၂၀၁၄ခုနှစ်အတွင်း နိုင်ငံခြားဘဏ်များလုပ်ကိုင်ခွင့်ရရှိနိုင်မည်

၂၀၁၄ခုနှစ်အတွင်း နိုင်ငံခြားဘဏ်များလုပ်ကိုင်ခွင့်ရရှိနိုင်မည်

ယခုနှစ်အတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံတကာဘဏ်များအား မြန်မာနိုင်ငံတွင်
ငွေကြေးဆိုင်ရာလုပ်ငန်းများဆောင်ရွက်ခွင့်ပေးသွားရန်ရှိရာ ၂၀၁၄ ခုနှစ်မကုန်မီ အနည်းဆုံး
နိုင်ငံခြားဘဏ်ငါးခုနှင့်အထက် စတင်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်ဟု ဗဟိုဘဏ်တာဝန်ရှိသူ
တစ်ဦးက ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

"လက်ရှိတော့ ကျွန်တော်တို့က နိုင်ငံခြားဘဏ်တွေကိုခွင့်ပြုနိုင်ဖို့ အတိုင်ပင်ခံကုမ္ပဏီီရွေးတဲ့
အဆင့်မှာပဲရှိသေးတယ်။ ဒါပြီးရင်တော့ အတိုင်ပင်ခံကုမ္ပဏီီနဲ့ ပူးပေါင်းပြီး နိုင်ငံခြားဘဏ်တွေကို
ရွေးချယ်ခွင့်ပြုသွားမှာပါ။ အတိုင်ပင်ခံကုမ္ပဏီီရွေးဖို့အတွက်တော့ စိတ်ဝင်စားမှုအဆိုပြုလွှာတွေ
ကို နောက်လထဲမှာ ခေါ်သွားဖို့ရှိပါတယ်" ဟု အမည်မဖော်လိုသူ ဗဟိုဘဏ်အဆင့်မြင့်အရာရှိ
က မြန်မာတိုင်း(မ်)ကို ပြောကြားသည်။

ဗဟိုဘဏ်အနေဖြင့် အခြေခံ အဆောက်အအုံပိုင်းနှင့် လုပ်ထုံးလုပ်နည်းဥပဒေ ဆိုင်ရာလုပ်ငန်း
စဉ်များအား ဦးစားပေးရန်ရှိနေခြင်းကြောင့် နိုင်ငံတကာဘဏ်များအား စိစစ်ခွင့်ပြု ရေးသည်
နှောင့်နှေးကျန့်ကြာနေရခြင်း ဖြစ်သည်ဟုလည်း သိရသည်။

"နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးသွားရမှာပါ။ တကယ်တော့ နိုင်ငံခြားဘဏ်အားလုံးကို
လုပ်ကိုင်ခွင့်ပေးလိုက်ချင်တာ။ ဒါပေမယ့် ပြည်တွင်းဘဏ်ကလည်း စိုးရိမ်တဲ့အနေအထား ရှိနေတဲ့
အတွက် ကန့်သတ်အရေအတွက်ကိုပဲ ခွင့်ပြုသွားဖို့ရှိပါတယ်။ အတိုင်ပင်ခံကုမ္ပဏီီရွေးပြီးနောက်
နိုင်ငံခြားဘဏ်တွေကို စိစစ်ရွေးချယ်တာကတော့ သုံးလလောက်ပဲ ကြာနိုင်ပါတယ်" ဟုလည်း
အထက်ပါဗဟိုဘဏ်အရာရှိက ပြောကြားသည်။

နိုင်ငံတကာဘဏ်များအား မြန်မာနိုင်ငံတွင် လုပ်ကိုင်ခွင့်ပြုရေးနှင့် ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုများ အတွက် နိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ၊ာ့ဘဏ်၊ အာရှ
ဖွံ့ဖြိုး ရေးဘဏ်နှင့် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (ဂျိုက်ကာ) တို့နှင့်
ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။

ယခုအချိန်ထိ မြန်မာနိုင်ငံတွင် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရရှိရန် နိုင်ငံတကာ
ဘဏ်ပေါင်း ၃၅ ခုက စောင့်ဆိုင်းနေကြပြီး၊ ပြင်ဆင်ရေးဆွဲနေသည့် ငွေကြေးအဖွဲ့အစည်းဆိုင်ရာ
ဥပဒေအတည်ပြုပြီးက ပုဂ၊လိကငွေကြေးအားလုံး ဗဟိုဘဏ်က စီမံကွပ်ကဲသွားမည်ဟုလည်း
ဗဟိုဘဏ်တာဝန်ရှိသူက ပြောကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး