မူဆယ်လမ်းကြောင်းမှ တရားမဝင်ကုန်သွယ်မှု အဆမတန် မြင့်တက်နေ

မူဆယ်လမ်းကြောင်းမှ တရားမဝင်ကုန်သွယ်မှု အဆမတန် မြင့်တက်နေ

နယ်စပ်ကုန်သွယ်ရေးဇုန် အားလုံးတွင် ကုန်သွယ်မှု အများဆုံးဖြစ်သော မူဆယ်လမ်းကြောင်းမှ
ပြည်တွင်းထွက် သယံဇာတများဖြစ်သော ကျွန်းသစ်နှင့် ကျောက်မျက်ကဲ့သို့ အဖိုးတန် ပစ္စည်းများ
တရားမဝင် ကူးသန်းရောင်းဝယ်မှု မှာ မခန့်မှန်းနိုင်လောက်သည့်ပမာဏတွင် ရှိနေ ကြောင်း စီးပွား
ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများက ပြောသည်။

၂၀၀၆ ခုနှစ်တွင် တရားဝင် စတင်ဖွင့်လှစ် လိုက်သည့် မူဆယ်ကုန်သွယ်ရေးဇုန် လမ်းကြောင်း ရှိ
ကုန်စည်များအနက် တရုတ်နိုင်ငံဘက်က ကျောက်စိမ်းအတွက် ကုန်သွယ်မှုအခွန်ကို ၂၀၁၁ ခုနှစ်
မှစတင်ခါ ၃၀ ရာခိုင်နှုန်းကျော် တိုးမြှင့်ကောက်ခံလိုက်ခြင်းကြောင့် ကျောက်စိမ်း တရားမဝင် သယ်
ယူမှု ပိုမိုများပြားလာခဲ့ သည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ တစ်နေ့တည်းမှာပင် ကုန်သွယ်ရေးဇုန်မှ ဖြတ်ကျော်သည့်ကားသုံးစီးပေါ်မှ
တစ်တန် အလေးချိန်ရှိ ကျောက်စိမ်း တုံးနှင့် လည်ဆွဲများကို ဖမ်းဆီးမိခဲ့ပြီး ကျောက် စိမ်းတုံး၏
ခန့်မှန်းတန်ဖိုးငွေမှာ ကျပ် ၃ ဒသမ ရ ဘီလျံရှိပြီး လည်ဆွဲ ၄၀ ကျော်ကိုမူ တန်ဖိုးခန့် မှန်း၍ မရနိုင်
သေးကြောင်း တရားမဝင်ကုန် သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ မှ တာဝန်ရှိသူတစ်ဦး
က ပြောသည်။

၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ကျောက်စိမ်းဖမ်းဆီးရမိမှု ၄၀ ကျော် ရှိပြီဖြစ်သည်။ ထို့ပြင် တရုတ်
နိုင်ငံဘက်မှ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုစာရင်း တရားဝင်ရနိုင်မှု မရှိခြင်းကြောင့် စုစုပေါင်းကုန်သွယ်
မှုကို ခန့်မှန်းရ ခက်ကြောင်းလည်း ၎င်းကပြောသည်။

"တရားမဝင် သယ်တဲ့အခါ မူဆယ်မှာရှိတဲ့ ရှောင်ကွင်းလမ်းငါးခုကနေ သွားသလို ကုန်သွယ်ရေးဇုန်
ကနေ အိမ်စီးကားတွေနဲ့ ဖြတ်လာ တာမျိုးလည်း ရှိတယ်"ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

"နှစ်သစ်ကူးပွဲ မတိုင်ခင် တစ်လလောက်ကတည်းက မှောင်ခိုထွက်နေတာ တွေ့ရတယ်။ မူဆယ်
နယ်စပ်ကနေဖြတ်လိုက်ရင် ကျယ်ဂေါင် ကို လွတ်လပ်တဲ့ဇုန်အဖြစ်လွှတ်ပေးထားတော့ ကျယ်ဂေါင်
မှာ မစစ်သေးဘဲ ရွှေလီဂိတ်ရောက်မှ စစ်ဆေးရေးဂိတ်ရှိတယ်။ အဲဒီဂိတ်ရောက်မှအချက်အလက်
တွေ စယူတယ်။ ဒါကြောင့် စာရင်းအပြည့်မရနိုင်ဘူး။ နောက်တစ်ချက်က ယွမ် ၅,၀၀၀ ဖိုးအောက်
ကို မစစ်ဆေးဘဲ ခွင့်ပြု ထားတယ်"ဟု ၎င်းက ပြောသည်။

ဘိန်းအစားထိုးသီးနှံကို တရုတ်ဘက်က သတ်မှတ်ထားသည့် ပမာဏတစ်ခုဖြင့် ၀ယ်ယူ ရာတွင်
အဆိုပါပမာဏထက် ကျော်လွန်သွား ပါက တရားဝင်စာရင်းဖြင့်ရယူနိုင်ရန် ခက်ခဲခြင်းမှာလည်း
တိကျသည့် ကုန်သွယ်မှုစာရင်းရရှိရန်ခက်ခဲသည့် အချက်တစ်ခုဖြစ်ကြောင်း ၎င်းက ပြောသည်။

"ထိုင်းနဲ့ကုန်သွယ်မှုကတော့ သူ့လောက် မများတဲ့အတွက် အလွယ်တကူသိနိုင်တယ်"ဟု ၎င်းက
ပြောသည်။ တရုတ်နျင့် နယ်စပ်ကုန်စည်ကူးသန်းရောင်း ၀ယ်မှုအတွက် ရှမ်းပြည်နယ်အတွင်းရှိ
မူဆယ်၊ ဃျင်းရွှေဟော်နျင့် ကချင်ပြည်နယ် အတွင်းရှိ မြို့နယ်များဖြစ်သော လွယ်ဂျယ်၊ ကန်ပိုက်
တီး ဇုန်များကို တရားဝင်ဖွင့်ထားပြီး အချို့နေရာ များမှာ နိုင်ငံရေးအခြေအနေကြောင့် ယာယီ ပိတ်
ထားမှုများလည်း ရှိသည်။ နယ်စပ် ကုန် သွယ်မှုအားလုံး၏ ၈၀ ရာခိုင်နှုန်းမှာ မူဆယ် လမ်း ကြောင်း
မှတစ်ဆင့်သွားခြင်းဖြစ်ရာ ၂၀၁၂ နို၀င်ဘာလမှ ၂၀၁၄ ဇန်နဝါရီအထိ တရားမဝင်ကုန်သွယ်မှု တား
ဆီးထိန်းချုပ်ရေးအဖွဲ့က ဖမ်းဆီးရမိသည့် စုစုပေါင်းတန်ဖိုးမှာ ကျပ် ၁၀ ဘီလျံရှိပြီး မူဆယ်လမ်း
ကြောင်းမှ ကျပ် ၄ ဒသမ ၂ ဘီလျံခန့် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

မူဆယ်-မန္တလေး လမ်းကြောင်းတစ်လျှောက် အများဆုံး ဖမ်းဆီးရမိမှုများတွင် တရုတ်သို့ အများဆုံး
တင်ပို့သည့် ကျွဲ၊ နါား၊ ဗကျာက်စိမ်း၊ ဗမြွနှင့် သစ်တောထွက် ပစ္စည်းများဖြစ်ပြီး မြန်မာ နိုင်ငံတွင်းသို့
တင်သွင်းသည့်ပစ္စည်းများတွင် လက်ကိုင်ဖုန်း အပါအဝင် လျှပ်စစ်နျင့် လူသုံး ကုန်ပစ္စည်းအများစု
ပါ၀င်ကြောင်း ၎င်းက ပြောသည်။

"မြဝတီဘက်နဲ့ ပင်လယ်ဆိပ်ကမ်းဘက်မှာ တောင် ကျပ်သန်း ၁,၀၀၀ ကျော်လောက်ပဲ ဖမ်းမိ ပါ
တယ်။ မူဆယ်ဘက်မှာကတော့ ဖမ်းဆီးရမိမှု စုစုပေါင်းရဲ့ ၄၀ ရာခိုင် နငန်းရှိနေတယ်။ နယ်စပ် ကုန်
သွယ်မှုမှာအများဆုံးဖြစ်သလို မိထားတာ ကလည်း အများဆုံးပဲ"ဟု ၎င်းက ပြောသည်။

ထို့ပြင် ယခုနှစ်အတွင်း နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုများ ၀င်ရောက်လာခြင်းကြောင့် ကုန်ပစ္စည်းများ
တင်သွင်းခြင်း၊ မော်တော်ယာဉ်၊ စက်သုံးဆီနျင့် စားအုန်းဆီတင်သွင်းမှု များပြား ခြင်းကြောင့်
တစ်နိုင်ငံလုံးအတိုင်းအတာတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံခန့် ကုန်သွယ်မှု လိုငွေပြ
နေကြောင်း ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။

"နိုင်ငံတကာ အဖွဲ့အစည်းတွေမှာရှိတဲ့ မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုစာရင်းတွေနဲ့ မြန်မာ ဘက်က
ခန့်မှန်းထားတဲ့ စာရင်းနဲ့က အဆပေါင်း များစွာ ကွာဟမှုရှိနေတယ်။ ဖမ်းဆီးမိတဲ့အခါမှာ လည်း
သွင်းလာတဲ့ကုန်စည်တွေကို ပိုဖမ်းမိတယ်။ ဒီကုန်စည်တွေရဲ့ တန်ဖိုးကနေ တရားဝင်စာရင်း ထဲကို
ရောက်သွားတဲ့အခါမှာ ကုန်သွယ်မှု ပမာဏ တက်လာတယ်။ ပို့ကုန်ကျတော့ မြန်မာ နိုင်ငံတွင်း
လွတ်လပ်စွာသယ်ယူခွင့် ရှိတယ်။ ကားနဲ့ သယ်လာပြီး ၁၀၅ မိုင်လောက်ရောက်မှဆိုရင် ချက်ချင်း
ဖမ်းဖို့ခက်သွားပြီ"ဟု ၎င်းက ပြောသည်။

ထို့ကြောင့် ကုမ္ပဏီ ဖွင့်လှစ်မထားသော ဒေသခံများအတွက် တစ်ဦးချင်းကုန်သွယ်မှုကတ်ကို
လူတစ်ဦးအတွက် တစ်ပတ်လျှင် ကျပ်သိန်း ၅၀ ဖိုးခွင့်ပြုရာမှ သိန်း ၁၀၀ အထိ တိုးမြှင့်ပေးလိုက်ခြင်း
ဖြင့် တရားဝင်ကုန်သွယ်မှု လမ်းကြောင်းပေါ်သို့ရောက်လာအောင် လုပ်ဆောင်ပေးခဲ့ကြောင်း ၎င်းက
ပြောသည်။

"ဒီလိုဖြစ်ရတာက နှစ်ဖက်ကုန်သည်တွေမှာ အခက်အခဲရှိနေလို့ ဖြစ်နိုင်ပါတယ်။ ဒါကို တရား ၀င်
လမ်းကြောင်းထဲ ဘယ်လိုရောက်လာအောင် လုပ်ရမလဲဆိုတာပဲ စဉ်းစားရမယ်"ဟု ၎င်းက ပြော
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး