စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုကိုပဲ မျှော်နေ၍ မရနိုင်

စိုက်ပျိုးရေးကဏ္ဍ တိုးတက်ရန် ရင်းနှီးမြှုပ်နှံမှုကိုပဲ မျှော်နေ၍ မရနိုင်

ပြည်ပရင်းနှီးမြှုပ်နှံမှု နည်းပါးလျက်ရှိသော လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် အဆိုပါပြဿနာ ကို
ဖြေရှင်းရန် ရင်းနှီးမြှုပ်နှံမှုများကို စောင့်မျှော် နေခြင်းထက် စိုက်ပျိုးရေးကဏ္ဍအတွက် ထောက်ပံ့
ချေးငွေကိစ္စကို ထိရောက်အောင်ပြု လုပ်ပေးပြီး ငွေကြေးအရင်းအနှီးရရှိနိုင်မည့် အခြားနည်းလမ်း
များကိုလည်း ထည့်သွင်းစဉ်းစားရန်လိုအပ်ကာ ဒေသတွင်းလိုအပ်ချက် များကိုပြည့်မီအောင် ကြို
တင်ဆောင်ရွက်ထားရန်လိုကြောင်း စိုက်ပျိုးရေးကဏ္ဍမှ ကျွမ်းကျင်သူများက သုံးသပ်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ စီးပွားရေးသံမှူး Mr. Hideaki Matsuo က စိုက်ပျိုးရေး ကဏ္ဍသည်
ရင်းနှီးမြှုပ်နှံမှုထက် တရားဝင်ဖွံ့ဖြိုး မှုချေးငွေများနှင့် ဆောင်ရွက်ရန်ပိုမိုသင့်တော် သော ကဏ္ဍ
တစ်ခုဖြစ်ပြီး အစိုးရချင်းချိတ်ဆက်ဆောင်ရွက်ကာ ချေးငွေအထောက်အပံ့ဖြင့် ဆောင်ရွက်ခြင်း
က စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတိုးတက်အောင် ဆောင် ရွက်ရာတွင် အဓိ
ကကျကြောင်းပြောသည်။

စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ် ရန် မြန်မာနိုင်ငံတစ်နိုင်ငံတည်းတွင်သာမက အခြား
သောနိုင်ငံများတွင်လည်း အလွန်ခက်ခဲ ကြောင်းနှင့် ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်လည်း
အလားတူကိစ္စများ ဖြစ်ပေါ် လေ့ရှိကြောင်း ပြောသည်။ "စိုက်ပျိုးရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံဖို့ဆိုတာ
တော်တော်လေး ခက်ခဲတဲ့ကိစ္စပါ။ အဓိက အချက်ကတော့ ဈေးနှုန်းအပြောင်းအလဲနဲ့ အမြတ်အစွန်း
ဆိုင်ရာ ပြဿနာတွေပါ။ ရာသီ ဥတု ပြောင်းလဲတာနဲ့ ထုတ်လုပ်မှုဆိုင်ရာမှာ ရော အမြတ်အစွန်းမှာ
ပါ ပြဿနာတွေရှိနိုင်ပါ တယ်။ ဂျပန်နိုင်ငံကလည်း ရင်းနှီးမြှုပ်နှံမှု လုပ်မယ် မလုပ်ဘူးဆိုတာကို
ပြောလို့မရသေး ပါဘူး။ တကယ်လို့ ရင်းနှီးမြှုပ်နှံမယ်ဆိုရင် လည်း အများကြီးမျှော်လင့်လို့မရတဲ့
ကဏ္ဍမျိုး ဖြစ်နေတယ်" ဟု ၎င်းက ပြောသည်။

အထည်ချုပ်လုပ်ငန်းကဲ့သို့သော လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရာ၌ စက်ရုံ၏ထုတ်လုပ် နိုင်စွမ်းနှင့်
အမြတ်အစွန်းကို တွက်ချက်၍ ရနိုင်သော်လည်း စိုက်ပျိုးရေးကဏ္ဍတွင် အများ စုမှာ ရာသီဥတု
ပေါ်တွင်မူတည်နေခြင်းကြောင့် အာမခံချက်မရှိကြောင်း Mr. Hideaki Matsuo က ပြောသည်။

"ဒါကြောင့် လောလောဆယ်မှာ ဂျပန်က ရင်းနှီးမြှုပ်နှံမှုထက်စာရင် မျိုးစေ့ကအစ သွင်းအားစုတွေ
အကုန်ပေးပြီး ဒီမှာစိုက်ပျိုးပြီး တဲ့စပါးကို ဂျပန်ကိုပြန်ပို့ဖို့ ဆောင်ရွက်မယ်လို့ စဉ်းစားနေတယ်။
အခုလိုပုံစံမျိုးနဲ့ ရင်းနှီး မြှုပ်နှံဖို့ စိတ်ဝင်စားတဲ့သူတွေတော့ ရှိပါတယ်" ဟု ၎င်းကပြောသည်။

ထို့ပြင် အခြားသောနိုင်ငံများနှင့် နှိုင်းယှဉ်ပါ က မြန်မာနိုင်ငံသည် အခြေခံအဆောက်အအုံလိုအပ်
ချက်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာလိုအပ်ချက်များ ရှိနေခြင်းက ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်
လာရန် ခက်ခဲစေသည့် အကြောင်း ရင်းများ ဖြစ်နေပြီး အစိုးရပိုင်းကလည်း ကြိုတင်ပြင်ဆင်ထား
ရန် လိုအပ်ကြောင်း Mr. Hideaki Matsuo က ပြောသည်။

"အချိန်တိုလေးအတွင်းမှာ ဒီကဏ္ဍကိုရင်းနှီး မြှုပ်နှံမှုတွေဝင်လာပြီး တစ်ရှိန်ထိုး တိုးတက်သွား မယ်
လို့တော့ ကျွန်တော်မထင်ပါဘူး။ အကယ်လို့ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာပြီဆိုရင်လည်း အဓိက
အရေးကြီးတာက logistic ပါ။ သီးနှံတွေ ကိုရိတ်သိမ်းပြီးလို့ သိုလှောင်ရုံမှာသိမ်းဆည်းတဲ့ အခါမှာ
အပျက်အစီးမရှိဖို့၊ ဆိပ်ကမ်း အရောက် ပို့ဖို့နဲ့ သင်္ဘောတင်ရာမှာ ရေစိုပျက်စီးခြင်းမရှိဖို့ ဆိုတာတွေ
မှာ logistic ပိုင်းကို ဒီကလူတွေက အများကြီးကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့် မယ်"ဟု ၎င်းက
ပြောသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာစိုးထွန်း ကလည်း
စိုက်ပျိုးရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု ပိုမိုဝင်ရောက်လာရန် ပြည်တွင်းပြည်ပမှ ငွေကြေးအရင်းအနှီး
များများရရှိရန် လိုအပ်နေ ပြီး ဌာနဆိုင်ရာများကလည်း လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်
လိုအပ်ကြောင်းပြောသည်။

"လက်ရှိအနေအထားက အရမ်းစွန့်စားပြီး လုပ်နေရတာများတယ်။ တခြားနိုင်ငံတွေမှာဆိုရင်
ကောက်ပဲသီးနှံနဲ့ဆိုင်တဲ့ အာမခံတွေ ရှိပေမယ့် ကျွန်တော်တို့နိုင်ငံမှာက ဘာအာမခံ ချက်မှ
လုပ်ပေးထားတာ မရှိဘူး။ ပြီးတော့ ရင်းနှီး မြှုပ်နှံမှုကော်မတီကလည်း ဒီကဏ္ဍအတွက် သတ်မှတ်
ပေးထားတဲ့ဥပဒေမှာ ရှင်းရှင်းလင်း လင်း မဖြစ်တာ လည်းပါတယ်။ ရင်းနှီးမြှုပ်နှံမှု လုပ်ပြီးလည်း
ပြည်ပကို ပြန်လည်တင်ပို့ရောင်းချခွင့် ရှိမရှိမသိရတာတွေလည်း ပါတယ်" ဟု ၎င်းက ပြောသည်။

လယ်ယာကဏ္ဍတွင် အခြေခံ အဆောက်အအုံ အားနည်းနေခြင်းကလည်း ရင်းနှီးမြှုပ်နှံမယ့်သူများ
အတွက် ကြီးမားသောအတားအဆီးဖြစ်နေကြောင်းနှင့် ရင်းနှီးမြုပ်နှံမှု ကော်မတီကလည်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များကို သေချာစွာပြဋ္ဌာန်းပေးရန်လိုကြောင်း ဒေါက်တာစိုးထွန်း က
ပြောသည်။

"ဥပမာ - ဆန်စက်ထောင်မယ်ဆိုရင် လျှပ်စစ်မီး မရှိတော့ ဒီအတွက်ကုန်ကျစရိတ်က ထပ်ကုန်
မယ်။ ဒီကဏ္ဍတိုးတက်ဖို့ဆိုရင်တော့ ငွေဝင်ဖို့ လိုတယ်။ ငွေကတော့ ODA (Official Develop-
ment Assistance) ပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံမှုအရပဲဖြစ်ဖြစ်ပေါ့။ ဒါပေမဲ့ သူတို့ ၀င်လာနိုင်အောင်
တော့ အရင်ဆုံး ကော်မရှင် ဘက်ကလည်း ပြင်သင့်တာတွေကိုပြင်ပေးထား ရမယ်။ အာမခံကိစ္စနဲ့
အခြေခံအဆောက်အအုံပိုင်းကို လုပ်ဆောင်ထားမယ်ဆိုမှပဲ အဆင်ပြေ မယ်လို့ထင်တယ်" ဟု
၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး