လက်ရှိ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွင်း ပြည်ပ သို့ ဆန်တင်ပို့မှုသည် မူလလျာထားချက်ဖြစ်သည့်
မက်ထရစ်တန်သုံးသန်းကို မပြည့်မီနိုင် သော်လည်း တရုတ်နျင့် အီးယူဈေးကွက်များ အလားအလာ
ကောင်းလာခြင်းကြောင့် အနည်း ဆုံး တန်ချိန်တစ်သန်းအထက် တင်ပို့နိုင်မည် ဖြစ်ကြောင်း ပြည်ပ
သို့ ဆန်တင်ပို့သူတစ်ဦး ဖြစ်သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ တွဲဖက်အတွင်းရေးမှူး ဦးလူ
မော်မြင့်မောင် က ခန့်မှန်းသည်။
ပြီးခဲ့သည့် ၂၀၁၂ ၂၀၁၃ ဘဏ္ဍာနှစ်တွင် တရုတ်နိုင်ငံသို့ မူဆယ်နယ်စပ်မှ ဆန်တင်ပို့ သည့် ဈေးကွက်အသစ် ပေါ်ထွက်လာခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ပြည်ပသို့ မက်ထရစ်တန်ချိန်
၁ ဒသမ ၆ သန်း တင်ပို့နိုင်ခဲ့ပြီး ထိုပမာဏမှာ ပြီးခဲ့သည့် ၄၆ နျစ်အတွင်း အများဆုံးဖြစ်သည်။
"လက်ရှိ ဘဏ္ဍာနှစ်ကုန်ရင်တော့ ဆန်တင်ပို့မှုက ၁ ဒသမ ၁ သန်း၊ ဒါမှမဟုတ် ၁ ဒသမ ၂ သန်း
လောက်တော့ ရောက်သွားပါလိမ့်မယ်" ဟု ဦးလူမော်မြင့်မောင်ကပြောသည်။
ယခုဘဏ္ဍာနှစ်အတွင်း ဇန်နဝါရီလကုန်ပိုင်း နောက်ဆုံးစာရင်းများအရ ပြည်ပသို့ ဆန်မက်ထရစ်
တန်ချိန် တစ်သန်းနီးပါးတင်ပို့ထားပြီးဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်
သော စာရင်းများတွင်ဖော်ပြသည်။
"တရုတ်ကို နယ်စပ်ကပို့နေတဲ့ ဈေးကွက်က ပြည်တွင်းဆန်ဈေးကို သက်ရောက်မှုတော့ရှိပါ တယ်။
အဲဒီလို ပြည်တွင်းဆန်ဈေး အတက် အကျဖြစ်နေလို့ ပြီးခဲ့တဲ့ မိုးတွင်းတစ်လျှောက် ပုံမှန် ကုန်သွယ်
ရေးလမ်းကြောင်းဖြစ်တဲ့ ပင်လယ်ရေကြောင်းကပို့တာကို အရှိန်မမြှင့်နိုင် ခဲ့ဘူး။ အဲလိုသာမဖြစ်ခဲ့ရင်
ဒီဘဏ္ဍာနှစ်ထဲမှာ တန်ချိန် နျစ်သန်းလောက်တော့ ပို့ပြီးနေလောက် ပြီ။ ပြည်တွင်းဈေးကွက်ထဲမှာ
တော့ ဆန်အလုံအလောက်ရှိပါတယ်"ဟု ဦးလူမော်မြင့်မောင် က ပြောသည်။
၂၀၁၂ ခုနှစ်အတွင်း စတင်ပေါ်ပေါက်လာ သည့် မူဆယ်နယ်စပ်မှတစ်ဆင့်တင်ပို့သည့် တရုတ်ဆန်
ဈေးကွက်မှတင်ပို့မှုသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း ပြည်ပသို့တင်ပို့ခဲ့သည့် ဆန်မက်ထရစ်
တန်ချိန် စုစုပေါင်း ၁ ဒသမ ၆ သန်း၏ ၆၀ ရာခိုင်နှုန်းရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်တွင် တရုတ်ကုန်သည်များ သည် မြန်မာနိုင်ငံမှတင်ပို့သည့် မည်သည့်ဆန်ကိုမဆို
လက်ခံခဲ့သော်လည်း ယခုနှစ်တွင်မူအရည်အသွေးကို တိုးမြှင့်တောင်းဆိုလာကြပြီး တရုတ်သို့တင်
ပို့သည့် ဈေးနှုန်းသည် ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းမှ တင်ပို့သည့် ဈေးနငန်းထက် ပိုမိုမြင့်မား
နေကြောင်း ဦးလူမော် မြင့်မောင်က ပြောသည်။
"တရုတ်ကုန်သည်တွေက အမြင့်ဈေးနဲ့ နျစ်ရက်၊ သုံးရက်လောက်ကမ်းလှမ်းထားတယ်။ ဈေးကောင်း
လို့ မြန်မာကုန်သည်တွေက မူဆယ်ကို ဆန်တင်ကြပြီဆိုတာနဲ့ သိပ်မကြာဘူး ဈေးကို ပြန်ချလိုက်
ကြတယ်။ ဒါပေမဲ့ သယ်ယူပို့ ဆောင်ရေးစရိတ်ကမြင့်တော့ ရန်ကုန်ကိုပြန် သယ်ဖို့ကလည်း မလွယ်
တော့ နောက်ဆုံး ပေးတဲ့ ဈေးနဲ့ပဲ ရောင်းလိုက်ရတော့တာပဲ" ဟု ၎င်းက ပြောသည်။
တရုတ်ဘက်မှ ထိုကဲ့သို့ဈေးမြှင့်ပေးခြင်းကြောင့် ပြည်တွင်းကုန်သည်များမှာ မူဆယ်လမ်းကြောင်း
သို့ ဆန်ပိုမိုတင်ပို့လာကြပြီး ပြည်တွင်းဈေးကွက်တွင် အနည်းနျင့် အများ ဈေးတက်သွားတတ်ပြီး
ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းမှ ပုံသေဈေးဖြင့်စာချုပ်ချုပ်တင်ပို့ခြင်းမှာ မှန်းသလောက် မဖြစ်ခဲ့
ကြောင်း ဦးလူမော်မြင့်မောင်က ပြောသည်။
"ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းရဲ့ ဈေးကွက် က တန်ချိန်အများကြီးကို ပုံသေဈေးနဲ့ စာချုပ်
ချုပ်ပြီးပို့ရတာလေ"ဟု ၎င်းကပြောသည်။ မြန်မာနိုင်ငံသည် အီးယူနိုင်ငံများနှင့် ကုန် သွယ်ရာတွင်
လွန်ခဲ့သည့်လေးလခန့်မှစတင်ခါ အခွန်ကင်းလွတ်သက်သာခွင့် ရရှိခဲ့ခြင်းကြောင့် အီးယူနိုင်ငံအချို့
က မြန်မာနိုင်ငံမှဆန်များကို ယခုနှစ်အတွင်း ၀ယ်ယူလာကြကြောင်း ဦးလူမော်မြင့်မောင်က ပြော
သည်။
"အခုဆိုရင် အီးယူကဝယ်လက်တွေက မြန်မာ နိုင်ငံကဆန်ကိုဝယ်တဲ့အခါမှာ ပင်ရင်းကုန်ထုတ်
လုပ်တဲ့နိုင်ငံ အထာက်အထားပြနိုင်ရင် သွင်းကုန်ခွန်ပေးစရာမလိုတော့ပါဘူး။ ဒါကြောင့် သူတို့မြန်မာ
ကဆန်ကိုဝယ်တဲ့အခါ တစ်တန်ကို ယူရိုငွေ ၅၀ ကနေ ၁၀၀ လောက်အထိသက်သာတယ်လို့ ပြော
နေကြပါတယ်။ ဒါကြောင့် အီးယူ ရဲ့ မြန်မာ့ဆန်ဝယ်လိုအားကလည်း မြင့်လာပါတယ်။ ဒါပေမဲ့
အရည်အသွေးကို အရမ်း ဂရုစိုက်ရတယ်။ အီးယူက အဓိကတော့ ၅ မှတ် ဆန်ကို ၀ယ်နေပါတယ်"
ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံမှဆန်ကို ၀ယ်ယူလျက်ရှိသည့် အီးယူနိုင်ငံများမှာ စပိန်၊ ယြ်လ်ဂျီယမ်၊ ပေါ်တူဂီ၊ နယ်သာ
လန်နိုင်ငံများအပါအဝင် ၁၀ နိုင်ငံခန့်ရှိကြောင်း ပြည်ပဆန်တင်ပို့သူတစ်ဦးဖြစ် သည့် ဦးမျိုးသူရအေး
က မြန်မာတိုင်း(မ်)ကို ပြောသည်။
"မြန်မာကနေ အီးယူဈေးကွက်ကို တစ်လကို တန်ချိန် ၅,၀၀၀ ကနေ ၁၀,၀၀၀လောက်တော့ ပို့နေ
တယ်။ အာဖရိကဈေးကွက်ကိုလည်း ပျမ်းမျှ တစ်လကို တန် ၂၀,၀၀၀ လောက်ပို့နေပါတယ်"ဟု
၎င်းက ပြောသည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း ပြည်ပသို့တင်ပို့ ထားသည့် တန်ချိန်တစ်သန်းနီးပါးအနက်မှ တရုတ်ဈေး
ကွက်သို့တင်ပို့သည့် ၆၀ ရာခိုင်နှုန်း ဖယ်နုတ်အပြီး ကျန် ၄၀ ရာခိုင်နှုန်းတွင် ၃၅ ရာခိုင်နှုန်းမှာ အာ
ဖရိကတင်ပို့ရခြင်းဖြစ်ပြီး ငါးရာခိုင်နှုန်းခန့်ကို အီးယူဈေးကွက်တင်ပို့ကာ ဖိလစ်ပိုင်နျင့် မလေးရှားနိုင်
ငံသို့လည်း အနည်း ှုယ်စီတင်ပို့ထားကြောင်း ဦးလူမော်မြင့်မောင် က ပြောသည်။
ပြည်ပသို့တင်ပို့သည့် ဆန်ဈေးကွက်တွင် ပုံမှန်ကုန်သွယ်ရေးလမ်းကြောင်းအရ ရရှိသော ဈေးများမှာ
ဧည့်မထ ၂၅ မှတ်တစ်တန်လျှင် 'ကန်' ဒေါ်လာ ၃၁၅ မှ ၃၂၀၊ ဧည့်မထ ၅ မှတ်ဆန်မှာ 'ကန်'ဒေါ်
လာ ၄၀၅ မှ ၄၁၅၊ ဆန်ကွဲမှာ ၂၉၅ မှ ဒေါ်လာ ၃၀၀၊ ဗပါင်းဆန် ၄၆၀ မှ ၄၇၀ ဒေါ်လာ တို့ဖြစ်ပြီး
မူဆယ်နယ်စပ်မှ တရုတ် ဈေးကွက်တွင် ဧည့်မထ ၂၅ မှတ် တစ်တန်လျှင် ၄၀၄ ဒေါ်လာဝန်းကျင်နှင့်
ဧည့်မထ ၅ မှတ်ဆန်မှာ ၄၄၆ ဒေါ်လာဝန်းကျင် အသီးသီး ဈေးပေါက် လျက်ရှိသည်။
"တရုတ်ကုန်သည်တွေက မြန်မာနိုင်ငံက ဆန်ကို တရားဝင်သွင်းရင် သွင်းကုန်အခွန် ၁၇ ရာခိုင်နှုန်း
ပေးရတော့ သူတို့အနေနဲ့ မှောင်ခိုပဲ သွင်းနေကြတယ်။ မြန်မာဘက်ခြမ်းကတော့ တရားဝင် ပို့တာ
ပေါ့"ဟု ဦးလူမော်မြင့်မောင် က ပြောသည်။
မူဆယ်ဆန်ကုန်သည်များအသင်း ဗဟို အလုပ်အမှုဆောင်တစ်ဦးဖြစ်သူ ဦးသောကြာ က တရုတ်
ဈေးကွက်သည် ၀ယ်လိုအားဆက်ကောင်းလျက်ရှိကြောင်း ပြောသည်။ "လာမယ့် မတ်လလောက်
အထိတော့ တရုတ် ဘက်ကပေးတဲ့ ဆန်ဈေးက ကျဖို့မမြင်ပါဘူး။ ၀ယ်လိုအားကလည်း ကောင်းနေ
တယ်။ တစ်ရက်ကို တန်ချိန် ၃,၀၀၀ ကနေ ၃,၅၀၀ ကြား ပို့နေကြပါတယ်"ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၂ ၂၀၁၃ ဘဏ္ဍာနှစ်အထိ မြန်မာနိုင်ငံမှဆန်တင်ပို့ရာတွင် ပွဲစားများမှတစ်ဆင့်
အာဖရိကဈေးကွက်သို့ အဓိကတင်ပို့ခဲ့ခြင်းဖြစ်သော်လည်း ယခုဘဏ္ဍာနှစ်တွင်မူ အာဖရိကနှင့်
အီးယူဈေးကွက်များရှိ ၀ယ်လက် များအား တိုက်ရိုက်ဆက်သွယ်တင်ပို့နိုင်သည့်အခြေအနေသို့
တိုးတက်လာပြီဟု ဦးလူမော် မြင့်မောင်က ပြောသည်။
"ပြည်ပတင်ပို့ဈေးကွက် အလားအလာ ကောင်းလာလို့ ကုန်သည်တွေတင်မကပါဘူး တောင်သူ
တွေလည်း ဒီအကျိုးကို ခံစားလာရပါ တယ်။ ပြည်ပဈေးကွက် ခိုင်မာလာတော့ ပြည်တွင်းစပါးဈေး
ကလည်း မာလာတာပေါ့"ဟု ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် စပါးရိတ်သိမ်းစအချိန်တိုင်း တွင်စပါးဈေးကျဆင်းလေ့ရှိကာ ကုန်သည်များ လက်
၀ယ်သို့ စပါးများရောက်ရှိပြီးသည့်အခါမှ သာလျှင်ဈေးနငန်းပြန်လည် မြင့်တက်စမြဲဖြစ် သော်လည်း
လက်ရှိရာသီတွင် စပါးရိတ်သိမ်း စကာလဖြစ်သည့် နိုဝင်ဘာလမှ စတင်ခါ ဈေးနငန်းများသည်
ငါးနှစ်အတွင်းအမြင့်ဆုံးဈေး သို့ စံချိန်တင်မြင့်တက်ခဲ့ပြီး ဧည့်မထ တင်း ၁၀၀ လျှင် ပြီးခဲ့သည့်နှစ်
ဈေးဖြစ်သော ကျပ် ၃၅၀,၀၀၀ မှ ယခုနှစ်တွင် ကျပ် ၄၄၀,၀၀၀ ခန့်သို့ ဈေးတက် လာကြောင်း
ဈေးကွက်အတွင်းမှလုပ်ငန်းရှင် များက ပြောသည်။

















