အသေးစားဘဏ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာတိုးချဲ့ရန် လိုအပ်

အသေးစားဘဏ်လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာတိုးချဲ့ရန် လိုအပ်

နည်းပညာနှင့် အရင်းအနှီး အားမကောင်း သေးသော ပြည်တွင်းဘဏ်များအတွက် ဘဏ်ခွဲများ ပိုမိုဖွင့်လှစ်ကာ ငွေသွင်း ငွေထုတ်လုပ်ငန်း၊ ငွေလွဲလုပ်ငန်းနှင့် ငွေကြေးဆိုင်ရာ အခြားကိစ္စများ
ဆောင်ရွက်နိုင်မည့် အသေးစားဘဏ် လုပ်ငန်းများကို တိုးချဲ့သွားရန်လိုအပ်ကြောင်း ဘဏ်လုပ်
ငန်းရှင်များက ပြောသည်။

လက်ရှိအခြေအနေအရ ငွေပေးငွေယူမှု များတွင် ဘဏ်အချင်းချင်းအပါအဝင် အခြား အဖွဲ့အစည်း
များနှင့် ချိတ်ဆက်သည့်ကွန်ရက် ကျဉ်းမြောင်းနေခြင်းကြောင့် ဘဏ်များမှဝန်ဆောင်မှုအသစ်များ
စတင်လိုက်သော်လည်း ထင်သလောက်မတွင်ကျယ်ခဲ့ပေ။

၂၀၁၁ ခုနှစ်မှစတင်ခါ ဗဟိုဘဏ်မှ ပုဂ္ဂလိက ဘဏ်လုပ်ငန်းများကို လုပ်ပိုင်ခွင့်များ ပြန်လည် ခွင့်ပြု
ပေးခဲ့ပြီး ၀န်ဆောင်မှုများ ဆက်တိုက်ဆောင်ရွက်လာခဲ့သော်လည်း အင်တာနက်နှင့် ဖုန်းလိုင်းများ
နှေးကွေးခြင်းစသည့် အခြေခံ အဆောက်အအုံ မပြည့်စုံမှုများကြောင့် သုံးစွဲ သူများ အဆင်ပြေမှု
မရှိခဲ့ပေ။

မြန်မာပြည်တွင်းရှိဘဏ်များမှာ အေတီအမ်စက်ကို ငွေထုတ်ယူမှုတစ်ခုတည်းအတွက်သာ အများဆုံးအသုံးချပြီး နိုင်ငံအတော်များများရှိ အေတီအမ်များတွင် ငွေထုတ်ယူမှုတစ်ခုတည်း
သာမက အခွန်ပေးဆောင်ခြင်း၊ အဖိုးတန် ပစ္စည်းနှင့် အခြားအသုံးဆောင်များ ၀ယ်ယူခြင်း၊ အဖွဲ့
အစည်းများသို့ ငွေလှူဒါန်းခြင်း အစရှိသည့် ငွေပေးခြေမှုအတော်များများကိုပါလုပ်ဆောင်နေပြီဖြစ်
ကြောင်း ထိုင်းနိုင်ငံ၏ Diebold အေတီအမ်နှင့် Web ဘဏ်လုပ်ငန်းမှ ဈေးကွက်ဖွံ့ဖြိုးရေးမန်နေ
ဂျာ Dr.Sitthichai Parinyanusorn က ပြောသည်။

"ဒီကလူတွေ ဘဏ်တွေကို အလေးထား အားကိုးတာမျိုး မရှိဘူး။ မြန်မာနိုင်ငံရဲ့ ငွေကြေးကဏ္ဍက
ငွေသားအခြေခံတဲ့အတွက် လူတွေဟာ ငွေစက္ကူတွေကို နေရာအတော် များများမှာ ကိုင်တွယ်သုံး
စွဲနေရတုန်းပဲ" ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင် လက်ရှိ အေတီအမ်စက်ပေါင်း ၅၀,၀၀၀ ကျော်ရှိနေပြီး မြန်မာနိုင်ငံ မှာ၂၀၀ နီးပါး
သာရှိကာ ယခုနှစ်ကုန်ပိုင်းတွင် အေတီအမ်အရေအတွက် ၁,၀၀၀ အထိဖြစ်လာရန် ခန့်မှန်းထား
သည်။

"မြန်မာနိုင်ငံကဘဏ်တွေ အေတီအမ်စက်ကို စသုံးခွင့်ပေးတော့မယ်ဆိုရင် လုံလောက်တဲ့
ငွေစာရင်းဖွင့်သူအရေအတွက် ရှိဖို့လိုအပ် တယ်။ ဘဏ်ခွဲများတွေလည်းရှိထားရမယ်" ဟု
၎င်းက ပြောသည်။

ထို့ပြင် နိုင်ငံတကာ ငွေပေးချေမှုကတ်များ ဖြစ်သော ဗီဇာ၊ မာစတာစသည်တို့မှာ ပြည်တွင်း
နာမည်ကြီးဘဏ်အချို့တွင် တပ်ဆင်ထားပြီး ဖြစ်သော်လည်း ယင်းကို သုံးစွဲရန် ငွေပေးချေမှု
ကွန်ရက်ကျဉ်းမြောင်းသည့်အတွက် ၀န်ဆောင်မှု အပြည့်အဝ မရသလိုဖြစ်နေကြောင်း ၎င်းက
ပြောသည်။

"သူတို့ဘက်ကလည်း ဆက်သွယ်ရေးစနစ်တွေ လိုအပ်တယ်ဆိုတာ သိထားပြီးသားပါ။
ဘဏ်နဲ့ပတ်သတ်တဲ့ ၀န်ဆောင်မှုတွေအတွက် နိုင်ငံခြားဆက်သွယ်ရေးလိုင်းနှစ်ခုကနေ
ဒီနှစ် အတွင်းမှာ စတင်နိုင်တော့မှာ ဖြစ်တဲ့အတွက် ကွန်ရက် ပိုပြီးကျယ်ပြန့်လာဖို့ မျှော်လင့်
ရပါတယ်"ဟု ၎င်းကပြောသည်။

၂၀၁၄ ခုနှစ်တွင် နိုင်ငံတကာဘဏ်များမှာ ဒစ်ဂျစ်တယ်စနစ်သို့သွားမည်ဖြစ်ပြီး စမတ်ဖုန်း နှင့်
တက်ဘလက်များမှတစ်ဆင့် ဘဏ်ဝန်ဆောင်မှုများကို ၀င်ရောက် ဆောင်ရွက်နိုင် မည်ဖြစ်သည့်
အပြင် ဘဏ်များအတွက် အခြား ပြိုင်ဘက်ဘဏ်များအပြင် ဘဏ်မဟုတ်သည့်အဖွဲ့အစည်း
များဖြစ်သော အာမခံ၊ အသေးစားငွေချေးလုပ်ငန်းနှင့် အရစ်ကျစနစ် ငွေပေးချေသည့်အဖွဲ့အစည်း
များကပါ ပြိုင်ဘက်ဖြစ်လာနိုင်ကြောင်း ၎င်းကပြောသည်။

လွှတ်တော်သို့ ရောက်ရှိနေသော ဘဏ္ဍာရေး အသင်းအဖွဲ့များဥပဒေပြီးစီးပါက ၂၀၁၄ ခုနှစ်
အတွင်း နိုင်ငံခြားဘဏ်ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း ဗဟိုဘဏ် အသိုင်းအဝိုင်းက ပြော
သည်။ ထို့ကြောင့် နိုင်ငံတကာဘဏ်များ ၀င်ရောက်လာချိန်တွင် ငွေကြေးပိုင်းဆိုင်ရာရင်းနှီး
မြှုပ်နှံမှုတစ်ခုတည်းသာမကဘဲ နည်းပညာနှင့် အတွေ့အကြံုများလည်း ပါလာမည့်အတွက်
လက်ရှိပြည်တွင်းဘဏ်များတွင် ကြံုတွေ့နေရ သော အခက်အခဲအချို့ကို ဖြေရှင်းပေးနိုင်မည်
ဖြစ်ကြောင်း ၎င်းကပြောသည်။

"နိုင်ငံတကာဘဏ်တွေ အနေနဲ့ ဘဏ်ခွဲ များများ ဖွင့်ဖို့မဖြစ်နိုင်တဲ့ အခက်အခဲ ကြံုရနိုင်တယ်။
ဒါကြောင့် ဘဏ်ခွဲသီးခြားဖွင့် လိုက်တာထက် မိုဘိုင်းဘဏ်လုပ်ငန်းတို့၊ အင်တာနက်ဘဏ်လုပ်
ငန်းနဲ့ အေတီအမ်စက်တွေပိုပြီးတိုးမြှင့်တဲ့အပိုင်းမှာ လာလုပ်မယ်ဆိုရင် ပြည်တွင်းဘဏ်တွေဘက်
ကလည်း ဘဏ် ကိုလာတဲ့သူတွေအတွက် ဘဏ်ခွဲများများဖွင့် နိုင်တာ ကောင်းတဲ့လက္ခဏာပါပဲ"
ဟု ၎င်းက ပြောသည်။

သမဝါယမဘဏ်၏ ဦးဆောင်ညွှန်ကြား ရေးမှူး ဦးဖေမြင့်က အစိုးရ၏စီးပွားရေးဆိုင်ရာ ပြောင်းလဲမှု
များအနက် ဘဏ်လုပ်ငန်းမှာပြောင်းလဲမှု အမြန်ဆန်ဆုံးဖြစ်လာခဲ့ကြောင်း နှင့် နိုင်ငံတကာနှင့်
အံဝင်သောဝန်ဆောင်မှု များရရှိရန်အတွက် အချိန်ပေးရမည်ဖြစ် ကြောင်း ပြောသည်။

ယင်းအတွက်ပုဂ္ဂလိက ဘဏ်လုပ်ငန်းများက အများဆုံးပံ့ပိုးပေးနိုင် ခဲ့ကြောင်း ၎င်းကပြောသည်။
လက်လီ ဘဏ်လုပ်ငန်း ချဲ့ထွင်ရာတွင် ပြည်တွင်းဘဏ်ပေါင်း ၃၀ ကဖွင့်လှစ်လိုက် သော ဘဏ်
ခွဲများအရေအတွက်မှာ စုစုပေါင်း ၃၀၀ ကျော်ရှိနေကြောင်းပြောသည်။ သို့သော် ဘဏ်နှင့်ချိတ်
ဆက်မည့် စီးပွားရေးလုပ်ငန်း များ လောက်လောက်လားလား မရှိသေး ကြောင်း ၎င်းကပြော
သည်။

"ဒီဘက်အစိုးရလက်ထက်မှာ နှစ်နှစ်ကျော် အတွင်း အေတီအမ်အများကြီးဖြစ်လာပြီး ကတ် တွေ
သုံးလို့ရလာတယ်။ နောက်ပြီး ဒီမှာက ဘဏ်ခွဲတွေအကုန်လုံးက မြို့ထဲမှာဖြစ်နေပြီး ဧရိယာက
နည်းသေးတယ်။ ရုံးချုပ်ကလွဲရင် ဘဏ်ခွဲအားလုံးကရှုံးတယ်။ ဒါပေမဲ့ ဘာလို့ဖွင့် လဲမေးရင် နောင်
တစ်ချိန်မှာ ဒါကငွေလွှဲငွေပို့ အတွက် အားကောင်းလာမယ်။ လက်ရှိအခြေ အနေမှာ ဖောက်သည်
၁၀ ဦးလောက်ကိုဘဏ်ခွဲ ၁၇ ခုက လုယူနေရတာကိုး။ အလားအလာက အရေးကြီးတယ်"ဟု
၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး