ကားဈေးကွက်သို့ ဂျပန်ကားများသာမက တရုတ်ကားများ ပါ၀င်လာ

ကားဈေးကွက်သို့ ဂျပန်ကားများသာမက တရုတ်ကားများ ပါ၀င်လာ

သက်ဆိုင်ရာက ဆက်လက်အပ်နှံရန် ကြေညာ သွားမည့် မော်ဒယ်အက္ခရာနှင့် ပြောင်းလဲလာ
သည့် ပေါ်လစီပေါ်မူတည်၍ ဈေးကွက် အတွင်း အရောင်းအဝယ် လုပ်ကိုင်လျက် ရှိသည့်နည်းတူ
ဂျပန်ကားများ အကြိုက်များ သည့် ပြည်တွင်းဈေးကွက်အတွင်း တရုတ်နိုင်ငံ ထုတ် ကားများလည်း
၀င်ရောက်လာကြောင်း ဈေးကွက်အတွင်းမှ ၀ယ်ရောင်းလုပ်ငန်းရှင် များက ပြောသည်။

အစိုးရ၏ ပြည်တွင်းရှိ သက်တမ်းလွန် ကားများကို ပြည်ပမှမော်ဒယ်မြင့်ကားများနှင့် အစားထိုးလဲ
လှယ်သည့်စနစ်အရ လတ်တလော တွင် အက္ခရာစဉ်တစ်ခု ကုန်ဆုံးသွားပြီ ဖြစ် သည်။ ကားဈေး
ကွက်အတွင်း ထိုသို့ အက္ခရာစဉ် တစ်ခုကုန်သွားပါက နောက်ထပ် မည်သည့်အက္ခရာအမျိုးအစား
များကို ထပ်မံလဲလှယ်ရန် ကြေညာမည်ကို ကားလောကသားများအားလုံး စောင့်ကြည့်တတ်ကြ
ကြောင်း လုပ်ငန်းရှင်များ က ပြောသည်။

ထိုသို့စောင့်ကြည့်သူများတွင် အများစုမှာ ငွေကြေးတတ်နိုင်သူများ ဖြစ် ကြောင်းလည်း ကားဝယ်
ရောင်းများက ပြောသည်။ "ကားတွေအပ်ဖို့ စပြီးကြေညာတုန်းက ဆိုရင် ငွေတတ်နိုင်တဲ့သူတွေ
ဈေးကစားခဲ့လို့ ကားဈေးကွက်ထဲမှာ စလစ်ဈေးတွေ အဆမတန် တက်ခဲ့တယ်။ အဲဒါကို အစိုးရက
မူဝါဒတစ်ခုနဲ့ ပြောင်းလိုက်ပြီး တစ်ဦးချင်း တင်သွင်းခွင့်ရတဲ့ ပါမစ်တွေထုတ်ပေးတဲ့အချိန်မှာ အဆ
မတန် တက်နေတဲ့စလစ်ဈေးကွက်လည်း ပျက်သွား တယ်။ အဲဒီလို ဖြစ်သွားတဲ့အချိန်မှာ ငွေတွေ
ပုံအောသုံးပြီး ဈေးကွက်မှာ စလစ်ဈေးကစားနေကြတဲ့သူအများစု စလစ်ဈေးကွက်ပျက်လို့ ရူးမတတ်
ခံစားခဲ့ကြရသလို လိမ်လည်မှုတွေပါ ဖြစ်ခဲ့တဲ့အထိပဲ"ဟု ကားဝယ်ရောင်း လုပ်ကိုင် သူ ဦးမင်းညွန့်
က ပြောသည်။

ကားဈေးကွက်အတွင်း ငွေကြေးတတ်နိုင်သူများ၏ ဈေးကစားမှုများမှာ လပိုင်းမျှသာရှိခဲ့ပြီး သက်
ဆိုင်ရာကပြောင်းလဲလိုက်သည့် မူဝါဒအလှည့်အပြောင်းကြောင့် နောက်ဆုံး တွင် အရှုံးပေါ်ခဲ့ကြောင်း
ကားဝယ်ရောင်းများ က ပြောသည်။

၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက်နေ့တွင် သက်တမ်း အနှစ် ၄၀ ကျော်ရှိ 'စ၊ ဆ၊ ဇ' အက္ခရာ
ကားများကို အပ်နှံခွင့်ပြုခဲ့သည့်အချိန်မှစတင်ပြီး ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့ထိ
အက္ခရာစဉ် 'အ' အက္ခရာအထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပ်နှံခဲ့ သည့်ယာဉ်အစီး
ရေပေါင်း ၁၁၉,၉၄၀ ရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ကြေ
ညာခဲ့သည်။

ဂျပန်နိုင်ငံထုတ် ကားများကိုသာ လူကြိုက် များသော မြန်မာ့ကားဈေးကွက်အတွင်း ဈေး နှုန်းအရ
တရုတ်နိုင်ငံထုတ် ကားသစ်တစ်စီး မှာ ဂျပန်နိုင်ငံထုတ် တစ်ပတ်ရစ် ကားတစ်စီးဈေးနှင့်ညီမျှပြီး
သိသာသည့်ဈေးနှုန်းကွာခြား ချက်အရ ကားသစ်စီးလိုသူများ စိတ်ဝင်စားလာ နိုင်ခြင်းကြောင့်
တရုတ်ကားများ ဈေးကွက်အတွင်း နေရာရလာနိုင်ကြောင်း ကားလုပ်ငန်း ကျွမ်းကျင်သူများက
ခန့်မှန်းသည်။

"ဂျပန်က တစ်ပတ်ရစ်ကားကို စီးမယ့်အစား တရုတ်နိုင်ငံထုတ်မော်ဒယ်မြင့်ကားကို စီးချင်သူ
ပိုများနိုင်တယ်။ နောက်ပိုင်း အခွန်ကောက်တာ တွေ လျော့သွားရင် ဂျပန်ကားနဲ့ တရုတ်ကားဈေး
က သိသိသာသာ မကွာလောက်တော့ဘူး။ နောက်ဆို ဂျပန်ကားတစ်စီးကိုတောင် သိန်း ရ၀
လောက်နဲ့ ၀ယ်နိုင်မယ်။ ကားတွေကို အရစ်ကျစနစ်နဲ့ ရောင်းပေးတာ ကောင်းတယ်။ အရှေ့
တောင်အာရှမှာ ကားကို လက်ငင်းဝယ်ရတာဆို လို့ မြန်မာနိုင်ငံတစ်နိုင်ငံပဲ ရှိတော့တယ်။
နောက် ပိုင်း ကုမ္ပဏီတွေများလာရင် အရစ်ကျစနစ်နဲ့ ရောင်းတာတွေလည်း များလာလိမ့်မယ်"
ဟု ကားဝယ်ရောင်းကို အနှစ် ၂၀ ကျော်ကြာ လုပ်ကိုင်ခဲ့သူတစ်ဦးက ပြောသည်။

ကားကုမ္ပဏီတစ်ခုဖြစ်သည့် ဗြှုဃ ကုမ္ပဏီ သည် ပြည်တွင်းလုပ်ငန်းတစ်ခုဖြစ်သော အောင်ကမ္ဘာ
ကားရောင်းဝယ်ရေးနှင့် ပူးပေါင်း ကာ မြန်မာ့ကားဈေးကွက်သို့ ပထမဆုံးအကြိမ် စတင်ဝင်ရောက်
ခဲ့ပြီး ဇန်နဝါရီလ ၂၆ ရက်နေ့က အရောင်းပြခန်းကို ကမ္ဘာအေးဘုရားလမ်းနှင့် နတ်မောက်လမ်း
ထောင့်တွင် ဖွင့်လှစ်ခဲ့သည်။

ဒေသန္တရအနေအထားအရ မြန်မာနိုင်ငံ သည် အရှေ့တောင်အာရှ ကားဈေးကွက်တွင် အလား
အလာကောင်းသည့် ဈေးကွက်ကောင်းတစ်ခုဖြစ်နိုင်သည်ဟု ယူဆထားသည့်အတွက် အာဆီယံ
ဈေးကွက်ကိုထိုးဖောက်နိုင်ရန် မြန်မာ နိုင်ငံတွင် ခြေကုပ်ယူကာ ကြိုးစားသွားမည် ဖြစ်ကြောင်း
BAIC ကုမ္ပဏီ၏ ဥက္ကဋ္ဌ မြ.ီသညါ ံငေ ့ညေါ က အရောင်းပြခန်း ဖွင့်လှစ်ပွဲတွင် ပြောသည်။

"ဒေသတွင်း လိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးသွားမယ့် ရည်ရွယ်ချက်နဲ့ မြန်မာကား ဈေးကွက်
ကို ၀င်ရောက်လာပါတယ်။ ကျွန်တော်တို့ ကားတွေကို ဈေးကွက်ထဲမှာ ယှဉ်ပြိုင်နိုင်တဲ့ နည်းပညာ၊
ဘေးအန္တရာယ် ကင်းရှင်းစေမယ့် အဆင့်မြင့်နည်းပညာနဲ့ ပတ်ဝန်းကျင်နဲ့ သဟ ဇာတဖြစ်စေနိုင်တဲ့
ထုတ်ကုန်တွေနဲ့ ပြုလုပ်ထားပါတယ်" ဟု ၎င်းက ပြောသည်။

ထိုကဲ့သို့ တရုတ်ကားများ ဈေးကွက်အတွင်း ၀င်ရောက်လျက်ရှိသော်လည်း ယာဉ်အို ယာဉ်ဟောင်း
လဲလှယ်ရေး အစီအစဉ်အရ အစားထိုး တင်သွင်းသည့် ယာဉ်အများစုမှာ ဂျပန်နိုင်ငံ ထုတ်ကားများ
ဖြစ်သည်။

လက်ရှိအပ်နှံလျက် ရှိသည့် 'အ'အက္ခရာ ပြီးလျင် နောက်ထပ်အပ်နှံခံမည့်အက္ခရာမှာ ပြည်တွင်း
သို့ရောက်ရှိသည့် နှစ်ဖြင့် တွက်မည်ဆိုပါက '၁ က' အက္ခရာယာဉ် ဖြစ်ခြင်းကြောင့် ဈေးကွက်
အတွင်း အဆိုပါ ယာဉ်များကို ၀ယ်ယူစုဆောင်းသူ များလာ ကြောင်း၊ ထိုသို့ဝယ်ယူသူများလာချိန်
တွင် ပြည်တွင်းသို့ ရောက်ရှိသက်တမ်း နှစ်နှစ်သာရှိသေးသည့် ချယ်ရီကျူကျူကားများကို အပ်နှံ
ခွင့်ပြုခဲ့ခြင်းကြောင့် ဆက်လက်အအပ်ခံမည့် အက္ခရာ နှောင့်နှေးခဲ့ရကြောင်း ကားဝယ်ရောင်း
လုပ်ကိုင်သူများက သုံးသပ်သည်။

"ဈေးကွက်ထဲမှာ '၁ က' အက္ခရာကားတွေကို အဝယ်လိုက်နေတဲ့အချိန်မှာ ဒီကားတွေကို အအပ်ခံ
လိုက်တော့ အရောင်းအဝယ် ထိုင်းသွားတယ်။ ဒီကားတွေအများစုက အငှား ယာဉ်တွေ များတယ်။
ဒီတော့ ၀ယ်တဲ့သူတွေ က ဈေးကွက်ထဲကပေါက်ဈေး ၆၅ သိန်းနဲ့ တက္ကစီစလစ်ရရင်ပြီးရောဆိုပြီး
၀ယ်ကြလို့ ပြီးခဲ့တဲ့လ ပိုင်းလောက်က အရောင်းအဝယ်ဖြစ်ခဲ့သေး တယ်။ '၁ က' အက္ခရာကား
အလှည့်လာ မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ၀ယ်စုနေတဲ့သူတွေ လည်းရှိသေးတယ်" ဟု ကားအရောင်း
အဝယ်လုပ်ကိုင်လျက်ရှိသူ ကိုတင်အောင်စိုး က ပြောသည်။

တစ်နိုင်ငံလုံးအတိုင်းတာအထိ အပ်နှံပြီးစီး သည့်မော်တော်ယာဉ် ၁၁၉,၉၄၀ တွင် ရန်ကုန် တိုင်း
ဒေသကြီး၌ ၆၄,၄၃၂၊ မန္တလေးတိုင်း ဒေသကြီးအတွင်း အစီး ၂၅,၀၀၀ ရှိပြီး လေလံမော်တော်ယာဉ်
၆,၆၅၉ စီးနှင့် အငှားယာဉ် ၁၂,၀၀၀ ကျော်ရှိပြီ ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး