အဖြေရှာမရသည့် ကျဆင်းနေသော ပြည်ပရေထွက်ကုန်တင်ပို့မှု

အဖြေရှာမရသည့် ကျဆင်းနေသော ပြည်ပရေထွက်ကုန်တင်ပို့မှု

ပြီးခဲ့သည့်နှစ်များအတွင်း သိသာစွာကျဆင်းလာ သည့် မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်း ပြည်ပ
တင်ပို့မှုကိုပြန်လည်မြှင့်တင်ရန်မှာ လုပ်ငန်း ရှင်များအတွက် ခက်ခဲနေဆဲဖြစ်သည်။ မွေးမြူရေးပိုင်း
သည် အကျဘက်ကိုသာ ဦးတည်နေသည့်အတွက် ငွေအရင်းအနှီးနှင့် နည်းပညာများကို နိုင်ငံတော်
က အဓိကပံ့ပိုးမှ သာလျှင် ပြည်ပတင်ပို့မှု မြှင့်တင်နိုင်မည် ဖြစ်ကြောင်း လုပ်ငန်းရှင်များနှင့်ငါးလုပ်ငန်း
အဖွဲ့ချုပ်မှ တာဝန်ရှိသူများက ပြောသည်။

မြန်မာနိုင်ငံ၏ ရေထွက်ကုန်ပစ္စည်း ပြည်ပ တင်ပို့မှုမှာ ၂၀၁၃ ၂၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်
လာ သန်း ၁၀၀ ခန့် ကျဆင်းနိုင်ကြောင်း ၎င်းတို့က ခန့်မှန်းသည်။ မွေးမြူရေး၊ ဗရလုပ်ငန်းနျင့် ကျေး
လက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ၏ ရေထွက် ကုန်ပစ္စည်း ပြည်ပတင်ပို့မှုအား နှစ်စဉ်
'ကန်'ဒေါ်လာ သန်း ရ၀၀ ခန့် လျာထားခဲ့ပြီး ယခင်နှစ် များတွင် အမေရိကန်ဒေါ်လာ သန်း ၆၀၀
ကျော် ၀န်းကျင် ရရှိခဲ့သည်။

သို့သော် ယခုဘဏ္ဍာနှစ်နှစ်လယ်ပိုင်းမှစတင်ပြီး ယခင်နှစ်များထက်ဝင်ငွေသိသိသာသာ လျော့ကျ
နေခဲ့ပြီး ၂၀၁၃ နှစ်ကုန်ပိုင်းတွင်ရရှိသည့် ၀င်ငွေအနေအထား ပေါ်မူတည်ကာ ဒေါ်လာ သန်း ၁၀၀
ခန့် လျော့ကျမည်ဟု တာဝန်ရှိသူများက ခန့်မှန်းခြင်းဖြစ်သည်။

"ဒီနှစ်က ၀င်ငွေရော၊ တန်ချိန်ရောကျပါ တယ်။ အခုအနေအထားအတိုင်းဆိုရင် ဒီဘဏ္ဍာနှစ်ကုန်တဲ့
အထိကို ကြိုးစားပြီး တင်ပို့ တာတောင် အရင်နှစ်တွေကို မမီနိုင်ပါဘူး။ အခု လက်ရှိ အမေရိကန်
ဒေါ်လာ သန်း ၄၀၀ ကျော် ပဲ ရှိသေးတယ်။ နောက်လကုန်ရင် ဒီဘဏ္ဍာနှစ် ကုန်ပြီဆိုတော့ အရင်
နှစ်ကျရတဲ့ ဒေါ်လာ သန်း ၆၀၀ ကျော်ကို လုံးဝမမီနိုင်လောက် တော့ဘူး" ဟု မြန်မာနိုင်ငံငါးလုပ်ငန်း
အဖွဲ့ချုပ် ၏ ရေထွက်ကုန်ပစ္စည်းတင်ပို့သူများနျင့် ထုတ်လုပ်ရောင်းချသူများ အသင်းမှ ဘဏ္ဍာရေးမှူး
ဖြစ်သူ ဒေါက်တာတိုးနန္ဒာတင်က ပြောသည်။

လက်ရှိ ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့မှု အခြေအနေသည် ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့ မှ ၂၀၁၄
ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့ထိ စာရင်း များအရ ၀င်ငွေမှာ ကန်ဒေါ်လာ ၄၄၅ ဒသမ ၅၆၆ သန်းဖြစ်ပြီး
တန်ချိန်မှာ မက်ထရစ် တန် ၂၇၉,၀၀၀ ကျော်ဖြစ်သည်။ ယခင်နှစ် ယခုအချိန်နျင့် နှိုင်းယှဉ်ပါက
ဒေါ်လာ ၈၄ သန်းခန့်လျော့နည်းနေပြီး တန်ချိန် မှာလည်း မက်ထရစ် တန် ၂၂,၄၀၀ ခန့် လျော့
နည်းလျက်ရှိသည်။

"ဘဏ္ဍာနှစ်ကုန်ရင် ဒေါ်လာ သန်း ၅၅၀ လောက်ပဲ ရနိုင်မယ်လို့ ထင်တယ်။ မနှစ်က ဘဏ္ဍာနှစ်မှာ
ဒေါ်လာ ၆၅၂ သန်းကျော် ရခဲ့ တာ အဲဒါကြောင့် ဒေါ်လာ သန်း ၁၀၀ လောက် ကျမယ်လို့
ကျွန်တော်တို့အနေနဲ့ ခန့်မှန်းတာပါ။ ဒေါ်လာသန်း ၁၀၀ ဆိုတာ ပမာဏ တော်တော် များပါတယ်"
ဟု မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်၏ အကြံပေးတစ်ဦးဖြစ်သူ ဦးဟန်ထွန်းက ပြောသည်။

ယခုကဲ့သို့ ရေလုပ်ငန်းပြည်ပတင်ပို့မှု ကျဆင်း နေသည့်အတွက် လာမည့်နှစ်တွင် ပြန်လည် မြှင့်တင်
နိုင်ရန် လုပ်ငန်းရှင်များကကြိုးစား လျက်ရှိသော်လည်း ပြည်တွင်း ကုန်ကြမ်းရရှိမှု ဆက်လက်နည်းပါး
နေပါက ပြန်လည်မြင့်တက်ရန်မှာ ခက်ခဲကြောင်း ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အခုလိုမျိုး ရေထွက်ကုန်ပြည်ပတင်ပို့မှုကျဆင်းတာက ပြည်တွင်းကရရှိတဲ့ ငါး၊ ပုစွန် ကုန်ကြမ်း ရှား
ပါးတာကြောင့်ပါ။ ပြည်တွင်းက ငါး၊ ပုစွန်ထုတ်လုပ်မှု ကျဆင်းသွားတော့ ပြည်တွင်းဈေးတွေလည်း
မြင့်တက်လာတယ်။ ကုန်ကြမ်းလည်း နည်းလာတယ်။ ဒါဟာ ပြည်ပ တင်ပို့မှုအတွက် အခက်အခဲ
ဖြစ်စေပါတယ်။ ငါး၊ ပုစွန် ကုန်ကြမ်းကလည်း ဖမ်းဆီးရေးပိုင်း ရော၊ မွေးမြူရေးပိုင်းရော နှစ်ခုစလုံးကျ
ဆင်းနေ တာပါ။ ဒီကျဆင်းမှုကို ပြန်လည်မြင့်လာအောင် မလုပ်နိုင်ရင် ကိုယ့်မှာ နိုင်ငံတကာ
ဈေးကွက် တွေ ဘယ်လောက်ပဲရှိရှိ တင်ပို့မှုကတော့ မြင့်လာမှာမဟုတ်ဘူး" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံ၏ ရေထွက်ကုန် ကုန်ကြမ်း ရှားပါးမှုအား ပြန်လည်မြှင့်တင်နိုင်ရန်အတွက် အဆင့်မြင့် ငါး၊
ပုစွန်မွေးမြူရေးပိုင်းကို ပိုမိုအလေးထားပြုလုပ်သင့်သော် လည်း ယခုအချိန် ထိ ပြည်တွင်းလုပ်ငန်းရှင်
များတွင် ငါး၊ ပုစွန်မွေးမြူရေးပိုင်းကို ရင်းနှီးမြှုပ်နှံနိုင်သူ နည်းပါး လျက်ရှိကြောင်း ဦးဟန်ထွန်းက ပြော
သည်။

"ဖမ်းဆီးရေးပိုင်းကတော့ သဘာဝကနေရရှိတာဆိုတော့ တဖြည်းဖြည်းလျော့နည်းလာ နိုင်တယ်။
မွေးမြူရေးပိုင်းကနေ ငါးကုန်ကြမ်း ထုတ်လုပ်မှုကို မြင့်တက်လာအောင်လုပ်ရမှာပါ။ ဒါပေမဲ့ ငါး၊ ပုစွန်
မွေးမြူရေးအတွက် ပြည်တွင်းက ရင်းနှီးမြှုပ်နှံမယ့်သူတွေက တခြား လုပ်ငန်းတွေလောက် စိတ်မဝင်
စားကြဘူး။ လက်ရှိ မွေးနေတဲ့သူတွေကလည်း အရင်းအနှီး မနိုင်တော့ ထုတ်လုပ်မှုတွေလျော့ကုန်
တယ်" ဟု ၎င်းက ပြောသည်။

ပြည်ပရင်းနှီးမြှုပ်နှံမှုများမှာလည်း မြန်မာနိုင်ငံ တွင် မွေးမြူရေး၌ အဓိကလိုအပ်သော အခြေခံ
အဆောက်အအုံများဖြစ်သည့် လမ်းပန်း ဆက်သွယ်ရေး၊ လျှပ်စစ်မီးနျင့် ဘဏ်စနစ်များ မကောင်း
မွန်သည့်အတွက် လက်ရှိအခြေ အနေထိ ငါးလုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုမှာ
စိတ်ဝင်စားမှုသာရှိပြီး လက်တွေ့ အကောင်အထည်မဖော်နိုင်ခြင်း ဖြစ်ကြောင်း ဦးဟန်ထွန်းက
ပြောသည်။

"ကိုယ့်နိုင်ငံက ငါးပုစွန်မွေးမြူရေးလုပ်ငန်း ကို တော်တော်များများ စိတ်ဝင်စားကြပါတယ်။ လုပ်ကိုင်
လို့ကောင်းတဲ့ နေရာတွေလည်း အများ ကြီးရှိတယ်။ ဒါပေမဲ့ အားလုံးက စိတ်ဝင်စားရုံက လွဲပြီး
လက်တွေ့ရင်းနှီးမြှုပ်နှံဖို့ကို မလုပ်ကြဘူး။ ဒါကလည်း ကိုယ့်နိုင်ငံမှာ မခိုင်မာသေးတဲ့အခြေအနေ
တွေကြောင့် တကယ်မလာရဲသေး တာလို့ ထင်တယ်" ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံက တင်ပို့လျက်ရှိသည့် ရေထွက် ကုန်ပစ္စည်းများထဲတွင် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့
သည့် ကဏန်းပျော့နှင့် ငါးရှဉ့်တင်ပို့မှု များသာလျှင် ၀င်ငွေနျင့် တန်ချိန်မြင့်တက်လျက် ရှိပြီး ပုံမှန်
ကုန်သွယ်မှုမှတင်ပို့့သည့် မွေးမြူရေး ငါး၊ ပုစွန်နျင့် ကုန်ချောပစ္စည်းများမှာ ၀င်ငွေနှင့် တန်ချိန်များ
သိသိသာသာ ကျဆင်းခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံက အများဆုံး တင်ပို့ရောင်းချ သည့် မွေးမြူရေးငါးများဖြစ်သည့် ငါးမြစ်ချင်းနျင့် ငါးကြင်း
ငါးများမှာ နိုင်ငံအနည်းှုယ်ကသာ စားသုံးသည့် ငါးများဖြစ်ခြင်းကြောင့် တန်ဖိုးနှင့် ကုန်ချိန်မှာ အကန့်
အသတ်မျှသာရှိနေပြီး ၀ယ်လိုအားများသည့် ဈေးနငန်းမြင့်ငါးများ ကိုမူ မြန်မာနိုင်ငံတွင် လက်ရှိမွေးမြူ
သူ အလွန် နည်းကြောင်း ငါးကုန်ချောထုတ်လုပ်သည့် အဏ္ဏဝါဒေဝီငါးနျင့် အထွေထွေ တင်ပို့ရောင်း
ချ ရေး ကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ ဒေါ်တိုးနန္ဒာတင်က ပြောသည်။

"မွေးမြူတဲ့သူတွေကလည်း ငါးမြစ်ချင်း လောက်ပဲ မွေးကြတယ်။ အမေရိကန်နဲ့ အီးယူ ဈေးကွက်
အကြိုက် ကကတစ်တို့၊ တီလားပီးယား တို့ကို မွေးနိုင်မယ်ဆိုရင် အခွန်ကင်းလွတ်ခွင့် ရပြီးသားနိုင်ငံ
တွေ ပိုပြီးအကျိုးအမြတ်ရနိုင်ပါ တယ်" ဟု ၎င်းက ပြောသည်။ ငါးမြစ်ချင်းနျင့် ငါးကြင်းမှာ တစ်ကီလို
လျှင် အမေရိကန် တစ်ဒေါ်လာဝန်းကျင်သာဈေးရ ပြီး ကကတစ်နှင့် တီလားပီးယားငါးများမှာ တစ်ကီ
လိုလျှင် အမေရိကန် သုံးဒေါ်လာကျော် ဈေးပေါက်လျက်ရှိသည်။

မြန်မာနိုင်ငံက တင်ပို့လျက်ရှိသော ရေထွက် ကုန် ပစ္စည်းများထဲတွင် ပုစွန်ကို ဂျပန်၊ တရုတ်၊ ဟောင်
ကောင်၊ ဗီယက်နမ်နျင့် အမေရိကန်နိုင်ငံ များသို့ တင်ပို့ပြီး မွေးမြူရေးငါးများ ဖြစ်သည့် ငါးမြစ်ချင်း၊
ငါးကြင်းနျင့် ငါးကြောင်းတို့ကို ဘင်္ဂလားဒေ့ရှ်နျင့် အရှေကအလယ်ပိုင်းနိုင်ငံများ သို့တင်ပို့့လျက်ရှိ
ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ငါးရှဉ့်၊ ကဏန်းနှင့် ကဏန်းပျော့များအား နယ်စပ်မြိုကများမှတစ်ဆင့် တရုတ်ပြည်သို့ အများဆုံး
တင်ပို့ရောင်းချလျက် ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး