မြန်မာကုမ္ပဏီများ အက်ဥပဒေမူကြမ်း မေလအတွင်း၊လွှတ်တော် သို့ တင်သွင်းသွားနိုင်မည်

မြန်မာကုမ္ပဏီများ အက်ဥပဒေမူကြမ်း မေလအတွင်း၊လွှတ်တော် သို့ တင်သွင်းသွားနိုင်မည်

အသစ်ပြင်ဆင်ရေးဆွဲထားသော မြန်မာကုမ္ပဏီ များ အက်ဥပဒေမူကြမ်းမှာ ယခုနှစ် မေလ အတွင်း
လွှတ်တော်အစည်းအဝေးသို့တင်နိုင်မည်ဖြစ်ကြောင်း ဥပဒေတွင် ပါ၀င်ရေးဆွဲသူများက ပြောသည်။

မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၁၀၀ နီးပါး ကျင့်သုံးခဲ့သော မြန်မာနိုင်ငံကုမ္ပဏီများ အက် ၁၉၁၄ မှာ
ခေတ်စနစ်နှင့်အံ့ဝင်မှုမရှိတော့ သော ကြောင့် ယင်းဥပဒေကို အာရှဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်
ကာ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် သက်ဆိုင်ရာဌာနများ
ပူးပေါင်းအသစ်ရေးဆွဲခြင်း ဖြစ်သည်။

"မေလမှာ မူကြမ်းကို လွှတ်တော်ကို တင်ပြနိုင်မယ်။ အခုလက်ရှိကျင့်သုံးနေတဲ့ ဥပဒေအတိုင်းဆို
ရင် ပြီးမြောက်အောင်လုပ်နေရတဲ့လုပ်ငန်းစဉ်တွေကများပြီး တရားရုံးသွားရတဲ့ ကိစ္စတွေကလည်း
တော်တော်လေးများနေတာ ကို တွေ့ရတယ်။ မှတ်ပုံတင်တဲ့အခါမှာလည်း လွယ်လွယ်ကူကူပြီး
ရမှာကို မလိုအပ်ဘဲလုပ်နေ ရတဲ့ အဆင့်တွေကများနေသလို အခုခေတ်နဲ့ အသင့်လျော်ဆုံးစနစ်
ဖြစ်တဲ့ အွန်လိုင်းကနေ မှတ်ပုံတင်ဆောင်ရွက်လို့ရတာမျိုးလည်း မရှိ သေးဘူး။ အဲဒီလိုအချက်တွေ
ကြောင့် နိုင်ငံတ ကာနဲ့လည်း အလှမ်းမီအောင် ခေတ်ကာလ နဲ့လည်း လိုက်လျောညီထွေမှုရှိအောင်
ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရှေ့လျှောက် အဆင်ပြေဖို့ ရည်ရွယ်ပြီး ပြင်ဆင်ဖို့ကြိုးစားနေရတာပါ" ဟု
ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှူ ဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးအောင်နိုင်ဦးက
ပြောသည်။

အဆိုပါဥပဒေ ပြင်ဆင်ရန်နှင့်ပတ်သက်၍ ယမန်နှစ်လယ်ပိုင်းက လွှတ်တော်အစည်းအဝေး များမှ
စတင်ကာ အကြံပြုလာခဲ့ပြီးနောက် ပြန်လည်ပြင်ဆင်ခြင်း ဖြစ်သည်။ မူလဥပဒေမှာ အင်္ဂလိပ်ခေတ်
က ရေးဆွဲခဲ့ခြင်းဖြစ်ရာ ဥပဒေကျောရိုးအရ ကောင်းမွန်သော်လည်း ခေတ်ကာလအရ အရေး
အသား ရှုပ်ထွေးနေခြင်း၊ အင်္ဂလိပ်ဘာသာ ဖြင့်သာ ရှိခြင်း စသည့်အချက်များရှိကြောင်း နိုင်ငံ
တကာ ဥပဒေအဖွဲ့အစည်းဖြစ်သော ုနူလငည ဃ့ငေ ရန်ကုန်ရုံး၏ မြန်မာနိုင်ငံသား ရှေ့နေ
ဦးသန်းမောင်က ပြောသည်။

"ဒီဥပဒေ မူကြမ်းကို မေလအတွင်း လွှတ်တော်မှာ တင်မယ်ဆိုရင် ဒီလောက်အထိ မြန်မြန်ဆန်ဆန် ရေးဆွဲတင်ပြနိုင်တဲ့အတွက် တော်တော်သဘောကျဖို့ ကောင်းပါ
တယ်။ အများပြည်သူကို ထုတ်ပြန်တဲ့အဆင့်ကျရင်လည်း ပြည်သူတွေ အသေအချာ လေ့လာနိုင်
မှာပါ"ဟု ၎င်းကပြောသည်။

ထို့ပြင် အဆိုပါဥပဒေနှင့် စပ်လျဉ်းသည့် မြန်မာအထူးကုမ္ပဏီများအက် ၁၉၅၀ ကိုလည်း တစ်ပေါင်း
တည်း ဖြစ်စေရန် မြန်မာကုမ္ပဏီ အများ ဥပဒေတွင် အခန်းတစ်ခန်း ပါ၀င်ရေးဆွဲ သင့်ကြောင်း ၎င်း
ကပြောသည်။

"လက်ရှိ ကုမ္ပဏီဝင်ရောက်လုပ်ကိုင်လိုသူ တွေ အဓိကအခက်အခဲတွေ့နေရတာ ဥပဒေ ကြောင့်
သက်သက်ပဲ မဟုတ်ပါဘူး။ လုပ်ထုံး လုပ်နည်းတွေ မလိုအပ်ဘဲ ကြန့်ကြာပြီး အဆင့် များတာတွေ
ဖြစ်နေပါတယ်။ ဒါပေမဲ့ ကိုယ့်ကို နိုင်ငံတကာက လိုအပ်ချက်တွေရှိတယ်လို့ ယူဆတိုင်းလည်း မှား
တယ် မှန်တယ် မပြောနိုင် ပါဘူး။ ည့ံတယ်လို့ မယူဆစေချင်ပါဘူး။ တစ်ဖက်နိုင်ငံက ဒီဘက်က
အခြေအနေတွေကို မငဲ့ကွက်ပဲ ပြောနေတာတွေလည်း ရှိတယ်"ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး