အမေရိကန်နိုင်ငံ၊ချီကာဂိုအခြေစိုက် Baker and McKenzie ဥပဒေအတိုင်ပင်ခံကုမ္ပဏီ၏
မြန်မာနိုင်ငံဆိုင်ရာ ရုံးခွဲကို ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့တွင် ဖွင့်လှစ်လိုက်ကြောင်း အဆိုပါကုမ္ပဏီ၏
သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါရုံးသည် အာရှပစိဖိတ်ဒေသတွင် Baker and McKenzie ၏ ဆယ့်ခြောက်ခုမြောက် ရုံးခွဲ
တစ်ခုဖြစ်လာမည်ဖြစ်သည်။ အာဆီယမ်နိုင်ငံများက ၂၀၁၅ ခုနှစ်တွင် ဒေသတွင်း စီးပွားရေးအသိုင်း
အဝိုင်းတစ်ရပ်ပေါ်ပေါက်လာအောင် ကြိုးစားနေကြရာ ဤဒေသ အတွင်းစီးပွားရေးအခွင့်အလန်း
ရှာဖွေသူ များပြားလာသောကြောင့် မိမိတို့အနေဖြင့် မြန်မာနိုင်ငံတွင် ရုံးခွဲလာရောက်ဖွင့်လှစ်ရခြင်း
ဖြစ်ကြောင်း ထိုကုမ္ပဏီ၏ အမှုဆောင်အဖွဲ့ ဥက္ကဌ အီဝါဒ်ဒိုလိဒ်က သတင်းထုတ်ပြန်လွှာတွင်
ရေးသားခဲ့သည်။
အဆိုပါကုမ္ပဏီသည် မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှတ်နှံလိုသည့် အာရှနှင့် နိုင်ငံတကာမှ
စီးပွားရေးလုပ်ငန်းများအတွက် အတိုင်ပင်လုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း၊
မြန်မာနိုင်ငံတွင် လုပ်ငန်းရေရှည်ဆောင်ရွက်ရန် ရည်ရွယ် ထားပြီး ပြည်တွင်း အဖွဲ့အစည်းများ၊
အစိုးရဌာနများနှင့် ပူးပေါင်းလုပ်ဆောင်သွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်လွှာတွင်ပါရှိသည်။
သက်လှိုင်ဘာသာပြန်သည်။
















