ကားပြပွဲများ ကျင်းပသော်လည်း အရောင်းအဝယ်၊မဖြစ်

ကားပြပွဲများ ကျင်းပသော်လည်း အရောင်းအဝယ်၊မဖြစ်

ကျင်းပပြီးစီးခဲ့သည့် ကားပြပွဲများတွင် အရောင်း အဝယ်အေးခဲ့သော်လည်း ပုံမှန်ဈေးကွက်အတွင်း
၁၃၀၀ စီစီကားများသာ အရောင်းအဝယ်လိုက်ခဲ့ပြီး စလစ်အရောင်းအဝယ်အေးခဲ့ ကြောင်း ကား
အရောင်းအဝယ်လုပ်ကိုင်သူများ က ပြောသည်။ ဈေးကွက်အတွင်း အပ်နှံရန်ကျန်ရှိသည့် 'အ'
အက္ခရာယာဉ်များမှာ ဆယ်ဂဏန်းမျှသာရှိတော့ သော်လည်း သက်ဆိုင်ရာက ဆက်လက်
အပ်နှံရန်ကျန်ရှိသည့် အက္ခရာစဉ်ကို ဆက်လက်ထုတ်ပြန်ကြေညာရန် ကြန့်ကြာနေခြင်းကြောင့်
ဈေးကွက်အတွင်း အရောင်းအဝယ်အေးကာ စလစ်ဈေးပါ ကျရိပ်ပြလာကြောင်း ၀ယ်ရောင်း များ
က ပြောသည်။

၂၀၁၁ ခုနှစ်မှစတင်ခါ ယာဉ်အိုယာဉ်ဟောင်း များကို ဖျက်သိမ်းအစားထိုးသည့်စနစ်အရ သက်တမ်း
အလိုက် ဖျက်သိမ်းသင့်သည့်ကား များကို အစဉ်လိုက်ဖျက်သိမ်း လာခဲ့ရာ လက်ရှိ တွင် နောက်ဆုံး
အက္ခရာဖြစ်သည့် 'အ' အက္ခရာ ကားများအပြီးတွင် အပ်နှံရန်ကြေညာရသည့် ကားများမှာ '၁က'
အက္ခရာ ကားများဖြစ်သော် လည်း စက်မှုဇုန်ထုတ်ကားများကို အပ်နှံမည့် ကိစ္စကို ရထားပို့ဆောင်
ရေးဝန်ကြီးဌာန ဒုဝန်ကြီးက အမျိုးသားလွှတ်တော်တွင် ဆွေးနွေး ခဲ့ခြင်းကြောင့် ဈေးကွက်အတွင်း
စက်မှုဇုန်ထုတ် ကားများ အရောင်းအဝယ်လိုက်ခဲ့ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"၀ယ်တဲ့သူတွေရဲ့စိတ်ထဲမှာ ၀ိရောဓိဖြစ်သွား ကြတယ်။ ပထမတုန်းက ဈေးကွက်ထဲမှာ '၁က'
အက္ခရာကားတွေကို၀ယ်ပြီးစုကြတော့ အဲဒီကားတွေအဝယ်လိုက်ကြတယ်။ ဒါပေမဲ့လည်း နောက်
ထပ်ဘာအမျိုးအစားကို လက်ခံမယ်ဆိုတဲ့ကြေညာချက် ထွကေ်မလာတော့ ငွေရင်းထားတဲ့သူတွေ
စိတ်ထဲမှာ ဇဝေဇဝါတွေဖြစ်လာတယ်။ ဒီလိုဖြစ်နေချိန်မှာပဲ စက်မှုဇုန်ထုတ် ကားတွေကို အအပ်
မခံဘူးလားဆိုပြီး လွှတ်တော်မှာထည့်ပြီး မေးလိုက်တာကို ဒုဝန်ကြီးက စီစဉ်နေတယ်လို့ ပြန်ဖြေ
လိုက်လို့ ဈေးကွက်ထဲမှာ တစ်ပတ်အတွင်း စက်မှုဇုန် ကားတွေ အဝယ်လိုက်လာတယ်။ ဒီလ
ပထမပတ် ထဲမှာ '၁က' အက္ခရာတွေကို အအပ်ခံမယ်လို့ တော့ ကြားတယ်" ဟု ကားဝယ်ရောင်း
လုပ်ကိုင် သူ ကို၀င်းအောင်စိုးက ပြောသည်။

စက်မှုဇုန်ထုတ်ကားများ အဝယ်လိုက်ခြင်း ကြောင့် ဈေးကွက်အတွင်း လိုင်စင်အနီဆိုက် ကားဈေ
နှုန်းသာရှိခဲ့သည့် စက်မှုဇုန်ထုတ်ဂျစ် ကားများမှာ ယခုရက်ပိုင်း အတွင်း ကျပ် ၄၅ သိန်းအထိ
ဈေးတက်ခဲ့ကြောင်း ၀ယ်ရောင်းများ က ပြောသည်။ ပြည်တွင်း၌ စက်မှုဇုန်ထုတ် ကားများမှာ
အစီးရေ ၉,၆၀၀ ကျော်ရှိခဲ့ပြီး အဆို ပါကားများကိုအပ်နှံခွင့်ပြုလျှင် သိန်း ၆၀ ကျော်ဝန်းကျင်
အထိ ဈေးတက်လာနိုင်သေး ကြောင်း ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုဦးက ခန့်မှန်းသည်။

"ကားဈေးကွက်ထဲမှာ ၁၃၀၀ စီစီကားတွေ အရောင်းအဝယ်တွေ ကောင်းနေပေမယ့် နယ် လိုင်စင်
ရှိတဲ့ကားတွေကတော့ အရောင်းအဝယ် မရှိသလောက် ဖြစ်သွားတယ်။ ဒီကြားထဲ ကျိုက္ကဆံ ကွင်း
ထဲမှာ ကားနဲ့ဆက်စပ်ပစ္စည်းတွေ ပြပွဲတွေ လုပ်ခဲ့သလို့ မိုင်ဒါကွင်းထဲမှာလည်း အရောင်းအဝယ်
တွေလုပ်ခဲ့ပေမယ့် ကျပ်သိန်း တစ်ရာအောက်ဈေးဈေးရှိတဲ့ ၁၃၀၀ စီစီကားတွေပဲ အရောင်းအဝယ်
ဖြစ်တယ်။ ကြည့်တဲ့သူတွေ သာများပြီး အရောင်းအဝယ်ကတော့ ပါးတယ်။ နယ်လိုင်စင်ကားတွေ
ကို ၀ယ်ထားပြီးသား လူတွေတောင် ပြန်ရောင်းလာကြတယ်" ဟု ကား အရောင်းအဝယ်လုပ်ကိုင်
သူ ဦးမင်းညွန့်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး