ကျောက်ဖြူအထူးစီးပွားရေးဇုန်အကြံပေးအဖြစ် စင်ကာပူအဖွဲ့၊ တင်ဒါအောင်မြင်

ကျောက်ဖြူအထူးစီးပွားရေးဇုန်အကြံပေးအဖြစ် စင်ကာပူအဖွဲ့၊ တင်ဒါအောင်မြင်

ရခိုင်ပြည်နယ် ကျောက်ဖြူဒေသ အထူးစီးပွား ရေးဇုန် တည်ဆောက်ရေးအတွက် နိုင်ငံတကာ
တင်ဒါများ စိစစ်ရွေးချယ်နိုင်ရန် အကြံပေး ကုမ္ပဏီအဖြစ် စင်ကာပူအခြေစိုက် Creative
Professional Groups (CPG) ကို အမေရိကန် ဒေါ်လာ ၂ ဒသမ ၄ သန်းဖြင့် ရွေးချယ်ငှားရမ်း
လိုက်ကြောင်း ကျောက်ဖြူအထူး စီးပွားရေးဇုန်အကြံပေးကုမ္ပဏီ တင်ဒါစိစစ်ရွေးချယ်ရေးအဖွဲ့
ဒုတိယဥက္ကဋ္ဌ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက ပြောသည်။

အကြံပေးကုမ္ပဏီအတွက် အမေရိကန်နိုင်ငံ အပါအဝင်၊ တရုတ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊
စပိန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် စင်ကာပူ နိုင်ငံများမှ အကြံပေး ကုမ္ပဏီအဖွဲ့ ၁၇ ဖွဲ့တင်ဒါ ၀င်ခဲ့
ကာ ယင်းတို့အနက် နည်းပညာပိုမိုကောင်း မွန်ခြင်းနှင့် ငှားရမ်းခငွေကြေး သင့်တင့်သည့် CPG
ကုမ္ပဏီကို ရွေးချယ်ငှားရမ်းခဲ့ခြင်း ဖြစ် သည်။ "သီလဝါ၊ ထားဝယ်စီးပွားရေးဇုန်တွေနဲ့ မတူ တဲ့
အချက်ကတော့ ကျောက်ဖြူစီးပွားရေးဇုန်က B to B (Business to Business) စနစ်နဲ့သွားမှာ
ဖြစ်ပါတယ်။

ဒီအတွက် နိုင်ငံတကာ တင်ဒါတွေ ကို ခေါ်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံ တကာစံနှုန်းနဲ့
အညီဖြစ်တဲ့ အကြံပေးကုမ္ပဏီ ကိုရွေးချယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ကျောက်ဖြူ အထူးစီးပွာရေးဇုန်ကို
တည်ဆောက်လိုတဲ့သူ တွေကို စိစစ်ရွေးချယ်နိုင်ဖို့ ခုလိုအကြံပေးကုမ္ပဏီကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါ
တယ်" ဟု အကြံပေး ကုမ္ပဏီရွေးချယ်ခဲ့ခြင်းနှင့်ပတ်သက် ပြီး ဇုန်တည်ဆောက်ရေးကော်မတီ
ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် တည် ဆောက်ရန် နိုင်ငံတကာတင်ဒါများရွေးချယ် နိုင်ခြင်းမရှိသေး
ခင် အကြံပေးကုမ္ပဏီသို့ ပေးဆောင်ရမည့် ငှားရမ်းခငွေကြေးကို နိုင်ငံတော် က ကျခံပေးသွားမည်
ဖြစ်ပြီး တည်ဆောက်သူ များ အတည်ပြုရွေးချယ်ပြီးနောက်မှသာ ယင်း ငွေကြေးကို နိုင်ငံတော်က
ပြန်လည်ရရှိနိုင်မည်ဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောသည်။

"အကြံပေးကုမ္ပဏီအနေနဲ့ ကျွန်မတို့ အဓိက စိုးရိမ်တာကတော့ ပြည်သူတွေရဲ့ပူးပေါင်းပါ၀င်မှုရှိပါ့
မလားဆိုတာပဲဖြစ်ပါတယ်။ ဒေသခံ ပြည်သူတွေရဲ့ ပူးပေါင်းပါ ၀င်မှုမရရင် ကျွန်မတို့ အလုပ်လည်း
ခက်ခဲပါလိမ့်မယ်။ ဒါက ကျွန်မတို့ အတွက် အဓိကစိန်ခေါ်မှုပါပဲ" ဟု CPG အုပ်စု မှ အမှုဆောင်
အရာရှိ မစ္စနီနယောင် က မြန်မာ တိုင်း(မ်)ကို ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက် မည့် ကုမ္ပဏီများ စိစစ်ရွေးချယ်မှုအတွက်
အကောင်းဆုံး အကြံပေးမှုများကို ဇုန် ကော်မတီနှင့် ပူးပေါင်းပြီး အကောင်းဆုံး လုပ်ဆောင်
သွားနိုင်မည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကို ကျောက်ဖြူမြို့အရှေ့ဘက် တစ်မိုင်ခန့်အကွာရှိ မြေဧက
တစ်ထောင်ကျော်တွင် ကနဦး ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂၂၇ သန်းဖြင့် တည် ဆောက်
အကောင်အထည်ဖော်သွားရန် လျာထားခြင်းဖြစ်သည်။ အဆိုပါ ဇုန်တည်ဆောက်ရေးအတွက်
အကြံပေးကုမ္ပဏီ တင်ဒါခေါ်ယူ ခြင်းကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်က စတင်ခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ရွေးချယ်နိုင်မှုအတွက် ခြောက်လနီးပါးကြာမြင့်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ စီမံကိန်းစတင်အကောင်အထည်ဖော်ရန် မိတ်ဆက်စဉ်ကပင် လာရောက်ရင်းနှီး မြှုပ်နှံလို
သူများအတွက် အပြည့်အဝကာကွယ်ပေးမှုကို ပြည်နယ်အစိုးရအနေဖြင့် ဆောင်ရွက်ပေးသွားမည်
ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာနဝန်ကြီး ဦးမောင် စံရွှေက
မြန်မာ့တိုင်း(မ်) ကို ပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်တွင်း ပဋိပက္ခများသည် လာ ရောက်ရင်းနှီးမြှုပ်နှံ
သူများအတွက် ထိခိုက်မှုမရှိစေရန် ကာကွယ်ပေးသွားမည်ဟု ဦးမြင့်သိန်း က ထပ်မံအတည်ပြု
ပြောကြားသည်။

"ကျောက်ဖြူဒေသက လုံခြံုရေးကိုထိန်းသိမ်း ဖို့ အင်မတန်လွယ်ကူတဲ့ဒေသဖြစ်ပါတယ်။
ကျွန်တော်တို့ ပြည်သူလူထု ပူးပေါင်းပါ၀င်တဲ့ နည်းနဲ့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံ
သူတွေအပေါ်မှာ လုံးဝအာမခံပါတယ်" ဟု ဦးမြင့်သိန်းကပြောသည်။

စီမံကိန်းအတွက် အဓိက လိုအပ်ချက်ဖြစ် သည့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ကျောက်ဖြူ၊
သူဌေးဈေးနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းအချို့မှ မဟာဓာတ်အားလိုင်း သွယ် တန်း လုပ်ဆောင်
သွားရန် လျာထားချက်များရှိကြောင်း ၂၀၁၅ ခုနှစ်တွင် ပြီးစီရန် လျာထားခြင်း ဖြစ်ပြီး ဓာတ်အား
လိုင်းများသွယ်တန်းရန် တာဝါတိုင် တည်ဆောက်မှုများ စတင်ဆောင် ရွက်နေပြီဖြစ်ကာ နိုင်ငံ
တော်က အပြည့်အဝဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး မြန်မာ့လျှပ်စစ် မှ မဂ္ဂါ၀ပ် ၅၀ ထုတ်လုပ်နိုင်မှု
စီမံကိန်းနှင့် သဘာဝဓာတ်ငွေ့မှတစ်ဆင့် မဂ္ဂါ၀ပ် ၆၀ ထုတ် လုပ်နိုင်သည့် လျှပ်စစ်ဓာတ်အား
စီမံကိန်းတို့ ကိုအကောင်အထည်ဖော်ထားပြီးဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောသည်။

"လျှပ်စစ်မီးတစ်ခုတည်း မဟုတ်ပါဘူး။ အဲဒီနေရာက ကျွန်းဖြစ်တဲ့အတွက် သောက်သုံးရေ လုံးဝ
မရှိပါဘူး။ သောက်သုံးရေ ရရှိနိုင်ဖို့ အတွက်လည်း ကျွန်တော်တို့စီစဉ် ထားပြီးဖြစ်ပါ တယ်။
နောက် ဒေသခံပြည်သူတွေပါ၀င်တဲ့ သဘာဝပတ်ဝန်းကျင် ထိခိုက်ဆုံးရှုံးမှုမရှိစေ ရေးအတွက်
စောင့်ကြည့်လေ့လာရေးအဖွဲ့ကို လည်း တစ်ပြိုင်တည်း ဖွဲ့စည်းထားပြီးဆောင် ရွက်နေပြီဖြစ်ပါ
တယ်" ဟု အဆိုပါကော်မတီ၏ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အိုးအိမ် ဦးစီးဌာန ဒုတိယညွှန်
ကြားရေးမှူးချုပ်ဟောင်း ကျောက်ဖြူဒေသခံ ဦးဝင်းမြင့်က ပြောသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် မြေနေရာကို မူလက ၁,၉၈၅ ဧက
သတ်မှတ်လျာထားခဲ့ခြင်းဖြစ်ပြီး ယင်းဧက တွင် လယ်ယာမြေနှင့် ရွာပေါင်း ၆၀၀ ဧက ခန့်
ပါ၀င်နေခြင်းကြောင့် ရွာနှင့်လယ်ယာမြေများ ထိခိုက်ဆုံးရှုံးမှုမရှိရန် ဧကတစ်ထောင်ခန့်သာ
အဓိက နေရာအဖြစ်သတ်မှတ်ခဲ့ခြင်း ဖြစ်ကြောင်း ဦးမြင့်သိန်းက ပြောသည်။

"အခု ဧကတစ်ထောင်ကျော်မှာ လယ်နဲ့ရွာက ဧက ၄၀ လောက်ပါနေပါသေးတယ်။ အဲဒီအတွက်
ကျွန်တော်တို့အခု လယ်ဧက ၈၀ လောက် ဖော်ထုတ်နေပါတယ်။ ဧက ၄၀ ဆုံးရှုံးသွားတဲ့သူတွေ
အတွက် ဖော်ထုတ်နေတဲ့ ဧက ၈၀ မှာ ကျွန်တော်တို့ အစားထိုးပြန်ပေးသွားမှာဖြစ်ပါ တယ်။ အကြံ
ပေးကုမ္ပဏီက လယ်ဧကတွေ ဖယ်ရှားဖို့မလိုဘူးဆိုရင် မလုပ်ပါဘူး။ လိုအပ် ရင်လည်း ကမ္ဘာ့ဘဏ်
ကသတ်မှတ်ပေးထား တဲ့ ပေးထားချက်တွေအတိုင်း ကျွန်တော်တို့ အကောင်အထည်ဖော် လုပ်
ဆောင်သွားမှာဖြစ် ပါတယ်" ဟု ဦးမြင့်သိန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး