LC စနစ်ကို၊ခွင့်မပြုသေးခြင်းကြောင့် ကုန်သွယ်မှုတွင် အကန့်အသတ်ဖြစ်နေ

LC စနစ်ကို၊ခွင့်မပြုသေးခြင်းကြောင့် ကုန်သွယ်မှုတွင် အကန့်အသတ်ဖြစ်နေ

အီးယူနှင့် အမေရိကန်တို့က စီးပွားရေးပိတ်ဆို့မှု များအား ဖြေလျှော့ပေးလာခြင်းကြောင့် ဈေးကွက်
အခွင့်အလမ်းသစ်များ ပိုလာသော် လည်း ပြည်ပကုန်သွယ်မှုနှင့်စပ်လျဉ်းကာ ရောင်းသူဘက်မှ
ကုန်ပစ္စည်းတင်ပို့ပြီးမှသာ ၀ယ်သူဘက်မှငွေလTTပို့သည့် Letter of Credit (LC) စနစ်အား ခွင့်
မပြုသေးသည့်အတွက် လုပ်ငန်းချဲ့ထွင်ရာတွင် အကန့်အသတ်များရှိနေကြောင်း စီးပွားရေးလုပ်ငန်း
ရှင်များက မြန်မာတိုင်း(မ်)ကို ပြောသည်။

ပြည်ပသို့ ကုန်စည်တင်ပို့ရောင်းချရာတွင် ၀ယ်လက်ကငွေကြိုလွှဲရသည့် Telegraphic Transfer
(TT) စနစ်ကိုသာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ခွင့်ပြုသေးပြီး LC ခွင့်မပြုသေး
ခြင်းကြောင့် နိုင်ငံတကာနှင့် ကုန်သွယ်မှုလုပ်ငန်းလက်တွေ့ နယ်ပယ်တွင် ကုန်ပစ္စည်းမတင်ပို့မီ ငွေ
လွှဲပို့ လိုသည့် ၀ယ်လက်မှာ အလွန်ရှားပါးလွန်းခြင်း ကြောင့် မြန်မာကုန်သည်များအတွက် ဈေးကွက်
ကျဉ်းကာ အခက်အခဲများကြံုတွေ့နေရကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"LCကိုခွင့်မပြုသေးတော့ ကုန်သည်တွေ ကလည်း ၀ယ်လက်ဘက်က တကယ်ငွေမလTTသေးပေ
မယ့်လည်း ကိုယ့်ငွေကိုပဲ ကိုယ့်ရဲ့ဘဏ် စာရင်းထဲပြန်လTTပြီး ကုန်တင်ခွင့်ရဖို့ လုပ်နေ ရတယ်။
ငွေအရင်ကြိုပို့ပြီးဝယ်မယ့် ၀ယ်လက်ကရှားတော့ ဒီလိုမှမလုပ်ရင်လည်း မရဘူးလေ။ အရင်ကလိုပဲ
နှစ်ရင်းရင်းရတဲ့ အနေအထားက အခုထိ ရှိနေသေးတယ်။ ကုန်သွယ်မှုမှာ အလုပ် ဖြစ်အောင် အခု
လို အရင်းကိုနှစ်ဆထုတ်ပြီး ရင်းနေရတော့ သူများနိုင်ငံနဲ့ယှဉ်ပြိုင်လုပ်ကိုင် နိုင်မှုက လျော့သွားတော့
တာပေါ့။ လုပ်ငန်းကို လည်း ချဲ့သင့်သလောက်လည်း မချဲ့နိုင်ဘူးပေါ့" ဟု ပြည်ပဆန်တင်ပို့သူ
တစ်ဦးဖြစ်သူ ဦးလူမော်မြင့်မောင်က ပြောသည်။

မြန်မာလုပ်ငန်းရှင်များသည် ၎င်းတို့၏ မြန်မာကုမ္ပဏီဘဏ်စာရင်းများအတွက် ငွေ အပို့အလွှဲပြုလုပ်
ရာတွင် စီးပွားရေးပိတ်ဆို့မှု များအား ကျော်လွှားနိုင်ရန် စင်ကာပူ၌ ကုမ္ပဏီ ထောင်ထားကာ ထိုကုမ္ပ
ဏီဖြင့် တစ်ဆင့်ခံ ဆောင်ရွက်နေကြရသလို ၀ယ်လက်အသွင်ဖြင့် လည်း မြန်မာကုမ္ပဏီဘဏ်
စာရင်းများသို့ မိမိငွေဖြင့် ပြန်လTTရာတွင် အများအားဖြင့် စင်ကာပူ မှတစ်ဆင့်ခံ ဆောင်ရွက်
လုပ်ကိုင်နေကြရ ကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ လုပ်ငန်းရှင် များက ပြောသည်။

LC ခွင့်မပြုသေးခြင်းနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန၊ ပို့ကုန်ညွှန်
ကြားမှုဦးစီးဌာန ညွှန်ကြား ရေးမှူး ဦးသန်းအောင်ကျော်က အမေရိကန် နိုင်ငံသည် မြန်မာနိုင်ငံနှင့်
စပ်ဆိုင်သော ငွေပို့ ငွေလွှဲခြင်းများကို အကန့်အသတ်များထားရှိနေသေးခြင်းနှင့် အချို့သော
လုပ်ငန်းရှင်များက အခွန်တိမ်း ရှောင်နိုင်ရန်ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်မှုများအား ကာကွယ်ရန်
တို့အတွက် ခွင့်မပြုသေးခြင်းဖြစ်ကြောင်း ပြောသည်။

"အမေရိကန်က မြန်မာနဲ့ ပတ်သက်တဲ့ ငွေအပို့အလွှဲတွေကို သေသေချာချာဖွင့်ပေးသေးတာ မဟုတ်
ဘူး။ အချိန်မရွေးတားလိုက်လို့ ရနေသေးတဲ့အဆင့်မှာပဲ ရှိသေးတယ်။ ဒီတော့ LC ကိုခွင့်မပြုသေးတာ
က မြန်မာကုန်သည်တွေကို အကာအကွယ်ပေးတဲ့သဘောပါပဲ"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် LCအားခွင့်မပြုသေးသော် လည်း ဆောင်ရွက်ဆဲဖြစ်သည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ဥပဒေ၏ နည်းဥပဒေများထွက်ပေါ်လာပြီးနောက်ပိုင်းနှင့် အမေရိကန်က မြန်မာနိုင်ငံနှင့် စပ်ဆိုင်သော
ငွေပို့ငွေလွှဲခြင်းများကို အကန့်အသတ်မထားရှိတော့သည့်နောက်ပိုင်းတွင် ခွင့်ပြုနိုင်ရန် ၀န်ကြီး
ဌာနကမျှော်မှန်းထား ကြောင်း ဦးသန်းအောင်ကျော်က ပြောသည်။

"ရေရှည်မှာတော့ မြန်မာနိုင်ငံလည်း နိုင်ငံ တကာကုန်သွယ်ရေးအတိုင်းပဲ လိုက်နာကျင့်သုံးရမှာပါ"
ဟု ၎င်းက ပြောသည်။ ဦးလူမော်မြင့်မောင်က "မမှန်မကန် ဆောင်ရွက်တဲ့သူတချို့လည်း ရှိနိုင်ပါ
တယ်။ ဒါပေမဲ့ အဲဒီအတွက်နဲ့တော့ တခြားလူတွေကပါလိုက်ပြီး အကန့်အသတ်ဖြစ် နေရတာက
တော့ မဖြစ်သင့်ဘူးလေ။ ဒီအတွက်လည်း ကျွန်တော်တို့ ပို့ကုန်တိုးမြှင့်ရေး Delivery Unit ကို
တင်ပြထားပါတယ်"ဟု ပြောသည်။

LC ကိုခွင့်ပြုပေးရေးအတွက် သမ္မတရုံး ၀န်ကြီးဦးတင့်နိုင်သိန်းဦးဆောင်သည့် ပို့ကုန်တိုးမြှင့်ရေးအထူး
အဖွဲ့ (Trade Promotion Delivery Unit) သို့ ကုန်သည်များစုပေါင်းကာ လွန်ခဲ့သည့်နှစ်လခန့်က
တင်ပြထားခဲ့သော် လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြားမှုမရှိ သေးကြောင်း အဆိုပါအဖွဲ့မှအဖွဲ့
၀င်တစ်ဦး ဖြစ်သူ ဦးလူမော်မြင့်မောင်က ပြောသည်။

အဆိုပါအဖွဲ့ကို အစိုးရဌာနဆိုင်ရာများမှတာဝန်ရှိသူများနှင့် ကုန်သည်များ စုပေါင်း ဖွဲ့စည်းထားခြင်း
ဖြစ်သည်။ စီးပွားရေးပိတ်ဆို့မှုများဖြေလျှော့လိုက်ခြင်းကြောင့် ၂၀၁၃ ခုနှစ်မှစတင်ခါ အီးယူဈေးကွက်
သည် အခွင့်အလမ်းသစ်အဖြစ်ပေါ်ထွက်လာသော်လည်း အီးယူ ကုန်သည်များမှာ LC စနစ်ကိုသာ
အသုံးပြုသူများဖြစ်ခြင်းကြောင့် မြန်မာ ကုန်သည်များမှာ ကုန်သွယ်မှုတွင်အဟန့်အတားများ ဆက်
လက်ရင်ဆိုင်နေရကြောင်း ဦးလူမော်မြင့်မောင်က ပြောသည်။

ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးမျိုးထွေးကလည်း "အစိုးရကတော့ ကိုယ့်လူတွေကို
အကာအကွယ်ပေးဖို့ TT ကို ကျင့်သုံး တယ်လို့ပြောပေမယ့် ဒီစနစ်က နိုင်ငံတကာ ကုန်သွယ်ရေးမှာ
အလုပ်မဖြစ်တော့ နိုင်ငံတကာ ဈေးကွက်မှာ မယှဉ်ပြိုင်နိုင်တော့ဘူးပေါ့။ တစ်ခါတလေ တကယ်
ကောင်းတဲ့ ၀ယ်လက် နဲ့ ချိတ်မိပေမယ့် LC စနစ်သုံးမရလို့ အခွင့် ကောင်းတွေလက်လွှတ်လိုက်
ရတာတွေရှိနေ တယ်"ဟုမြန်မာတိုင်း(မ်)ကို ပြောသည်။

ယခင်အစိုးရလက်ထက်တွင် စီးပွားရေး ပိတ်ဆို့မှုများတင်းကျပ်ခဲ့ခြင်းကြောင့် ထိုကိစ္စ ကို ကျော်လွှား
ရန် စင်ကာပူမှတစ်ဆင့်ခံ ငွေအပို့ အလTTပြုလုပ်ရာတွင် စင်ကာပူ၌ ကိုယ်ပိုင် ကုမ္ပဏီမရှိသူများမှာ
ပွဲစားခကို ၂၅ ရာခိုင်နှုန်း အထိပေးကာ လုပ်ကိုင်ခဲ့ရပြီး လက်ရှိတွင် ၀န်ဆောင်ခ လျော့ကျနေပြီဖြစ်
သော်လည်း ငွေပို့လွှဲရသည့် အပိုကုန်ကျစရိတ်များလည်း ရှိနေသေးခြင်းကြောင့် ကုန်ဈေးနှုန်းအပေါ်
သက်ရောက်မှုရှိနေသေးကြောင်း စီးပွားရေးလုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး