နာလန်မထူနိုင်ဘဲ ခက်ခက်ခဲခဲရုန်းကန်နေရဆဲ ဆားတောင်သူများ

နာလန်မထူနိုင်ဘဲ ခက်ခက်ခဲခဲရုန်းကန်နေရဆဲ ဆားတောင်သူများ

"နာဂစ်မုန်တိုင်းက ၂၀၀၈ ခုနှစ်တည်းက ပြီးခဲ့ပါ ပြီ။ ဒါပေမဲ့ ကျွန်တော်တို့ ဆားတောင်သူတွေ
အတွက်တော့ မုန်တိုင်းက ခုချိန်ထိ တိုက်နေ တုန်းပါပဲ။ ပြန်မထူနိုင် သေးဘူး" လို့ ညည်းတွား
လိုက်တဲ့ ဆားတောင်သူ ဦးဇော်မင်းရဲ့မျက်နှာမှာ အလွန်အမင်းစိုးရိမ်ပူပန်နေတဲ့ အရိပ်အယောင်
တွေ အတိုင်းသား မြင်နေရပါတယ်။

၂၀၀၈ ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ် မုန်တိုင်းရဲ့ နောက်ဆက်တွဲဆိုးကျိုးက ဆား တောင်သူတွေ
ကို အခုအချိန်အထိ ရိုက်ခတ် နေဆဲဖြစ်ပြီး မုန်တိုင်းအလွန် ခြောက်နှစ်ကျော် ကာလအထိ ပြန်
လည်မထူထောင်နိုင်ဘဲ အကူ အကယ်သာမရှိခဲ့ရင်တော့ လုပ်ငန်းကြီးတစ်ခု လုံး လာမည့်နှစ်
အနည်းငယ်အတွင်း ပျက်သုဉ်း တော့မယ့် အခြေအနေ ဆိုက်နေပြီလို့လည်း ဆားတောင်သူတွေ
က ပြောပါတယ်။

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ်တစ်ခုလုံးမှာ နာဂစ်မုန်တိုင်းမတိုင်ခင်က ဆား ထုတ်လုပ်
တဲ့ တောင်သူပေါင်း ၁၉၁ ဦးရှိခဲ့ပြီး ထုတ်လုပ်မှုဧက ၈,၉၉၂ ရှိခဲ့ကာ ဆားကြမ်း ပိဿာ ချိန်ပေါင်း
နှစ်စဉ် ရ၁၆ သိန်းထုတ်လုပ် နိုင်ခဲ့ကြောင်း လပွတ္တာမြို့နယ် နေလှန်းဆား ထုတ်လုပ်သူများအသင်း
က ပြုစုထားတဲ့ စာရင်း တွေမှာ ဖော်ပြနေပါတယ်။

"တစ်မြို့နယ်လုံးထုတ်လုပ်အင်အားက ၃၀ ရာခိုင်နှုန်းလောက်ပဲ ရှိတော့တယ်။ မုန်တိုင်း အပြီး
ထုတ်လုပ်မှုကျဆင်းတာက ဆက်တိုက် ပဲ။ ထုတ်လုပ်မှုလျော့ကျလာတာနဲ့အမျှ ဒီနှစ် လုပ်ကိုင်
နေတဲ့ ၆၄ ဦးလောက်ကလည်း အခက် အခဲမျိုးစုံနဲ့ကို လုပ်နေရတယ်။ အရင်နှစ်တွေအတွင်းမှာ
လည်း မတတ်သာတော့လို့ ရပ်လိုက် ရတဲ့ တောင်သူတွေက ပြန်လုပ်ချင်ပေမယ့် ဒီလုပ်ငန်းက
မျှော်လင့်ချက်မရှိဖြစ်နေတော့ သူတို့လည်း မတတ်သာဘူး" လို့ အသင်း အတွင်းရေးမှူး
ဦးဇော်မင်းက ပြောပါတယ်။

လက်ရှိဘဏ္ဍာနှစ်ဖြစ်တဲ့ ၂၀၁၃ ၁၄ ရဲ့ ဆားထုတ်ရာသီမှာ ဆားကြမ်းထုတ်လုပ်သူ ၆၄ ဦးပဲရှိပြီး
ဆားထုတ်ဧရိယာ ၃,၈၂၁ ဧကသာ ကျန်ရှိတာမို့ ဆားကြမ်း ထုတ်လုပ်နိုင်မှု ပိဿချိန် ၃၀၄ သိန်း
ကိုသာ ထုတ်လုပ်နိုင်ပြီး တစ်ဧကကို ဆားကြမ်း ပိဿာ ၈,၀၀၀ ခန့်သာ ထုတ်လုပ် နိုင်ပါတော့
တယ်။

မြန်မာနိုင်ငံမှာ နေလှန်းဆားကို ဧရာဝတီတိုင်းဒေသကြီး ငပုတော၊ လပွတ္တာမြိုကနယ်တွေ နဲ့
ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်တို့မှာ အများ ဆုံး ထုတ်လုပ်တာဖြစ်ပြီး လပွတ္တာမြိုကနယ်တစ်ခု
တည်းက တစ်နိုင်ငံလုံးဆားထုတ်လုပ်မှုရဲ့ ၆၀ ရာခိုင်နှုန်းကို ထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။
ပြည်တွင်းစားသုံးမှုက ပျှမ်းမျှအားဖြင့် လူတစ်ဦးကို ဆားနှစ်ပိဿာခန့်ရှိပြီး တစ်နိုင်ငံ လုံးအတိုင်း
အတာနဲ့ဆိုရင် တစ်နှစ်ကို ဆားကြမ်း တန်ချိန်ပေါင်း သုံးသိန်းခန့် ထွက်ရှိကာ ဧရာဝတီ တိုင်း
တစ်ခုတည်းက ဆားတန်ချိန် နျစ်သိန်း နီးပါးထုတ်လုပ်နေတာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာလည်း အလားတူ ပြဿနာတွေကို ရင်ဆိုင်နေရ ပါတယ်။
၂၀၁၂ ခုနှစ်ကစတင်ပြီး ဆားထုတ်ဧရိယာလျော့ကျမှုနဲ့ပတ်သက်လို့ ဧရာဝတီတိုင်းဒေသကြီး
အစိုးရကို တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အဲဒီကမှ သတ္တုသယံဇာတ ကော်မတီ ကို ဆက်
သွယ်ပြီး ပြည်ထောင်စုလွှတ်တော် အထိ တင်ပြဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပေမယ့် အခုအချိန်အထိ
အရာမထင်သေးပါဘူး။ "ဆားလုပ်ငန်းက တဖြည်းဖြည်း လုပ်ငန်းကြီး တစ်ခုလုံးနီးပါး ပျက်တော့
မယ့်အနေအထားရောက်နေပြီ။ အခုလုပ်နေတဲ့ ၆၄ ဦးကလည်း လာမယ့်နှစ်ဆိုရင် တစ်ဝက်လောက်
လျော့သွား မယ့် အနေအထားရောက်နေတယ်။ လုပ်ငန်း ကြီးတစ်ခုလုံး ဗုန်းဗုန်းလဲကျသွားမှဆိုရင်
ဘာမှ လုပ်လို့မရတော့ဘူး။ ကျွန်တော်တို့က အချိန်မီ လေး ကာကွယ်ဖို့ဘကိုးစားနေပေမယ့်
ဘယ်သူက မှ အရေးတယူ ဆောင်ရွက်ပေးတာမရှိတော့ တော်တော်လေး စိတ်ပျက်အားငယ်
မိတယ်" လို့ ဦးဇော်မင်းက ပြောပါတယ်။

၂၀၀၈ ခုနှစ်မတိုင်မီက ဆားဈေးမှာ ထုတ်လုပ် မှုစရိတ်ကိုကာမိရုံသာမက ဈေးကောင်းသည့်
အခြေအနေမျိုးရှိခဲ့ပြီး ဆားလုပ်ငန်းနဲ့ မိတ်ဖက်လုပ်ငန်းတွေဖြစ်တဲ့ သီးနှံဆားစိမ် လုပ်ငန်း၊
ပင်လယ်ထွက်ကုန်တွေကို ဆားနဲ့သာ တာရှည်ခံဖို့ ပြုလုပ်တင်ပို့ခဲ့ကြပေမယ့် ယခု နောက်ပိုင်း
နှစ်တွေမှာ ခေတ်မီတိုးတက်လာ တာနဲ့အမျှ သီးနှံတွေကိုလည်း အအေးခန်းကားတွေနဲ့သာ
တိုက်ရိုက်ပို့ဆောင်လာကြပါတယ်။ အသားငါးတွေမပုပ်သိုးအောင် အအေးခန်း စက်ရုံတွေကိုသာ
အများဆုံး အသုံးပြုလာကြတဲ့ အတွက် ဆားအသုံးပြုမှုက အလွန်နည်းလာပြီး ၀ယ်လိုအားနည်း
လာလို့ ဈေးကောင်းမရတော့ ကြောင်း မြို့နယ်နေလှန်းဆားထုတ်လုပ်သူများ အသင်း တွဲဖက်
အတွင်းရေးမှူး ဦးစိုးဝင်းမောင် က ပြောပါတယ်။

"ပြည်သူစားသုံးမှုပဲရှိတော့တယ်။ ဆားကိုတစ်ဆင့်ခံအနေနဲ့ ကုန်ကြမ်းပို့ဖို့သုံးတာက တော်တော်
လေး နည်းလာတာတွေ့ရတယ်။ ဒီတော့ ၀ယ်လိုအားက လျော့လာတယ်။ ထုတ်လုပ်မှုစရိတ်က
၃၅ ကျပ်ကျတယ်ဆို ဒီအပေါ်မှာ ဘယ်လောက်ရာခိုင်နှုန်း တင်ပြီးရောင်းမယ်ဆိုတာမျိုး လုပ်လို့
မရတော့ဘူး။ ရန်ကုန်မှာရှိတဲ့ ဆားချော သန့်စင်စက်တွေ၊ ျှားကြိတ်စက်တွေ က ပေးတဲ့ဈေးပဲ
ရတယ်။ သူတို့ပေးတဲ့ဈေးကိုပဲရောင်းပိုင်ခွင့်ရှိတော့တယ်။ ၀ယ်လိုအားနညး်တော့ ဈေးတွေက
ကျလာ တော့တာပေါ့" လို့ ၎င်းက ပြောပါတယ်။

ခေတ်အဆက်ဆက် ဆားလုပ်ငန်းဟာ အစဉ် အဆက် နိုင်ငံတော်အတွက် ကုန်သွယ်ခွန်၊
၀င်ငွေခွန်နဲ့ သက်ဆိုင်ရာအဏ္ဏဝါလုပ်ငန်းရဲ့ ကြီးကြပ်ခွန်တွေကို ပေးဆောင်လာခဲ့တဲ့ အခွန်ထမ်း
လုပ်ငန်းဖြစ်ပေမယ့်လည်။ လက်ရှိမှာ တော့ မျက်ကွယ်ပြုထားသလိုခံစားနေရကြောင်း ဦးဇော်မင်း
က ပြောပါတယ်။

"ဘယ်သူမဆို ကိုယ်အသက်မွေးဝမ်းကျောင်း လုပ်ကိုင်နေတဲ့ လုပ်ငန်းအပေါ်မှာ ယုံကြည်ချက်
တော့ ရှိချင်တာပေါ့။ အခုဆိုမျှော်လင့်ချက်မဲ့လာပြီ။ တစ်ချိန်က ဒီလုပ်ငန်းနဲ့ပဲ ဒီမြို့ကဖွံ့ဖြိုး လာ
ခဲ့တာပါ" လို့ ၎င်းက ပြောပါတယ်။ ထို့ပြင် အကောက်ခွန်မဲ့ဝင်လာသော ဆား များကို သေချာစွာ
စည်းကြပ်ပေးမှုမရှိခြင်းက လည်း တိုင်းရင်းသားလုပ်ငန်းရှင်တွေကို အလွန် အမင်းနစ်နာစေကြောင်း
နဲ့အရောင်းအနည်းငယ်မည်းနေခြင်းကြောင့် အရည်အသွေးမပြည့်မီ သလို ဖြစ်နေခြင်းက စားသုံး
သူတွေ ပြည်ပ ဆားကိုပဲ ဈေးကြီးပေးပြီး ၀ယ်သုံးနေတဲ့အထိ ဖြစ်လာကြောင်း ဆားတောင်သူ
ဦးဝင်းပိုင်ထွန်း က ပြောပါတယ်။

"အခုဝင်နေတဲ့ဆားတွေက လက်ကားဈေး ၂၅၀ နဲ့ ၂၈၀ ကြားမှာရှိတယ်။ ပြည်တွင်းမှာ ကြိတ်ပြီး
ရောင်းနေတဲ့ ဆားဈေးက ၁၀၀ တောင် မပြည့်ဘူး။ ရ၀ နဲ့ ၈၀ ကြားပဲ ရှိတယ်။ ဒီလို ပြည်ပက ၀င်
လာတဲ့ဆားတွေရဲကဈေးက နှစ်ဆ နီးပါးမြင့်နေတာတောင် ပစ္စည်းကကျေးရွာတွေထိပြန့်တယ်။
ကြိတ်စက်တွေကလည်း ပြည်တွင်း ဆားနဲ့ ၀င်လာတာတွေကို ရောရောင်းကြတာ တွေရှိတယ်။
စားသုံးသူတွေကလည်း အရည် အသွေးကို ဦးစားပေးတဲ့အတွက် ပြည်ပဆားက ဈေးကြီးတာ
တောင် ၀ယ်သုံးနေကြပြီး ပြည်တွင်း က ဆားကိုတော့ မသုံးကြတော့ဘူး" ဟု ၎င်းက ပြောပါ
တယ်။

ဆားကိုအသုံးပြုမှု လျော့ကျလာချိန်မှာ ဆားကို စက်မှုကုန်ကြမ်းအဖြစ် အသုံးပြုနိုင်မယ့် စက်ရုံ
တွေ အမြန်ဆုံး ပေါ်ပေါက်လာစေလိုကြောင်းနဲ့ ဆားကုန်ကြမ်း ထုတ်လုပ်နေရုံအဆင့် ကနေ
နိုင်ငံတော်၏ ပံ့ပိုးပေးမှုနဲ့ ဆားချော သန့်စင်စက်ရုံတွေကို ဒေသတွင်းမှာ တည် ဆောက်ပြီး
ဆားချောထုတ်လုပ်နိုင်ဖို့လိုကြောင်း လည်း ဆားတောင်သူတွေက ပြောပါတယ်။

"ဒီနေ့ဖြစ်နေတဲ့ ဆားတောင်သူတွေရဲ့ ပြဿနာက တစ်နိုင်ငံလုံးနဲ့ ဆိုင်တဲ့ ပြဿနာပါ။ အခု
ကျွန်တော်တို့ ပြောနေတဲ့ စက်ရုံတွေကို ဘယ်သူက တာဝန်ယူ ဆောက်ပေးမှာလဲ။ စိတ်ဝင်စားတဲ့
ဌာနအသီးသီးကရော တကယ် ဖြေရှင်ပေးမှာလား။ ဘတ်ဂျက်တစ်ခုယူပြီး ဆောင်ရွက်ပေးမှာလား။
ဒါတွေလည်း ဘာမှမသိရဘူး" လို့ ဦးဇော်မင်းက ပြောပါတယ်။

ဆားတောင်သူ ဦးအောင်ဆွေကလည်း "ပြောရရင်တော့ ဆားဟာ နိုင်ငံတော်အတွက် သိပ်အရေး
မကြီးဘူးဆိုတဲ့ သဘောများ သက်ရောက်နေသလားမသိပါဘူး။ ဆားဟာ တိုင်းပြည်အတွက်
တကယ်ရောလိုအပ်တဲ့အဆင့်မှာ ရှိနေသေးရဲကလား။ မလိုအပ်တော့ဘူးဆိုရင်လည်း ဒီမြေတွေကို
တခြားနည်းလမ်းနဲ့ သုံးစွဲခွင့်ပေးစေလိုပါတယ်" လို့ ပြောပါတယ်။ ဆားလုပ်ငန်းဖွံ့ဖြိုးဖို့ အရင်းအနှီး၊
နည်းပညာ၊ ဈေးကွက်လိုအပ်ချက်တွေ ရှိနေပေမယ့် လည်း ဆားလိုအပ်ချက် ရှိနေသေးသည်မှာ
သေချာကြောင်း အခြားတောင်သူတစ်ဦးက ပြောပါတယ်။

"ဆားဟာ မလိုအပ်တော့ဘူး၊ ပိုလျှံနေတယ် ဆိုရင် တို့တောင်သူတွေလက်ထဲမှာ ဆားက ရှိနေ၊
ကျန်နေရမယ်။ အခုက တောင်သူတွေလက်ထဲ မှာလည်း မကျန်ဘူး။ ဈေးကောင်းလည်းမရဘူး
ဆိုတော့ ဆားကို အရည်အသွေးကောင်းအောင် လုပ်ဖို့ လိုနေတယ်ဆိုတာကို သေချာသိနိုင်တယ်"
လို့ ဦးတင်ဝင်းက ပြောပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး