စလစ်နှင့် သိန်း ၁၀၀ တန်ကားများ အရောင်းအဝယ်ဖြစ်

စလစ်နှင့် သိန်း ၁၀၀ တန်ကားများ အရောင်းအဝယ်ဖြစ်

ယာဉ်အိုယာဉ်ဟောင်း စီမံချက်အရ ဆက်လက်အပ်နှံခွင့်ပြုမည့်ကားအမျိုးအစားကို သက်ဆိုင်
ရာက ဆက်လက်ထုတ်ပြန်ခြင်း မရှိသေးချိန်တွင် ဈေးကွက်အတွင်း 'အ' အက္ခရာစလစ် ကားများ
နှင့် ကျပ်သိန်း ၁၀၀ ၀န်းကျင်ခန့် ကားများ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကားဈေးကွက်မှ
လုပ်ငန်းရှင်များက ပြောသည်။

"ဈေးကွက်ထဲမှာ တက္ကစီစလစ်တွေအဝယ်ရပ်သွားပေမယ့် စလစ်ဈေးကတော့ မကျသေးပဲ ဈေးတန်း
နေတယ်လို့ ပြောလို့ရတယ်။ သီရိ မင်္ဂလာဈေးဟောင်း မီးလောင်မှုဖြစ်ပြီးနောက် ပိုင်း အရောင်း
အဝယ် ပုံမှန်ပြန်မဖြစ်သေးဘူး။ မင်းရဲကျော်စွာမှာတော့ အဝယ်နည်းနည်း လိုက် လာတယ်။ ကား
ကြည့်တဲ့သူပိုများလာတယ်။ အရောင်းအဝယ်ကတော့ ထင်သလောက် ကောင်းမလာသေးဘူး" ဟု
ကားဝယ်ရောင်း ကိုစောထွန်းက ပြောသည်။

၀ယ်လက်များမှာ ၁၃၀၀ စီစီကားများကို ကျပ်သိန်း ၁၀၀ ၀န်းကျင်ဈေးဖြင့် ၀ယ်ယူလိုကြပြီး အများ
စုမှာ စီးပွားရေးလုပ်ငန်းသုံးနှင့် အငှားယာဉ်အဖြစ် အသုံးပြုရန်အတွက်သာ ၀ယ်သူများဖြစ်ကြောင်း
လုပ်ငန်းရှင်များက ပြောသည်။

ပြီးခဲ့သည့်လများအတွင်း ကားပြပွဲ သုံးကြိမ်ကျင်းပခဲ့သော်လည်း ၀ယ်လက်များစိတ်ဝင်စားမှုနည်း
လာခြင်းကြောင့် ကားပြပွဲများပြုလုပ်ခြင်း မှာလည်း နည်းပါးလာကြောင်း ကားဝယ်ရောင်း လုပ်ကိုင်
သူများက ပြောသည်။

"ကားပြပွဲတွေ နည်းသွားတယ်။ ဆိပ်ကမ်း ရောက်တန်ဖိုးနှုန်းထားအသစ်တွေမထွက်ခင် ကတည်း
က ကားပြပွဲတွေ လျော့သွားတာ" ဟု ကားဝယ်ရောင်းဦးကြည်စိုးက ပြောသည်။ ပြည်တွင်းဈေး
ကွက်အတွင်း ဂျပန်လေလံ ဈေးနှုန်းများကိုကြည့်ရှုကာ ပြည်ပမှကားများ ကို မှာယူတင်သွင်းမှုများ
ပြုလုပ်လျက်ရှိသော်လည်း လတ်တလေတွင် လုပ်ငန်းသုံး မီနီဘက်စ်ကားများ တင်သွင်းမှုများ
ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"ပြည်တွင်းက လုပ်ငန်းရှင်တွေက မီနီဘက်စ် ကားတွေကို ပြည်တွင်းသယ်ယူပို့ဆောင်ရေး လုပ်ငန်း
တွေမှာ အသုံးပြုဖို့ ၀ယ်လာကြလို့ ဇိမ်ခံကားတွေ အဝယ်နည်းသွားတယ််" ဟု ဦးကြည်စိုးက ပြော
သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စစ်ကိုင်းတိုင်း
ဒေသကြီး တမူးမြို့တွင် ဒေသခံများနှင့် တွေ့ဆုံခဲ့စဉ်က နယ်စပ်ဂိတ်များ မှတစ်ဆင့် ပြည်တွင်းသို့
၁,၀၀၀ စီစီအောက် ကားများ တင်သွင်းခွင့်ပြုသွားရန်ကိစ္စကို ကုန်သည်များနှင့် ညှိနှိုင်းဆောင်ရွက်
လျက်ရှိကြောင်း ပြောကြားခဲ့သည်။

"ကားတွေကို တမူးဘက်ကနေ တင်သွင်းမယ်ဆိုရင် ပြည်တွင်းကိုသယ်ယူပို့ဆောင်ခက ဂျပန်ကား
တွေထက်စာရင် ပိုပြီးသက်သာသွားမယ်။ ဟိုဘက်ကဝင်လာတဲ့ ကားတွေက အိန္ဒိယက ထုတ်တဲ့
ကားတွေဆိုတော့ အင်ဂျင်ပိုင်းလည်း ကောင်းနိုင်ပါတယ်။ အဲဒီလိုတင်သွင်းသွားမယ်ဆိုရင် ပြည်တွင်း
ကို တရားမဝင်တင်သွင်းလာ တဲ့ ကားတွေနဲ့စာရင် ကားအသစ်တွေကို အခွန် အခနည်းနည်းနဲ့ တရား
၀င်စီးနင်းနိုင်မှာပါ။ ဂျပန်က တင်သွင်းတဲ့ကားနဲ့ ပြောမယ်ဆိုရင် တော့ စရိတ်စကထက်ဝက်သက်
သာနိုင်သလို နိုင်ငံတော်ဘဏ္ဍာလည်း ရရှိနိုင်မှာပါ" ဟု ကား ၀ယ်ရောင်းလုပ်ကိုင်သူ ကိုဦးက ပြော
သည်။

ပြည်တွင်း ကားဈေးကွက်အတွင်း 'အ' အက္ခရာ စလစ်များမှာ သိန်း ၉၀ နှင့် ၉၅ သိန်းကြားရှိပြီး
'၁က' အက္ခရာစလစ်မှာ သိန်း ရ၀ နှင့် ရ၅ သိန်းဝန်းကျင်တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိ
ကြောင်း ကားဝယ်ရောင်း လုပ်ကိုင်သူများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး