အခွန် ကောက်ခံမှုမှရရှိသော ၀င်ငွေနည်းပါး နေသော မြန်မာနိုင်ငံ၏ အခွန်နှုန်းထားများ ကို
ပြင်ဆင်ရန်နှင့် အခွန်ပေးဆောင်မှုနယ်ပယ် ကျယ်ပြန့်လာစေရန်လွှတ်တော်တွင်း ဆွေးနွေး မှု
များရှိသကဲ့သို့ မြန်မာနိုင်ငံ၏ လက်ရှိအခွန်ဥပဒေ စည်းမျဉ်းများမှာ အားနဲနေသေးကြောင်း
ကျွမ်းကျင်သူများကပြောသည်။
ဘဏ္ဍာအခွန်ဝန်ကြီးဌာနက ၂၀၁၄ ၁၅ ဘဏ္ဍာ နှစ်အတွက် ၀င်ငွေခွန်၊ ့ုန်သွယ်လုပ်ငန်းခွန် နှင့်
အကောက်ခွန်တို့မှ ကျပ်ဘီလျံ ၅,၀၀၀ ကောက်ခံနိုင်ရန်ရည်မှန်း ထားသည်။ သို့သော် ခေတ်နှင့်
လျော်ညီပြီး လိုက်နာရ လွယ်ကူသော အခွန်ဥပဒေများ ပြုပြင်ရန်လိုအပ်ခြင်း၊ အခွန်ထမ်းနှင့်
၀န်ထမ်းနှစ်ဦးစလုံး လိုက်နာဆောင်ရွက်မှုမရှိပဲ စာရင်းကိုင်နှင့် စာရင်းစစ်များကလည်း ကျင့်ဝတ်နှင့်
အညီဆောင်ရွက်မှုအားနဲနေခြင်းစသည်တို့ကြောင့် အခွန်ကြီးမားစွာပေးဆောင်ရသော အခွန်ထမ်း
များအတွက် အခွန် ရှောင်ရန်အခွင့်သာနေ သောကြောင့် နျစ်စဉ်အခွန်နျင့် စုစုပေါင်း ပြည်တွင်း
ထုတ်လုပ်မှုတန်ဖိုး(ဂျီဒီပီ) အချိုးမှာ အိမ်နီးချင်းနိုင်ငံများနှင့်ယှဉ်လျှင် အားနည်း နေသေးသည်။
အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ် အဖွဲ့ဝင် ဦးမော်သန်းက အချို့သောကုမ္ပဏီကြီး များမှာ
အခွန်ကောက်ခံမှုစာရင်းတွင် ယခုအချိန် အထိ ပါ၀င်လာသေးခြင်းမရှိသေးကြောင်း ပြောသည်။
အခွန်စိစစ်ရေးဘုတ်အဖွဲ့ကို ၂၀၁၃ ခုနှစ်၊ ဗမလက စတင်ဖွဲ့စည်းခဲ့ပြီး ယမန်နှစ် ကလည်းအခွန်
စစ်ဆေးမှုများလုပ်ခဲ့ပြီး ဖေဖော် ၀ါရီလဆန်းပိုင်းမှစတင်ခါ စားသောက်ဆိုင် များအခွန်ပေးဆောင်မှု
ရှိ မရှိ စိစစ်ထောက် လှမ်းခဲ့သည်။ "အခွန်ကောက်ခံမှုကနေ ဂျီဒီပီအချိုးကိုမြင့်တက်စေချင်တဲ့
အတွက် ရေရှည်အနေနဲ့လုပ်သွားရမယ့်အစီအစဉ်တစ်ခုလို့ ရည်မှန်းထားပါတယ်။ အထူးသဖြင့်
ကိုယ်တိုင်အခွန်စည်းကြပ်တဲ့စနစ်တွေကနေ အကျိုးအမြတ်ပိုရ နိုင်တယ်"ဟု ၎င်းကပြောသည်။
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် အပါအဝင် အစိုးရလုပ်ငန်းများမှာ ယခင်ကအခွန် ကင်းလွတ် ခွင့်
ရရှိခဲ့သော်လည်း ယမန်နှစ်မှစတင်ခါ အခွန် ဆောင်ရန် သတ်မှတ်ခဲ့သည်။ ၂၀၁၂ ၁၃ ဘဏ္ဍာနှစ်မှ
စတင်၍ အခွန်ကောက်ခံမှုနျင့် နငန်း ထားများ ပြင်ဆင်ခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန် များအဖြစ်
စီးကရက်ခွန် ၁၀၀ ရာခိုင်နှုန်း၊ ဗကျာက်စိမ်းနျင့် အဖိုးတန်ကျောက်မျက်များ ၃၀ ရာခိုင်နှုန်း၊ အရက်၊
ဘီယာနှင့် ၀ိုင်အမျိုးမျိုး ပေါ်တွင် ၅၀ ရာခိုင်နှုန်းအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့သည်။
အထူးကုန်စည်ငါးမျိုးဖြစ်သည့် ရေနံ၊ ဥဘာဝဓာတ်ငွေ့၊ ကျွန်းသစ်လုံးနျင့် ကျွန်းခွဲသားများ၊ သစ်မာ
သစ်လုံးနှင့် သစ်ခွဲသားများ၊ ဗကျာက်စိမ်းနျင့် အခြားအဖိုးတန် ကျောက်များ မှအပ ကျန်ကုန်စည်
များ ပြည်ပသို့တင်ပို့ရောင်းချ လျှင် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် ပြုခဲ့သည်။
အစိုးရက နေရာအတော်များများ တွင် အခွန်နငန်း ကိုလျှော့ချကာ အခွန်ပေးဆောင် ရမည့်နယ်
ပယ်ကျယ်ပြန့်လာစေရန် မူဝါဒ ရေးဆွဲခဲ့သော်လည်း ကုမ္ပဏီကြီးတချို့မှာ အခွန်ပုံမှန်ပေးဆောင်
သည့် နယ်ပယ်အတွင်းသို့ ပါ၀င်လာခြင်းမရှိသေးပေ။ ထို့ပြင် လက်ရှိစည်းမျဉ်းဥပဒေများ၏အားနဲ
ချက်အပေါ်အခွင့်ကောင်းယူကာ အခွန်ထမ်းနျင့် အခွန်ဝန်ထမ်းအကြား ညှိနှိုင်းမှုများရှိနေ ကြောင်း
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ တစ်ခုမှ မန်နေဂျာကပြောသည်။
"ကိုယ့်ဝင်ငွေအမှန်ကို ပြောလိုက်ရင် ဌာန ဆိုင်ရာကလည်းပြောတဲ့အတိုင်းကောက်မှာပဲ။
ဒီအချိန်မှာ တခြားသူတွေကညှိနငိင်းပြီးလုပ်နေကြတာဆိုတော့ အတော်များများက အခွန်ကို
လျှော့ပြောလိုက်တာမျိုးပဲ လုပ်တော့တယ်" ဟု ၎င်းကပြောသည်။
ထို့ကြောင့် မြန်မာနိုင်ငံရှိကုမ္ပဏီတချို့မှာ အမှန်တကယ် ၀င်ငွေအမြတ်အစွန်းကို တင်ပြ ခြင်း
မရှိသည့်အပြင် တချို့သောအမြတ်ရနေသည့်လုပ်ငန်းကြီးများမှာ ကုမ္ပဏီ မှတ်ပုံတင် မလုပ်ပဲ
မြို့နယ်ရုံးများနှင့်ညှိကာ လုပ်ငန်းှုယ် အဖြစ်သာဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။
ခိုင်ခိုင်ကျော်စားသောက်ဆိုင် ပိုင်ရှင် မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းအတွင်း
ရေးမှူး ဦးကျော်မြတ်မိုးက အခွန် ကောက်ခံမှုစိစစ်ကြပ်မတ်ရေးအဖွဲ့၏ ဖေဖော် ၀ါရီလ အတွင်း
စားသောက်ဆိုင်များအပေါ်အခွန်ကောက်ခံနေမှုနှင့်ပတ်သက်၍ အခွန် ကောက်ခံရာတွင်စား
သောက်ဆိုင်များအားလုံး ကို တစ်ပြိုင်နက်တည်း ကောက်ခံသင့်ကြောင်း ပြောသည်။
"နှစ်ပေါင်းများစွာ အခွန်ပုံမှန်ပေးဆောင်လာတဲ့သူတွေကို သံသယထားတာမျိုး မဖြစ်သင့် ဘူး။
စစ်ဆေးတဲ့အခါမှာလည်း ဘယ်စား သောက်ဆိုင်ကိုအရင်စစ်ဆိုတာထက် အားလုံး တစ်ပြိုင်နက်
တည်းစစ်ဆေးမယ်ဆိုရင် လုပ်ငန်း ရှင်တွေ ဘက်ကလည်း လက်ခံဖို့အသင့်ပါပဲ"ဟု ဦးကျော်မြတ်
မိုးကပြောသည်။
လက်ရှိချမှတ်ထားသောမူအရ စားသုံးသူ များက စားသောက်ဆိုင်တွင် ကုန်သွယ်လုပ်ငန်း ခွန်
အဖြစ် ငါးရာခိုင်နှုန်းပေးဆောင်ရပြီး စားသောက်ဆိုင်များကမူ အခွန်ရုံးသို့ ၀င်ငွေ ပေါ်မူတည်၍
၀င်ငွေ၏ ၃၀ ရာခိုင်နှုန်းအထိ ပေးဆောင်ရသည်။
"တချို့ပုံမှန်အခွန်မပေးသွင်းတဲ့ စားသောက်ဆိုင်တွေလည်း တွေ့နေရပါတယ်။ စားသုံးသူကို တော့
ပြေစာနဲ့အခွန်ကောက်ခံတာမျိုးရှိပေ မယ့် အခွန်ရုံးကိုတော့ပုံမှန်အမြတ်ငွေမတင်ပြတဲ့ အတွက်
စားသုံးသူဘက်ကနစ်နာနေရတာမျိုးရှိတယ်"ဟု ၎င်းကပြောသည်။
ကျောက်စိမ်းနှင့် ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးသန်းမောင်ကမူ ကျောက်မျက်
ရောင်းဝယ်ရာတွင် ဌာနဆိုင်ရာအချို့မှာ အခွန်ကောက်ခံမှုနှုန်းထားကို ပုံသေသတ်မှတ်ထားခြင်း
မရှိပဲ မူဝါဒအမျိုးမျိုး ဖြစ်နေခြင်းကြောင့် တရားမဝင်လမ်းမှ ကျောက်မျက်သယ်ယူမှုများ ရှိနေပြီး
အစိုးရမှာလည်းအခွန်ဝင်ငွေမရကြောင်း ပြောသည်။
"လက်ရှိအခွန်နှုန်းထားအရ ကျောက်မျက် ကုန်သည်တွေအမြတ်အစွန်းနဲသလို နိုင်ငံတော်
အတွက်လည်း နျစ်စဉ်အခွန်ငွေ ဘီလျံနဲ့ချီပြီး ဆုံးရှုံးနေတဲ့အတွက် အခွန်နှုန်းကိုလျှော့ပြီး အခွန်
များများပိုဆောင်တဲ့စနစ်မျိုး ဖြစ်စေချင်တယ်"ဟု ၎င်းကပြောသည်။
















