ကမ္ဘောဒီးယား အသေးစားငွေကြေး ၀န်ဆောင်မှုလုပ်ငန်း တိုးချဲ့မည်

ကမ္ဘောဒီးယား အသေးစားငွေကြေး ၀န်ဆောင်မှုလုပ်ငန်း တိုးချဲ့မည်

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်တစ်နှစ်ကျော်မှစတင်ကာ ဘဏ်ကိုယ်စားလှယ်ရုံးဖွင့်လှစ်ပြီး အသေးစား
ငွေကြေးဝန်ဆောင်မှုလုပ်ငန်းကို လုပ်ကိုင်ခဲ့သော ကမ္ဘောဒီးယား အခြေစိုက် ACLEDA ဘဏ်က
တည်ထောင်ထားသော ACLEDA MFI Myanmar ကုမ္ပဏီလီမိတက် သည် လုပ်ငန်းရလဒ်များ
ကောင်းမွန်ခြင်းကြောင့် ရုံးခွဲအရေအတွက်ကို သုံးဆတိုးမြှင့်ကာ ၁၈ ခု အထိ ဖွင့်လှစ်သွားမည်ဖြစ်
ကြောင်း လုပ်ငန်းဆိုင်ရာအကြံပေးဖြစ်သူ Mr.Meas Sangvath က မြန်မာတိုင်း(မ်)ကို ပြောသည်။

"ဒီနှစ်ထဲမှာ ရုံးခွဲ ၁၈ ခုအထိတိုးချဲ့ဖွင့်ပြီး အသေးစားငွေချေးလုပ်ငန်းကို တိုးချဲ့သွားမှာ ပါ။ မြန်မာ
နိုင်ငံမှာ လုပ်ခဲ့တဲ့တစ်နှစ်အတွင်း ပြန်မရတဲ့ချေးငွေ လုံးဝမရှိသေးပါဘူး။ ငွေချေး တဲ့သူတွေဘက်
က အပြည့်အဝ ပြန်ဆပ်ကြပါ တယ်" ဟု ၎င်းက ပြောသည်။

အဆိုပါ အသေးစားငွေကြေးဝန်ဆောင်မှု ကုမ္ပဏီကို မြန်မာနိုင်ငံတွင်၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ ၈
ရက်တွင် စတင်ခဲ့ခြင်း ဖြစ်ကာပြီးခဲ့သည့် နှစ်ကုန်ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်အထိ ငွေချေးယူသူ
၈,၃၆၁ ဦးကို အမေရိကန်ဒေါ်လာ ၃ ဒသမ ၂၆ သန်း ထုတ် ချေးခဲ့ပြီး အားလုံးအပြည့်အဝပြန်
လည်ရရှိ သည်အထိ လုပ်ငန်းအောင်မြင်ခဲ့ကြောင်း ၎င်းက ပြောသည်။

ACLEDA ဘဏ်သည်မြန်မာအသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းက သတ်
မှတ်ထားသည့် ချေးငွေအတိုးနှုန်း တစ်လ လျှင် ၂ ဒသမ ၅ ရာခိုင်နှုန်းဖြင့် တစ်ဦးလျှင် ချေးငွေ
ပမာဏ ကျပ် ၅၀၀,၀၀၀ အထိ ထုတ်ချေးပေးလျက်ရှိကာ အများဆုံး ၁၈ လ အတွင်း ပြန်လည်
ပေးဆပ်ရမည်ဖြစ်ပြီး အဆိုပါကာလ အတွင်း အတိုးနှင့် အရင်းငွေအား လစဉ်ပြန်လည် ပေးသွင်း
ရသည့်စနစ်ဖြင့် လုပ်ကိုင်လျက်ရှိကြောင်း Mr.Meas Sangvath က ပြောသည်။

လက်ရှိအချိန်တွင် ACLEDA ဘဏ်သည် ရန်ကုန်တွင် ရုံးခွဲ လေးခုနှင့် ပဲခူးတွင်နှစ်ခု စုစုပေါင်းရုံးခွဲ
ခြောက်ခုဖွင့်လှစ်ထားရာမှ ၂၀၁၄ ခုနှစ်အကုန်တွင် ၁၈ ရုံးအထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း ၎င်း
က ပြောသည်။

"ရုံးမဖွင့်ခင်တော့ ဈေးကွက်ရဲ့အနေအထားနဲ့ လူဦးရေအခြေအနေတွေကို လေ့လာရဦးမှာပါ။
ရန်ကုန်၊ ပဲခူးနဲ့ တခြားဒေသတွေမှာပါ ရုံးခွဲတွေ တိုးချဲ့သွားမှာပါ"ဟု ၎င်းက ပြောသည်။

ACLEDAMFI လုပ်ငန်းထံမှ ချေးငွေ လျှောက် ထားရာတွင် အသက် ၁၈ နှစ်ပြည့်ပြီးသူ ဖြစ်ရ
မည်ဖြစ်ပြီး နိုင်ငံသားစိစစ်ရေးကတ်ရှိရမည် ဖြစ် ကာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၏ သက်ဆိုင်ရာ
ရပ်ကွက်တွင်း နေထိုင်ကြောင်းထောက်ခံစာ၊ တရားဥပဒေနှင့် ငြိ စွန်းမှုမရှိကြောင်း ထောက် ခံစာ၊ အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာ၊ ချေးငွေမကျေမချင်း နေထိုင်ရာ နေရာပြောင်း
ရွှေ့ရန် အစီအစဉ်မရှိသေးကြောင်း ထောက်ခံစာနှင့် ၀င်ငွေရရှိသည့် လုပ်ငန်းရှိကြောင်း ထောက်ခံ
ချက်စသည့် အချက်တို့ကိုတင်ပြကာ လျှောက်ထားနိုင်သည်။

"ကျွန်တော်တို့ ဘယ်လိုလူတန်းစားကိုမှ ငွေချေးမယ်ဆိုပြီး ခွဲခြားထားတာမရှိပါဘူး။ အချက်
အလက်နဲ့ကိုက်ညီရင် အားလုံးကို ချေး မှာပါ"ဟု Mr.Meas Sangvath က ပြောသည်။ မကြာ
သေးမီအချိန်က မြန်မာအသေးစားငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေးလုပ်ငန်း က မြန်မာနိုင်ငံ
တွင် လုပ်ငန်းဆောင်ရွက်သည့် အသေးစားငွေကြေးဝန်ဆောင်မှု လုပ်ငန်းများ အား ချေးငွေပမာဏ
ကို ကျပ်ငွေ ၅၀၀,၀၀၀ ထက် မကျော်လွန်စေရန် သတ်မှတ်လိုက်ခြင်းကြောင့် လတ်တလောတွင်
အဆိုပါပမာဏထက် ကျော် လွန်ကာ ချေးပေးနိုင်မည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

"ငါးသိန်းဆိုတဲ့ပမာဏက ငွေချေးချင်တဲ့သူတွေရဲ့ လိုအပ်ချက်ကို လုံလုံလောက်လောက် ဖြည့်
ဆည်းနိုင်မှာမဟုတ်ဘူးဆိုတာကို ကျွန်တော် တို့ နားလည်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ အဖွဲ့
အစည်းရဲ့ ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းတွေလည်း မကြာခင် ပြောင်းလဲလာလိမ့်မယ်လို့
ကျွန်တော်တို့မျှော်လင့်ထားပါတယ်"ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် လက်ရှိလုပ်ကိုင်နေသော အသေးစားငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ၏ ရယူ
သောအတိုးနှုန်းထားသည် ဘဏ်တိုး၏နှစ်ဆခန့်ဖြစ်နေသေးရာ အဆိုပါပမာဏထက်လျှော့ချသင့်
သည်ဟု မြန်မာ့စီးပွားရေးလေ့လာ သူ ပြည်တွင်းစီးပွားရေးပညာရှင် ဦးလှမောင်က မြန်မာတိုင်း(မ်)
ကို ပြောသည်။

"တစ်လကို ၂ ဒသမ ၅ ရာခိုင်နှုန်းဆိုတာက တော့ လက်ရှိမြို့ပေါ်မှာ ဈေးသည်တွေ နေ့ပြန်တိုးကို
၁၀ ရာခိုင်နှုန်းလောက်ပေးနေရတာ နဲ့စာရင်တော့ အများကြီးသက်သာတာပေါ့။ ဈေးသည်တွေက
အများအားဖြင့် တစ်သိန်း လောက်ပဲ ချေးကြတာများတယ်ဆိုတော့ ငါးသိန်းဆိုတဲ့ပမာဏကလည်း
အရင်းလုပ်လို့ လောက်ပါတယ်။ အဲဒီတော့ သူတို့အတွက် ကတော့ အဆင်ပြေတာပေါ့။ ဒါပေမဲ့
တောင်သူ လယ်သမားတွေအတွက်ဆိုရင်တော့ ဒီနှုန်းက များနေပါသေးတယ်။ လယ်ယာဘဏ်က
ချေး တာက တစ်နှစ်ကိုမှ ၁၃ ရာခိုင်နှုန်းလေ။ အခု ဟာက အစိုးရဘဏ်တိုးရဲ့နှစ်ဆလောက်ဖြစ်နေ
တော့ ဒီထက်လျှော့ပေးနိုင်ရင် ပိုကောင်းလိမ့် မယ်။ လျှော့ဖို့လည်းလို လိမ့်မယ်"ဟု ၎င်းက
ပြောသည်။

မြန်မာနိုင်ငံတွင် သမဝါယမအပါအဝင် အသေးစား ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ ၏ ချေးငွေ
အတိုးနှုန်းမှာ တစ်လလျှင် ၂ ဒသမ ၅ ရာခိုင်နှုန်း၊ တစ်နှစ်လျှင် ၃၀ ရာခိုင်နှုန်းတိုး ဖြစ်ပြီး ဘဏ်
ချေးငွေတိုးဖြစ်သည့် တစ်နှစ်လျှင် ၁၃ ရာခိုင်နှုန်း၏ နှစ်ဆကျော်ခန့်ဖြစ်နေသည်။

၂၀၀၉ ခုနှစ်မှစတင်ခါ မြန်မာနိုင်ငံတွင်ပေါ်ပေါက်ခဲ့သော တောင်သူများသို့ ချေးငွေများ ထုတ်ချေး
သည့် ဆန်စပါးအထူးပြုကုမ္ပဏီများ မှာလည်း တစ်လလျှင် နှစ်ရာခိုင်နှုန်းအတိုးဖြင့် ၀န်ဆောင်မှု
ပေးခဲ့ပြီး သုံးနှစ်ဆက်တိုက် ရေကြီး မှုကြောင့် လယ်ယာလုပ်ငန်းများအရှုံးပေါ်၍ ချေးငွေများပြန်
မရခြင်းကြောင့် ကုမ္ပဏီ ၅၇ ခု အနက် ပြီးခဲ့သည့်စိုက်ပျိုးရာသီတွင် နှစ်ခု ခန့်သာ လုပ်ငန်း ဆက်လက်ဆောင်ရွက်နိုင် တော့သည်။

မြန်မာနိုင်ငံ တောင်သူလယ်သမားအသင်း(ယာယီ) ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက "တောင်သူ တွေ
ကို ငွေချေးတဲ့လုပ်ငန်းတွေဘာလို့ မအောင် မြင်ရလဲဆိုရင် လယ်ယာလုပ်ငန်းကဏ္ဍရဲ့ ပြုပြင်
ပြောင်းလဲရေးကို ကဏ္ဍစုံမှာချိတ်ဆက်ပြီးမလုပ် ခဲ့ဘဲ ငွေချေးတာတစ်ခုတည်းကို လုပ်ခဲ့လို့ပါ။
ပိုက်ဆံချေးတော့ တိုးစိုက်ကြပေမဲ့ ရေကြီးတာ တို့၊ ဈေးကျတာတို့ကြံုတော့ အားလုံးဆုံးရှုံးသွား
တော့တာပေါ့။ အသေးစားချေးငွေလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့်အောင်မြင်ဖို့ဆိုတာ မြန်မာနိုင်ငံ
မှာ အကန့်အသတ်တွေ အများကြီးလိုအပ်နေသေးတယ်"ဟု ပြောသည်။

ထိုကဲ့သို့ အသေးစားချေးငွေအတိုးနှုန်း တစ်လ ၂ ဒသမ ၅ ရာခိုင်နှုန်းသည် လက်လုပ် လက်စား
နှင့် ဈေးသည်များအတွက် ပြင်ပမှ ရယူ ရသည့် ချေးငွေတိုးနှုန်းထက် ပိုမိုသာလွန်သည့် အနေ
အထားဖြစ်သော်လည်း ချေးငွေရယူနိုင် ရန် သတ်မှတ်ချက် ပြည့်မီနိုင်မှုသည်လည်း လိုအပ်ချက်
တစ်ခု ဖြစ်နေသေးကာ အတိုးနှုန်း တစ်နှစ် ၃၀ ရာခိုင်နှုန်းသည် အသေးစား စီးပွား ရေးလုပ်ငန်း
များအတွက် လုပ်ငန်းလည်ပတ်ရန် မဖြစ်နိုင်သည့်နှုန်းထား ဖြစ်နေသေးကြောင်း ဦးလှမောင်က
သုံးသပ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး