ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ဒေါ်လာနှစ် ဘီလျံမြှုပ်နှံမည်

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတွင် ဒေါ်လာနှစ် ဘီလျံမြှုပ်နှံမည်

 

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံ၏နှစ်ရှည်ဖွံ့ဖြိုးရေးအစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီ
လျံ အသုံးပြုသွားမည်ဖြစ်ကြောင်း ကမ္ဘာ့ ဘဏ်အုပ်စု၏ ဥက္ကဋ္ဌဂျင်ယုံကင်မ်က ဇန်နဝါရီလ နောက်
ဆုံးပတ်အတွင်း မြန်မာနိုင်ငံသို့ လာရောက်စဉ် ပြောသည်။

အဆိုပါအစီအစဉ်များတွင် အခြေခံလူတန်း စားများအတွက် ကျန်းမာရေးစောင့်ရှောက်မှု နှင့်
လျှပ်စစ်ဓာတ်အား ပိုမိုတိုးတက်စေရန်ဆောင်ရွက်သွားမည်ဖြစ်ပြီး မြန်မာအစိုးရ၏အရေးကြီးသည့်
ဖွံ့ဖြိုးရေးဆိုင်ရာလုပ်ငန်းများ လည်း ပါ၀င်မည်ဖြစ်သည်။

"အမေရိကန်ဒေါ်လာ သန်း ၂,၀၀၀ ပမာဏ နဲ့ညီမျှတဲ့ နှစ်ရှည်ဆောင်ရွက်သွားမယ့်ဖွံ့ဖြိုးရေး အစီ
အစဉ်ထဲမှာ မြန်မာနိုင်ငံအစိုးရရဲ့စီမံကိန်း တွေဖြစ်တဲ့ ဆင်းရဲချမ်းသာမရွေး လူတိုင်း လက်လှမ်းမှီနိုင်
မယ့် ကျန်းမာရေးစောင့်ရှောက် မှု စနစ်အကောင်အထည်ဖော်သွားဖို့နဲ့ ၂၀၃၀ ပြည့်နှစ် မတိုင်ခင်
လူတိုင်းလျှပ်စစ်ဓာတ်အား အပြည့်အဝရရှိနိုင်မယ့် လုပ်ငန်းတွေလည်း ပါ၀င်မှာ ဖြစ်ပါတယ်"ဟု
မစ္စတာကင်မ်က ပြောသည်။

မြန်မာနိုင်ငံလူဦးရေ၏ ရ၀ ရာခိုင်နှုန်းမှာ လျှပ်စစ်ဓာတ်အားလိုအပ်လျက်ရှိပြီး ယင်းကို ပိုမိုထုတ်
လုပ်ဖြန့်ဖြူးနိုင်ရန် ဒေါ်လာတစ်ဘီလျံ အသုံးပြုရန် ရည်ရွယ်ထားကြောင်း ၎င်းက ပြောသည်။

ထို့ပြင် ယင်းကဏ္ဍအတွက် အစိုးရက ဆောင်ရွက်လျက်ရှိသည့် အမျိုးသားအဆင့်လျှပ်စစ်မီး ရရှိ
ရေးစီမံကိန်းကိုလည်း ကူညီသွားမည်ဖြစ်ပြီး ကျေးလက်ဒေသများအထိ လျှပ်စစ်ဓာတ်အား ရရှိ
စေရန် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများ ပိုမို ၀င်ရောက်လာရန် ဥပဒေမူဘောင်များပြောင်းလဲ ရန်ကိစ္စ
ရပ်များတွင်လည်း ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး