တိုယိုတာနှင့် လင့်ရိုဗာကားသစ်များ မိတ်ဆက်ဝင်ရောက်လာ

တိုယိုတာနှင့် လင့်ရိုဗာကားသစ်များ မိတ်ဆက်ဝင်ရောက်လာ

ရန်ကုန်ကားဈေးကွက်တွင် အရောင်းအဝယ်အနည်းငယ်အေးနေသော်လည်း မတ်လ ပထမပတ်
အတွင်း ကားသစ်အရောင်းပြခန်းများ မြန်မာပြည်ဈေးကွက်သို့ မိတ်ဆက် ၀င်ရောက် လာကြ
သည်။

မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံးကားအမျိုးအစားဖြစ်သည့် တိုယိုတာကားအရောင်းပြခန်းကို
Aye and Sons Services Ltd.က မတ်လ ၂ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါ ကုမ္ပဏီသည် တိုယိုတာကားများပြုပြင် ၀န်ဆောင်မှုပေးခြင်းလုပ်ငန်းကို ၁၉၉၆ ခုနှစ်မှ
စတင်ခါ လုပ်ဆောင်လျက်ရှိသောွွှှဗှ ကုမ္ပဏီ နှင့် ပူးတွဲလုပ်ဆောင်ခြင်းဖြစ်သည်။

ယခင်က တိုယိုတာတစ်ပတ်ရစ်ကားများကို သာအသုံးပြုခဲ့ရာမှ ၀ယ်လက်များမှာ ယခုအခါတွင်
တိုယိုတာ ကားသစ်များကိုစိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့် ရရှိလာမည်ဖြစ်သည်။

"လက်ရှိမှာ မြန်မာပြည်ကားဈေးကွက်က တစ်ပတ်ရစ်ကားတွေပဲ အဝယ်များတဲ့ ဈေးကွက် ပါ။
၂၀၁၁ ကစပြီး ယာဉ်အစားထိုးစီမံကိန်း လုပ်ပြီးတဲ့နောက်ပိုင်း ၀င်လာတဲ့ကား တော် တော်များ
များကလည်း တစ်ပတ်ရစ်တွေချည်း ပဲ။ မြန်မာပြည်သူတွေက ဒါကို နေသားတကျဖြစ် နေပြီ။
အသစ်စက်စက်ကားဈေးကွက်ကတော့ နည်းနေပါသေးတယ်။ တဖြည်းဖြည်းတော့ ဖွံ့ဖြိုး လာ
ပါတယ်။ ကားသစ်သုံးတဲ့သူနဲ့ တစ်ပတ်ရစ်ကားသုံးတဲ့သူက အနေအထားကွာပါတယ်။ ဒါကြောင့်
ဈေးကွက် အပေါ်မူတည်ပြီး နောက်ထပ်ကားတွေ တင်သွင်းသွားဖို့ရှိပါတယ်" ဟု TTAS ကုမ္ပဏီမှ
အထွေထွေမန်နေဂျာ ကိုမျိုး မြင့်သိန်းက ပြောသည်။

ကားအသစ်များ ၀ယ်ယူသူများသည် စက် ပစ္စည်း တစ်စုံတစ်ရာ ချို့ယွင်းမှုကြောင့် ပင်ရင်း တိုယို
တာစက်ရုံမှ ပြန်လည်ပြုပြင်ပေးသည့် ၀န်ဆောင်မှုကိုပါရရှိမည်ဖြစ်ပြီး လက်ရှိ အရောင်းပြခန်းတွင်
ပြသထားသော တိုယိုတာ ကားများအတွက် အာမခံတစ်နှစ်၊ ကီလိုမီတာ ၂၀,၀၀၀ ပေးသွားမည်
ဖြစ်သည်။

"စက်တစ်စုံတစ်ရာချို့ယွင်းမှုကြောင့် ပြန်လည်ပြုပြင်ပေးတဲ့ အတွေ့အကြံု ကျွန်တော်တို့ မှာရှိပါ
တယ်။ ဒါကြောင့် ၀ယ်ယူသူတွေ စိတ်ပူ စရာမလိုပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာဈေးကွက် ကိုရောင်း
ချထားတဲ့ကားတွေ ဖြစ်နေဖို့တော့ လိုပါတယ်။ အမေရိကန်နိုင်ငံမှာ ရောင်းချထား တဲ့ကားတွေပဲ
အကျံုးဝင်တာမျိုးဆိုရင် အဲဒီကား က မြန်မာနိုင်ငံ ဒါမှမဟုတ် တစ်ခြားနိုင်ငံကို ရောက်နေခဲ့သည်
ရှိသော် အဲဒီအခွင့်အရေး ရမှာမဟုတ်ပါဘူး" ဟု ကိုမျိုးမြင့်သိန်းက ပြောသည်။

ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်း ခွင့်ပြုပြီး နှစ်နှစ်တာခန့်ကာလအတွင်း မြန်မာနိုင်ငံသို့
ယာဉ်စီးရေ ၂၀၀,၀၀၀ ခန့်ဝင်ရောက် ခဲ့ရာတွင် ၈၀ ရာခိုင်နှုန်းခန့်မှာ တိုယိုတာကား များဖြစ်သည်
ဟု ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌ
ဦးဝင်းအောင်က ပြောသည်။

အသစ်ဖွင့်လှစ်လိုက်သော အရောင်းပြခန်း တွင် Prado နှင့် Hilux မော်ဒယ်များကို ပြသ ထားပြီး
ဈေးနှုန်းများမှာ Prado ကျပ်သိန်း ၁,၅၀၀၊ Hilux Double cab မှာ ရ၈၅ သိန်းနှင့် မှာ ကျပ် ၂၃၅
သိန်းတို့ဖြစ်ကြ သည်။

ထပ်မံ၍ွှToyota Corolla, Camry, Land Cruiser 200, Alphard, Hiace နှင့် Coaster ကားများ
ကို မိတ်ဆက်ပေးသွားမညြ်ဖစ်ပြီး ထပ်မံ၍ ရန်ကုန်ကားအရောင်းပြခန်းသစ်ကို လာမည့် ၂၀၁၅
ခုနှစ် နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ် သွားမည် ဖြစ်ကြောင်းလည်းသိရသည်။

၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဦးဆုံး စတင်ရောက်ရှိခဲ့သည့် ဗြိတိသျှကား ထုတ်လုပ် ရေး
လုပ်ငန်းဖြစ်သည့် Jaguar Land Rover က ထုတ်လုပ်သော Land Rover ကားမော်ဒယ်် သစ်
များကိုလည်း မတ်လ ၃ ရက်နေ့က မြန်မာပြည်ဈေးကွက်တွင် တစ်ကျော့ပြန် မိတ်ဆက်လိုက်
သည်။

၂၀၁၃ ခုနှစ်မှ စတင်ခါ မြန်မာနိုင်ငံတွင် ဥရောပနှင့် အမေရိကန်နိုင်ငံထုတ်ကားသစ်အရောင်းပြခန်း
များကို မြန်မာနိုင်ငံတွင် အရောင်းကိုယ်စားလှယ်များ ဖွင့်လှစ်ခဲ့ပြီး နောက်ပိုင်း ယခုနှစ် အစောပိုင်း
တွင် Land Rover ကားများ ထပ်မံရောက်ရှိလာခြင်း ဖြစ်သည်။

Land Rover ကားများကို Ford ကားများ တင်သွင်းသည့် Capital Automotive Ltd., မှ
ဦးခင်ထွန်းက ကိုယ်စားလှယ်အဖြစ် တင်သွင်းခြင်းဖြစ်ပြီး အရောင်းပြခန်းကို အင်းစိန်လမ်းပေါ်တွင်
ဖွင့်လှစ်ရောင်းချသွားမည် ဖြစ်သည်။

"Jaguar Land Rover 4 Wheel drive, SUV နဲ့ Sport Type ကားတွေကို တင်သွင်း မိတ်
ဆက်သွားမှာပါ။ ဒီကားတွေက မြန်မာနိုင်ငံ မှာရှားတဲ့အတွက် ပြုပြင်ဖို့အခက်အခဲကို၊ပူစရာ မလို
ပါဘူး။ နိုင်ငံခြားသား မက္ကင်းနစ်တွေ အများ ကြီး ခေါ်ထားပါတယ်။ ပြည်တွင်းကနည်းပညာ ရှင်
တွေကိုလည်း နိုင်ငံခြားမှာ သင်တန်းတက် ခိုင်းထားပါတယ်။ ပြီးတော့ အပိုပစ္စည်းလည်း အကုန်
ရနိုင်ပါတယ်။ ကားဈေးနှုန်းကတော့ အတွင်းက အပြင်အဆင်ကိုမူတည်ပြီး ဈေးနှုန်း က အတိ
အကျပြောလို့ မရပါဘူး။ အခွန်မပါ ၀ယ်ဈေးက အမေရိကန် ဒေါ်လာ ၈၀,၀၀၀ ကနေ ၁၀၀,၀၀၀
အထိရှိနိုင်ပါတယ်။ ဈေးကွက်ကို ထိုးဖောက်ဖို့ကတော့ တကယ့်ကို တန်ဖိုးကြီးပြီး ယာဉ်အန္တရာယ်
က ကာကွယ်ပေးနိုင်မယ့် အရည်အသွေးပြည့်ကားတွေကို ၀ယ်ချင်တဲ့ သူတွေကိုရည်ရွယ်ပါတယ်။
မကြာခင်မှာ Land Rover ဈေးကွက်တစ်ခု ဖွံ့ဖြိုးလာလိမ့်မယ်လို့ လည်း ယုံကြည်ပါတယ်" ဟု
Capital Automotive Ltd.,မှ အုပ်ချုပ်မှုဒါရိုက်တာ ဦးခင်ထွန်းက ပြောသည်။

လက်ရှိတွင် အင်းစိန်လမ်းမပေါ်ရှိ င်္သမိ၊ကား အရောင်းပြခန်းအနီးတွင် ယာယီအရောင်းပြခန်း
ဖွင့်လှစ်ထားပြီးNew Jaguar and Land Rover Range များကိုပြသထားကာ ၀ယ်သူများ
အထူးစိတ်ဝင်စားမည့် Jaguar XF and Range Rover Evoque တို့ကိုလည်း ပြသထားကြောင်း
၎င်းက ပြောသည်။

"အသစ် ကျပ်ချွတ်ကားတွေလာပြတာဖြစ်တဲ့ အတွက် ၀န်ဆောင်မှု အပြည့်အစုံပါမှာ ဖြစ်ပါ တယ်။
အရောင်း၊ ရောင်းပြီးနောက် ၀န်ဆောင်မှု နဲ့ အပိုပစ္စည်းတွေကို အကုန်အပြည့်အစုံ ရှိပါတယ်။
ဒါပေမဲ့ လက်ရှိသွင်းလာတဲ့ကားတွေ က မြန်မာနိုင်ငံဈေးကွက်အတွက်သီးသန့် အာမခံထားတဲ့
ကားတွေတော့ မဟုတ်ဘူး။ နည်း ပညာ အရမ်းတိုးတက်လာတဲ့အတွက် နည်း ပညာဆန်းသစ်
ထားတာတွေ ရှိတဲ့အပြင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကို အဓိကကာကွယ် နိုင်တဲ့ကားတွေဖြစ်ပါတယ်"
ဟု Land Rover မှ တာဝန်ရှိသူ Mr. Robert Beaty က ပြောသည်။ 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး