ရန်ကုန် ကားဈေးကွက်အတွင်း အရောင်းအဝယ်ပြန်လိုက်လာပြီး စလစ်ဈေးနှုန်းမှာလည်း ကျပ်
၁၀၄ သိန်းအထိ ဈေးတက်လာကြောင်း ကားအရောင်းအဝယ်လုပ်ကိုင်သူ များက ပြောသည်။
ကားဝယ်ရောင်းများက ယခုရက်ပိုင်းတွင် ဈေးကွက်တွင်းအရောင်းအဝယ်မှာ သိသာစွာတက်
လာကြောင်းပြောသည်။ လက်ရှိအချိန် မှာ ရာသီသီးနှံပေါ်ချိန် ဖြစ်ခြင်းကြောင့် နယ်ဝယ်လက်များ
အဆင်းများကြောင်းလည်း ပြောသည်။
ထိုနယ်ဝယ်လက်များမှာ လုပ်ငန်းသာမက သွားလာရေးအတွက်ပါအထောက်အကူဖြစ်သည့်
ဆူဇူကီးမီနီလိုက်ထရပ်ကားများကို အဝယ်များကြောင်း ပြောသည်။
"ထော်လာဂျီတစ်စီးကို ၂၅ သိန်းအထက်လောက်ပေးပြီးသုံးရမယ့်နေရာမှာ ကျပ် သိန်း ၅၀
ကျော်လောက်နဲ့ ခရီးတွင်ပြီး သွားလာရေးအဆင်ပြေတဲ့ ခွေးဘီလူးလို့ ခေါ်တဲ့ ဆူဇူကီး မီနီ
လိုက်ထရပ်ကားတွေကို နယ်ဝယ်လက်တွေ ပိုဝယ်ကြတယ်။ ဈေးကလည်းသင့်တော့
အလွယ်တကူဝယ်နိုင်လို့ အရောင်းသွက်တာပါ" ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ
ကိုဦးက ပြောသည်။
နယ်လိုင်စင်ဖြင့် ၀င်ရောက်လာသည့်အငှားကားများကို မူလအမည်ပေါက် တိုင်းဒေသကြီးနှင့်
ပြည်နယ်များသို့ ဒဏ်ရိုက်ကာ ပြန်ပို့မည့်သတင်း ထွက်ပေါ်လာခြင်းကြောင့် ရန်ကုန်တွင် နယ်
လိုင်စင်အမည်ပေါက်ဖြင့် အငှားယာဉ်ပြေးဆွဲနေသူများ အခက်ကြံုနေရ ကြောင်း ကားဝယ်ရောင်း
များက ပြောသည်။
"သက်ဆိုင်ရာက အငှားယာဉ်တင်သွင်းတုန်း က ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းဒေသကြီး အစိုးရ
အဖွဲ့ ထောက်ခံချက်နဲ့ အငှားကား တွေကို တင်သွင်းခွင့်ပြုခဲ့ပေမယ့် အဲဒီ တင်သွင်းခွင့်ပြုတာက
သူ့ပြည်နယ်နဲ့ တိုင်း ဒေသကြီးတွေမှာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့နဲ့ ဒေသတွင်း လုပ်ငန်း
တွေ သွားလာရေး အဆင်ပြေဖို့ကို လုပ်ပေးခဲ့တာ။ အခုတော့ ကုမ္ပဏီတွေက ပြည်ပ တင်သွင်းခွင့်
ပြုပြီး ကားရပြီဆိုတာနဲ့ ရန်ကုန်ဈေးကွက် ထဲကို နယ်လိုင်စင်နဲ့ တန်းပြီးတင်သွင်းပြီး အရောင်း
အဝယ်လုပ်လာတဲ့အတွက် ရန်ကုန် အငှားကားဈေးကွက်မှာ နယ်လိုင်စင်နဲ့ ခွင့် ပြုထားတဲ့ကားတွေ
များနေတယ်။ အဲဒီလို များလို့ ယာဉ်ကြောပိတ်ဆို့မှုတွေဖြစ် ရတာ" ဟု ကားအရောင်းအဝယ်လုပ်
ကိုင်သူ ဦးမင်းညွန့် က ပြောသည်။
လတ်တလော ဈေးကွက်အတွင်း ၀ယ်လက်အဆင်းများလာခြင်းကြောင့် ရန်ကုန်မြို့ရှိ ကားဈေး
ကွက်နေရာအားလုံးတွင် အရောင်းအဝယ်ပြန်သွက်လာကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူ ကို
ထွန်းအောင်စိုးက ပြောသည်။ "သီရိမင်္ဂလာကားပွဲစားတန်းရော မင်းရဲ ကျော်စွာ ကားပွဲစားတန်း
မှာပါ ဒီရက်ပိုင်း သူ့ဟာနဲ့သူ အရောင်းအဝယ်ကောင်းကြတယ်။ ဒီလိုအရောင်းအဝယ်ဖြစ်တော့
ပွဲစားတွေလည်း အလုပ်ဖြစ်တာပေါ့" ဟု ၎င်းက ပြောသည်။
ရန်ကုန်ဈေးကွက်ရှိ နယ်လိုင်စင်အမည်ပေါက်ကားအား ဒဏ်ရိုက်အရေးယူခြင်းကို ပြီးခဲ့သည့်နှစ်၊
ဒီဇင်ဘာလ ၂၇ ရက်နေ့မှ စတင်ပြီး သသက်ဆိုင်ရာဒေသများသို့ ပြန်ပို့ ခဲ့ခြင်းကြောင့် ရန်ကုန်
ဈေးကွက်တွင် လက်ရှိအသုံးပြုနေသည့် အေအေ၊ ဘီဘီနှင့် စီစီအငှားယာဉ်ဈေးများ တက်လာနိုင်
ကြောင်း ကားဝယ်ရောင်းများက ခန့်မှန်းသည်။ လတ်တလောဈေးကွက်အတွင်း တက္ကစီစလစ်
အမည်ပေါက်ဈေးနှုန်းများမှာ ကျပ် ၁၀၄ သိန်းရှိပြီး တက္ကစီအပ်ကားဈေးနှုန်းမှာ ကျပ် သိန်း ၆၀ မှ
၆၄ သိန်း အထိရှိကာ အက္ခရာကားများဖြစ်သည့် လ/သ/အ အက္ခရာကားများမှာလည်း ကျပ် ၉၉
သိန်းဝန်းကျင်အထိ ဈေးတက်လျက်ရှိသည်။
















