အာဆီယံစီးပွားရေးအသိုက်အဝန်း အတွက်၊ကဏ္ဍအလိုက်ဖြေလျော့မှု ပြုလုပ်သွားရန် စီစဉ်နေ

အာဆီယံစီးပွားရေးအသိုက်အဝန်း အတွက်၊ကဏ္ဍအလိုက်ဖြေလျော့မှု ပြုလုပ်သွားရန် စီစဉ်နေ

အာဆီယံဒေသတွင်း လွတ်လပ်စွာကုန်သွယ်ခွင့် နှင့် အာဆီယံစီးပွားရေးအသိုက်အဝန်း အကောင်
အထည်ဖော်မှုအတွက် အဓိကလုပ်ငန်းစဉ်ဖြစ် သည့် လွတ်လပ်စွာ ကုန်သွယ်မှုစီးဆင်းရေး ၀န်ဆောင်
မှုဆိုင်ရာ သဘောတူညီချက်မူကြမ်း တစ်ရပ် ပြုစုနိုင်ရန် မြန်မာနိုင်ငံကဦးဆောင် ကာ လုပ်ငန်းအဖွဲ့
လိုက် ညှိနှိုင်းဆွေးနွေးသွား ရန်ရှိကြောင်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး
ဌာန၊ နိုင်ငံခြားစီးပွားရေး ဆက်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွဋ်
က ပြောသည်။

ယခင်က အာဆီယံနိုင်ငံများအကြား သဘော တူညီထားပြီးဖြစ်သော ဒေသတွင်းဝန်ဆောင်မှု လုပ်
ငန်းများ လွတ်လပ်စွာ စီးဆင်းရေးအတွက် ကဏ္ဍလိုက် ဖြေလျှော့မှုများ ဆောင်ရွက်ရေး အစား ယခု
ကဲ့သို့ လွတ်လပ်စွာကုန်သွယ်မှု စီးဆင်းရေးဝန်ဆောင်မှုအဖြစ် တိုးမြှင့်သဘော တူရန် မြန်မာနိုင်ငံက
ယင်းကဏ္ဍ၏ ဥက္ကဋ္ဌ တာဝန်ရယူစဉ်တွင် ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်သည်။

အထူးသဖြင့် ဒေသတွင်း လွတ်လပ်စွာ ကုန်သွယ်မှုစီးဆင်းရေးနှင့် အသက်မွေးဝမ်းကျောင်း ၀န်ဆောင်
မှုလုပ်ငန်း ကျွမ်းကျင်သူများ လွတ်လပ်စွာသွားလာနိုင်ရေးအတွက် လက်မှတ် ရေးထိုးထားပြီးဖြစ်
သည့် အာဆီယံအရည်အသွေး နှင့် ထောက်ခံလွှာ အပြန်အလှန်အသိအမှတ် ပြုရေးအတွက် လို
အပ်သည့်အစီအစဉ်များ အကောင်အထည်ဖော်နိုင်ရေးကို အဓိကထား ဆွေးနွေးသွားမည်ဖြစ်သည်။

"အခု အစည်းအဝေးမှာ ဖြေလျှော့မှုတွေကို မြန်မြန်ဆန်ဆန် ဖြေလျှော့နိုင်ဖို့နဲ့ မြန်မြန်ဆန်ဆန်ညှိနှိုင်း
နိုင်ဖို့အတွက် ရည်ရွယ်ထားပါတယ်။ လောလောဆယ်မှာတော့ ဘာတွေ ကို ဆွေးနွေးမယ်ဆိုတာကို
အသေးစိတ်ပြော ပြလို့မရသေးပါဘူး" ဟု ၎င်းက ပြောသည်။

ဖြေလျှော့မှုလုပ်ငန်းစဉ် အားလုံးနီးပါးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် အကောင်အထည်ဖော်ရန်
သတ်မှတ်ထားပြီးဖြစ်သော်လည်း မြန်မာနိုင်ငံသည် ကျန်းမာရေးကဏ္ဍကဲ့သို့သော လုပ်ငန်းစဉ်များ
အား အကောင်အထည်ဖော်မှု တွင် ၂၀၁၈ခုနှစ်အထိ သက်တမ်းတိုးချဲ့ သွား နိုင်ဖွယ် ရှိသည်။

"ကျန်းမာရေးကဏ္ဍကို ၂၀၁၅ မှာ ပြီးပြတ်ရမယ်လို့ ပြောထားတာရှိပါတယ်။ မပြီးပြတ်နိုင် သေးတဲ့
ကိစ္စတွေကျန်ရင် ၂၀၁၈ ထိ အချိန်ပေး ထားပါတယ်။ ဒါက ဥပမာ တစ်ခုအနေနဲ့ ပြောပြ တာပါ "
ဟု ဒေါက်တာသန်းထွဋ်က မြန်မာတိုင်း(မ်) ကိုပြောသည်။

အာဆီယံဒေသတွင်း လွတ်လပ်စွာ ကုန်စည် စီးဆင်းနိုင်မှုနှင့် ကျွမ်းကျင်လုပ်သားများ သွားလာနိုင်
ရေး ဆောင်ရွက်ရာတွင် စံနှုန်း သတ်မှတ်ချက်တစ်ခုကို ချမှတ်ထားရန် လိုအပ် ပြီး ယင်းစံနှုန်းအတိုင်း
ဒေသအလိုက် သတ်မှတ် လုပ်ခလစာကို မျှတအောင်သတ်မှတ်ပေးနိုင်ရန်လိုအပ်ကြောင်း အလုပ်
သမားရေးရာကျွမ်းကျင်သူ အချို့က ပြောသည်။

ထို့အတူ လွတ်လပ်စွာကုန်စည်စီးဆင်းမှု ခွင့်ပြုရာတွင် သတ်မှတ်စံနှုန်းကို စိစစ်ပေးနိုင် မည့် ခိုင်မာ
သည့် အဖွဲ့အစည်းများလိုအပ်မည်ဖြစ်ကြောင်း ပါရမီစွမ်းအင်များ အဖွဲ့ကုမ္ပဏီမှ အကြီးတန်းအကြံ
ပေးဖြစ်သူ ဒေါ်တင်တင်ဌေး က ပြောသည်။

၂၀၁၅ ခုနှစ်အတွင် အကောင်အထည် ပေါ်လာမည့် အဆိုပါကိစ္စရပ်များအတွက် ပြိုင်ဆိုင်မှုဆိုင်ရာ
ဥပဒေ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုဥပဒေ၊ အစရှိသည့် ဥပဒေများ အကောင်အထည်မဖော်နိုင်လျှင် လွတ်
လပ်စွာကုန်စည်စီးဆင်းမှုများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာပါ က ထိန်းချုပ်ရန် ခက်ခဲမည်ဖြစ်
ကြောင်း ၎င်းက ပြောသည်။

အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံးသည် ၂၀၁၅ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အာဆီယံ စီးပွားရေး
အသိုက်အဝန်းအတွက် ဒေသတွင်း လိုအပ်သည့် ဖြေလျှော့မှုများနှင့် အကောင်အထည်ဖော်မှုများ
ကို ၂၀၁၅ ခုနှစ်မတိုင်မီ အပြီးဆောင်ရွက်မည်ဖြစ်သော်လည်း ကဏ္ဍ အလိုက်ကောင်အထည်ဖော်
ရန် ကိစ္စများ ကျန်ရှိနေသေးသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး