နယ်ဝယ်လက် အဆင်းများခဲ့ခြင်းကြောင့် အမြင့်ကားများ အရောင်းအဝယ်လိုက်ခဲ့ပြီး ကျပ်သိန်း
၁၀၀ ၀န်းကျင်ကားများလည်း ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့သော်လည်း စလစ်ဈေးနှုန်း များ အပြောင်း
အလဲမရှိခဲ့ကြောင်း ပြည်တွင်း ကားဈေးကွက်မှ လုပ်ငန်းရှင်များက ပြောသည်။
"ကားဈေးတွေကတော့ သူဟာနဲ့သူအရောင်း အဝယ်ကောင်းနေတယ်။ ပုံမှန်ဖြစ်နေပေမယ့် သိန်းနှစ်
ရာပတ်ချာလည် ကားတွေ အရောင်းအဝယ်ဖြစ်တယ်။ လောလောဆယ်မှာ တစ်ရက် ကို သိန်းနှစ်
ရာဝန်းကျင်ကားတွေ လေးငါးစီး လောက်တော့ အရောင်းအဝယ်ဖြစ်တယ်။ ပြီးခဲ့တဲ့အပတ်တုန်းက
တောင်ကြီးက အုပ်စု တွေ လာဝယ်ကြလို့ အမြင့်ကားတွေ အရောင်း အဝယ်ကောင်းသွားကြသေး
တယ်။ အမြင့်ကား အုပ်စုတွေထဲမှာ သူတို့ဒေသနဲ့ကိုက်ညီတဲ့ Land Cruiser နဲ့ Hilux surf တွေကို
အဝယ်များတယ်။ ဒီကားတွေက ရှော့ဘားတွေကောင်းပြီး အောက် ပိုင်းတွေကလည်းမြင့်တော့
အကြမ်းပတမ်း စီးဖို့ အတွက်လည်း ကောင်းတော့ သူတို့အတွက် အသုံးတဲ့လို့ ၀ယ်ကြတာပါ။
ကားကောင်းတယ် ဆိုရင် ကြိုက်ဈေးပေးပြီး ၀ယ်ကြတာကတော့ သူတို့ထုံးစံဖြစ်နေပြီ" ဟု
ကားဝယ်ရောင်း လုပ်ကိုင်သူကို ကိုနိုင်ဝင်းဆွေက ပြောသည်။
ကားဈေးကွက်အတွင်း လတ်တလော အရောင်းအဝယ်ဖြစ်နေသည့်ကားအမျိုးအစား မှာ အပ်နှံခွင့်ပြု
မည့် '၁က' အက္ခရာအမျိုးအစား ကားများဖြစ်ပြီး ကျပ်သိန်း ၈၀ ၀န်းကျင်ခန့်ဖြင့် အရောင်းအဝယ်ဖြစ်
လျက်ရှိသည်။
ထိုကားများ အပ်နှံမည့်သတင်း မထွက်ပေါ် မီက ဈေးမှာ ကျပ်သိန်း ၆၀ ၀န်းကျင်သာရှိခဲ့ပြီး ကြိုတင်
၀ယ်ယူစုဆောင်းသူများ ရှိခဲ့သဖြင့် အဝယ်လိုက်ကာ နောက်ပိုင်းတွင် ကျပ်သိန်း ရ၀ ကျော်အထိ
ဈေးတက်လာခဲ့ကြောင်း ကား ၀ယ်ရောင်းလုပ်ကိုင်သူများက ပြောသည်။
"ဈေးကွက်ထဲမှာ ကားဝယ်တဲ့သူတော်တော် များများက လုပ်ငန်းသုံးကားတွေဖြစ်တဲ့ တက္ကစီနံပါတ်
က်ပြီးသား စီစီနဲ့ ဒီဒီကားတွေကို အမေးများကြတယ်။ အဲဒီကားတွေလည်း သူ့ဟာ နဲ့သူတော့
အရောင်းအဝယ်ဖြစ်နေတာပဲ။ စလစ် ကားတွေကတော့ အရောင်းအဝယ်သိပ်မဖြစ်ဘူး လို့ ကား
အရောင်းစင်တာတွေတော်တော် များများက ပြောကြတယ်။ ၀ယ်ပြီးချက်ချင်းသုံးလို့ရတဲ့ကားတွေ
ကိုပဲ အဝယ်များကြတယ်။ စလစ်ကို လိုက်ဝယ်တဲ့သူတွေကတော့ များနေ တုန်းပဲ။ ဒါကလည်း
ဈေးကွက်ထဲမှာအရောင်း အဝယ်ဖြစ်ရင် စလစ်ဈေးကပိုပြီး အဓိကကျလို့ ပါ။ စလစ်ဈေးတက်နေရင်
အရောင်းအဝယ်ကောင်းတယ်" ဟု ကားဝယ်ရောင်း ကိုထိန်လင်း က ပြောသည်။
ဈေးကွက်အတွင်း လုပ်ငန်းသုံးကားများ လည်း အရောင်းအဝယ်ဖြစ်ခဲ့ပြီး အဆိုပါ ကား များတွင်
အင်ဂျင်ပါ၀ါနည်းသည့် မီနီထရပ် လုပ်ငန်းသုံးကားများကို ဈေးနှုန်း သက်သာခြင်း ကြောင့် ၀ယ်ယူ
သူများခဲ့ကာ အမြင့်ကား အများစုမှာ နယ်ဝယ်လက်အဆင်းများချိန်တွင် ပိုမိုအရောင်းအဝယ်ဖြစ်
ကြောင်း ကားဝယ်ရောင်း ကိုတင်အောင်ဌေးက ပြောသည်။
"ဈေးကွက်ထဲမှာ စလစ်တွေကတော်တော် လေး အရောင်းအဝယ်ကောင်းနေတယ်။ စလစ် ဈေးက
လည်း သူဟာနဲ့သူပေါက်ဈေးရှိတယ်။ လုပ်ငန်းသုံးစလစ်နဲ့ ကားဟောင်းစလစ်ဆိုပြီးရှိတဲ့အထဲမှာ
လုပ်ငန်းသုံးစလစ်ကပိုပြီးတော့ အရောင်းအဝယ်လိုက်တယ်။ ဈေးကလည်း သိန်း ရ၀ ကျော်နဲ့ ၈၀
ကြားပဲရှိတော့ ၀ယ်သူ တွေ ဒီရက်ပိုင်းမှာစိတ်ဝင်စားလို့ ၀ယ်ကြတာ များတယ်" ဟု ကားအရောင်း
အဝယ် လုပ်ကိုင် သူ ကိုဦးက ပြောသည်။
















