စက်မှုဇုန်ထုတ်ကားများ အရောင်းအဝယ်လိုက်လာ

စက်မှုဇုန်ထုတ်ကားများ အရောင်းအဝယ်လိုက်လာ

ပြည်တွင်း ကားဈေးကွက်အတွင်း စက်မှုဇုန်ထုတ် ကားများကို သက်ဆိုင်ရာက အပ်နှံနိုင်ရန်
ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း လွှတ်တော်တွင်ထည့်သွင်း ဆွေးနွေးခဲ့သဖြင့် ဈေးကွက်အတွင်း
စက်မှု ဇုန်ထုတ်ကားများ အရောင်းအဝယ်လိုက်လာကြောင်း ကားဈေးကွက်အတွင်းမှ လုပ်ငန်းရှင်
များ က ပြောသည်။

"ဈေးကွက်ထဲမှာ ဒီရက်ပိုင်း စက်မှုဇုန်ထုတ် ကားတွေ အဝယ်လိုက်လာတယ်။ ဒီလ ၁၇ ရက်နေ့က
အမျိုးသားလွှတ်တော်မှာ ရထား ပို့ဆောင်ရေးဒုဝန်ကြီးက ဒီကားတွေကိုအအပ်ခံဖို့စီစဉ်နေတယ်
လို့ဖြေကြားသွားလို့ ဈေးကွက်ထဲမှာ ၁ က အက္ခရာကားတွေ အဝယ်နည်းနည်းပါးသွားပြီး စက်မှု
ဇုန်ထုတ်ကားတွေ အဝယ်လိုက်လာတယ်" ဟု ကားဝယ်ရောင်း ကိုဦးက ပြောသည်။

အဆိုပါကားများမှာ စုစုပေါင်းသက်တမ်း အနှစ် ၂၀ မပြည့်သေးသော်လည်း အချို့ ကားများမှာ
အလွန်အမင်းပျက်ဆီးနေပြီး ဈေးကွက်တွင်လည်း ကားပုံစံနှင့် အမျိုးအစား ပေါ်မူတည်ကာ ကျပ်
၃၅ သိန်းမှ သိန်း ၅၀ ၀န်းကျင်ခန့်သာ ပေါက်ဈေးရှိတော့ကြောင်း ဈေးကွက်အတွင်းမှ ၀ယ်ရောင်း
လုပ်ငန်းရှင်များ က ပြောသည်။

ပြည်တွင်းဈေးကွက်ထဲသို့ ၂၀၀၁ ခုနှစ် နှစ်ဆန်း ပိုင်းတွင် ပြည်တွင်းစက်မှုဇုန်အသီးသီးမှ အမည်
ပေါင်းစုံဖြင့်ထုတ်လုပ်ခဲ့သည့် ဂျပန်အင်ဂျင်နှင့် ကားဟောင်းများမှ ဆက်စပ်ပစ္စည်းပေါင်းစုံနှင့် ပြည်
တွင်းထုတ် ဘော်ဒီနှင့် ဖရိန်များကိုအသုံးပြု ကာထုတ်လုပ်ထားသည့် စက်မှုဇုန်ထုတ် ယာဉ် များ
မှာ ယခုအခါ ပြည်တွင်းဈေးကွက်တွင် ၀ယ်လိုအားနည်းနေပြီး အရောင်းအဝယ်မှာ လည်း အောက်
ဈေးဖြင့်သာ အရောင်းအဝယ်ဖြစ်နေခြင်းကြောင့် စက်မှုဇုန်ထုတ်ကားများကို သက်ဆိုင်ရာက အပ်နှံ
မှုလက်ခံရန် ဆောင်ရွက်နေခြင်းကြောင့် ယခုရက်ပိုင်းအရောင်းအဝယ်ပြန်လိုက်လာခြင်းဖြစ်ကြောင်း
ကားဝယ်ရောင်းလုပ်ငန်းရှင်များက ပြောသည်။

"အခုလောလောဆယ် 'အ' အက္ခရာကားတွေအပ်နှံပြီး ရာခိုင်နှုန်းပြည့်နေတာတောင် နောက်
ဘာမျိုးအစားနဲ့ အက္ခရာကားတွေကို လက်ခံမယ်ဆိုတာ ထွက်မလာသေးတဲ့အတွက် ကြောင့်
ကားဟောင်းဝယ်တဲ့သူတွေတော်တော် များများက '၁က' အက္ခရာကားကို မှန်းချက်နဲ့ ၀ယ်ပြီး
စုထားကြတယ်။ ရှေ့မှာလည်း သာဓက တွေရှိတယ်။ 'ပ' အက္ခရာ အပ်ပြီးတာတောင် 'ဗ'
အက္ခရာကို လက်ခံဖို့မကြေညာခင် လေလံကား နဲ့ တက္ကစီကားတွေကို အပ်ဖို့လက်ခံလိုက်သလို
မျိုး အခု 'အ'အက္ခရာကားတွေပြီးရင် စက်မှုဇုန် ထုတ် ကားတွေအပ်ခိုင်းဖို့ဆိုတာကို ဘယ်သူမှ
မပြောနိုင်ဘူး။ အဲဒီအတွက်ကြောင့် စက်မှုဇုန် ကားတွေ အဝယ်လိုက်လာတယ်" ဟု ကား ၀ယ်
ရောင်း ကိုဇာနည်က ပြောသည်။

၂၀၀၂ ခုနှစ်နောက်ပိုင်းမှစတင်၍ စက်မှုဇုန် ထုတ်ကားများမှာ အမျိုးအစားပေါ်မူတည်ကာ ကျပ်
သိန်း ၉၀ မှ ၁၅၀ ၀န်းကျင်အထိ ဈေးနှုန်း မြင့်တက်ခဲ့သော်လည်း ကားအရည်အသွေး ကောင်းမွန်
မှုမရှိသဖြင့် ဈေးကွက်အတွင်း ၀ယ်လို အား ကျဆင်းကာ ဈေးနှုန်းကျပ်သိန်း ၁၀၀ အောက်သို့ ထိုး
ကျခဲ့သည်။

ထို့နောက် ပြည်တွင်း သို့ ကားသစ်များ တရားဝင်တင်သွင်းလာပြီး နောက်ပိုင်းတွင် အဆိုပါ ဇုန်
ထုတ်ကားများမှာ ကျပ်သိန်း ၃၀ ၀န်းကျင်ခန့်ဖြင့် ဈေးနှိမ်ရောင်းချ မှုများ ရှိလာခဲ့သည်။

"စက်မှုဇုန်ကားတွေကို အပ်နှံဖို့စီစဉ်ပေးမယ့် ကိစ္စ လွှတ်တော်မှာဆွေးနွေးပြီးနောက်ပိုင်း ကား
ဈေးကွက်ထဲမှာ ဇုန်ထုတ်ကားတွေအဝယ်ရှိလာ တယ်။ '၁က' အက္ခရာ ကားတွေတော့ အရောင်း
အဝယ်နည်းနည်းပါးသွားပေမယ့် ဈေးကတော့ သိန်း ရ၀ ၀န်းကျင်လောက်ရှိတယ် ဇုန်ထုတ် ကား
ဈေးကလည်း သိန်း ၆၀ အထက်ကို ရောက် သွားတယ်။ အဲဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် ကား
ဈေးကွက်ထဲမှာ အရောင်းအဝယ်တွေ ပြန် ဖြစ်လာပြီး အရောင်းအဝယ်လုပ်တဲ့သူတွေတော်တော်
လေး တွက်ခြေကိုက်သွားကြတယ်" ဟု ကားအရောင်း အဝယ်လုပ်ကိုင်သူ ကိုဦးက ပြောသည်။

ဈေးကွက်အတွင်း သက်ဆိုင်ရာက ယာဉ်အို ယာဉ်ဟောင်းအပ်နှံမှုစနစ်အရ 'အ' အက္ခရာကား များ
ကို အပ်နှံရန် ယမန်နှစ် အောက်တိုဘာလ ၁၀ ရက်နေ့က ကြေညာခဲ့သော်လည်း လက်ရှိဈေး
ထက် မြင့်တက်ခဲ့ကြောင်း၊ ဈေးကွက်အတွင်း လက်ရှိ အအပ်ခံနေသည့် 'အ'အက္ခရာ အမည်
ပေါက်မှာ ဖေဖော်ဝါရီလလယ်ပိုင်းက ကျပ် ၁၀၃ သိန်းနှင့် ၁၀၅ သိန်းကြားဖြင့် အရောင်းအဝယ်
ဖြစ်ခဲ့ပြီး အပ်ကာ အမည်ပေါက် စလစ်ဈေးနှုန်း များမြင့်တက်နေသော်လည်း အပ်ကားမှာမူ ကျပ်
၆၅ သိန်းဝန်းကျင်ခန့်ဖြင့် အရောင်းအဝယ် ဖြစ်နေကြောင်း ကားအရောင်းအဝယ်လုပ်ကိုင် သူများ
က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး