိုင်ငံ တွေကို ဈေးကွက်ဝေစု ဖဲ့ပေးလိုက်ရတဲ့ အခြေ
အနေသို့ရောက်သွားကြောင်းလည်း သုံးသပ် ကြပါတယ်။

လတ်တလောမှာလည်း ထိုင်းနိုင်ငံ မှာဖြစ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ထိုင်းအနေနဲ့
ဆန်တင်ပို့မှုကို ထိထိရောက်ရောက် လုပ်ဆောင်နိုင်မယ့်ပုံ မပေါ်သေးပါဘူး။ လက်ရှိ ၂၀၁၄ ခုနှစ်
နှစ်ဆန်းပိုင်းမှာတင် ပြည်ပတင်ပို့တဲ့ဆန်ဈေးက တစ်တန်ကို ပြီးခဲ့တဲ့ နှစ်ဈေးထက် နှစ်သောင်း
လောက်မြင့်တက်နေ တော့ တောင်သူလယ်သမားတွေမျှော်မှန်းထား တဲ့ဈေးကို မရောက်သေး
သည့်တိုင် အလား အလာကောင်းများရှိနေကြောင်းနဲ့ လက်ရှိ နည်းဥပဒေရေးဆွဲနေတဲ့ တောင်
သူလယ်သမားအခွင့်ကာကွယ်ရေးနဲ့ အကျိုးစီးပွားဥပဒေဟာ အမှန်တကယ် တောင်သူအကျိုး
အတွက် ချမှတ် ထားခဲ့တဲ့ ရည်ရွယ်ချက်ငါးရပ်အတိုင်း အကောင် အထည်ဖော်နိုင်မယ်ဆိုပါက
အလွန်အလားအလာကောင်းကြောင်း ဦးသိန်းအောင်က သုံးသပ်ပါတယ်။

"မနှစ်က ဒီအချိန်မှာ ဧည့်မထတစ်တန်ကို သုံးသိန်းသုံးသောင်းလောက်ပဲ ပေါက်တယ်။ ဒီနှစ်
လက်ရှိဈေးကတော့ သုံးသိန်းခွဲကျော် လောက်တော့ရှိနေပါပြီ။ မှန်းထားတဲ့ လေးသိန်း နီးပါးကို
မရောက်သေးပေမယ့် မနှစ်ကထက် စာရင်တော့ တော်သေးတာပေါ့။ မိုးစပါးလည်း မိုးဦးမှာ မပျက်
စီးခဲ့တော့ အလားအလာကောင်း တွေ ရှိပါတယ်" ဟု ၎င်းက ပြောပါတယ်။ ယခုနှစ်အတွင်း ဆန်
စပါးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုသွားရန်ရှိခြင်းနျင့် အမေရိကန်နိုင်ငံ၏ အထူး
အခွန်ကင်းလွတ်ခွင့် ကိုရရှိနိုင်ရန်အလားအလာကောင်းများ ရှိခြင်း ကလည် ယင်းကဏ္ဍကြီးတစ်ခု
လုံးအတွက် အပြောင်းအလဲကောင်းများ ဖြစ်လာနိုင်သော် လည်း ယခင်နှစ်စံချိန်တင် တင်ပို့ခဲ့မှုကို
မမီနိုင် ကြောင်းနဲ့ နိုင်ငံတကာရဲ့ရိုက်ခတ်မှုကိုလည်း အနည်းှုယ်ခံရနိုင်ဖွယ်ရှိကြောင်း ကိုနေလင်းဇင်
က သုံးသပ်ပါတယ်။

"ဒီ ၂၀၁၄ မှာ နိုင်ငံတကာဈေးလည်းကျနေ တော့ကျွန်တော်တို့က အခုဥရောပသမဂ္ဂ ကနေ ရရှိ
ထားတဲ့ အထူးအခွန်ကင်းလွတ်ခွင့်ကို မျှော် ပြီး ၀ယ်ချင်တဲ့ ရုရှားနဲ့ ဥရောပနိုင်ငံတွေအပြင် အမေ
ရိကားကို အဓိကတင်ပို့ဖို့နဲ့ အရည် အသွေးမြင့် ဈေးကွက်ရဖို့ကို ကုန်သည်တွေ ကြိုးစားနေကြပါ
တယ်။ အလားအလာကောင်း တွေလည်းရှိနေတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သက်တမ်းသုံးနှစ်အတွက် ချမှတ်ထားသော မူဝါဒ ၁၅
ရပ်အနက်မှ ပထမနှစ်သက်တမ်းအတွင်း ပေါ်ဆန်းကို မျိုးသတ်မှတ်ပြီး ကမ္ဘာ့ အသိအမှတ်ပြု
မှတ်ပုံတင်ရန် ကြိုးစားလျက် ရှိခြင်း၊ ဲမန်မာနိုင်ငံ၏ လက်ရှိ အဓိကမျိုးကွဲ ပေါင်း ၁၀၀ ကျော်ကို
နိုင်ငံတကာတန်းဝင် စပါးမျိုး ၁၀ မျိုးရွေးပြီး မျိုးသန့်ရန်နဲ့ ဈေးကွက် ၀င်ရန် ဆောင်ရွက်နေခြင်းနဲ့
စက်မှုလယ်ယာ သို့ အမြန်ဆုံးကူးပြောင်းနိုင်ရန် ကြိုးပမ်းလျက် ရှိခြင်းတို့က ဆန်စပါးကဏ္ဍအတွက်
အလား အလာကောင်းများ ဖြစ်ပေါ်လာစေနိုင်ကြောင်း တင်ပြလိုက်ရပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး