ကဏ္ဍစုံ ရှုထောင့်ပေါင်းစုံကို ထင်ဟပ်စေမည့် ဆန်စပါးမူဝါဒ (National Rice Policy) တစ်ရပ်
အား မတ်လ ရ ရက်နေ့မှ စတင်ကာရေးဆွဲနေပြီဖြစ်ကာ ခြောက်လအတွင်း အပြီးသတ်ရေးဆွဲ
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်
ကပြောသည်။
နိုင်ငံတော်အစိုးရက ၂၀၀၃ ၀၄ ခုနှစ်မှစတင်ခါ ဆန်စပါးကဏ္ဍတွင်ဝင်ရောက်စွက်ဖက်ချင်းမရှိပဲ
ပုဂ္ဂလိကကဏ္ဍကိုသာ လုပ်ကိုင် ခွင့်ပြုပြီးနောက်ပိုင်းတွင် ဆန်စပါးမူဝါဒအား ပြောင်းလဲချမှတ်ခဲ့
ခြင်းမရှိပဲ ယခင်အစိုးရဟောင်း လက်ထက်ကချမှတ်ခဲ့သည့် အလွန်ယေဘုယျကျသော မူဝါဒဖြင့်
သာ ဆက်လက်ဆောင်ရွက် ခဲ့သဖြင့် လိုအပ်ချက်များစွာရှိနေပြီး အခြား နိုင်ငံများနည်းတူ ဖွံ့ဖြိုး
တိုးတက်မှုမရှိခဲ့ကြောင်း ပညာရှင်များက သုံးသပ်သည်။
"ဆန်ကို ပြည်တွင်းဖူလုံအောင် ထုတ်လုပ် ရမယ်။ ပြည်တွင်းဖူလုံပြီး ပိုလျှံတာကို ပြည်ပ ကို
တင်ပို့ရောင်းချရမယ်။ ဒီအချက်နှစ်ချက် က အရင်ကချမှတ်ထားတဲ့ ဆန်မူဝါဒပါ။ အရမ်းကို
ယေဘုယျဆန်ပါတယ်။ သေချာရေရာမှုမရှိသလို ခိုင်မာမှုလည်းမရှိပါဘူး။ ဒီကဏ္ဍကို ဖွံ့ဖြိုး
တိုးတက်အောင်လုပ်ဖို့က ဒီအချက် နှစ်ချက်ထဲနဲ့ ဘယ်လိုမှ မလုံလောက်ပါဘူး" ဟု
ဦးရဲမင်းအောင်ကပြောသည်။
မြန်မာနိုင်ငံ၏ ရှေ့ဆက်သွားမည့် ဆန်စပါးမူဝါဒလမ်းညွှန်မြေပုံတွင် လိုအပ်ချက်များကို လက်ရှိပြည်တွင်းတွင်ဖြစ်ပေါ်နေသောအခြေအနေနျင့် နိုင်ငံတကာတွင်ဖြစ်ပေါ်နေသော
ကောင်းကျိုးဆိုးကျိုးများကို လေ့လာသုံးသပ်ပြီး ပညာရှင်များနှင့်ပူးပေါင်းကာ လယ်ယာစိုက်ပျိုး
ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဖိလစ်ပိုင်အခြေစိုက် International Rice Research Institute
(IRRI) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့က ပါ၀င်ရေးဆွဲသွားမည်ဖြစ်ကြောင်းလည်း
ဦးရဲမင်းအောင် က ပြောသည်။
"ဒေါ်လာသန်းပေါင်းများစွာနဲ့ရင်းနှီးမြုပ်နှံဖို့လာတဲ့သူတွေက မူဝါဒတွေများပြောင်းလဲသွားမလား၊
ဘာတွေများကန့်သတ်မှာလဲဆိုပြီး မဝံ့မရဲဖြစ်နေချိန်မှာ အာမခံ ချက်တစ်ခုပေးနိုင်ဖို့ လိုအပ်ချက်
တွေကို ရှုထောင့် ပေါင်းစုံကနေပေါင်းစပ်ပြီး နိုင်ငံတော်အစိုးရ ရယ်၊ IRRI ရယ်၊ ဆန်စပါးအဖွဲ့ချုပ်
ရယ်ပူးပေါင်း ပြီး ရေးဆွဲသွားမှာ ပါ" ဟု ၎င်းကပြောသည်။
မူဝါဒရေးဆွဲရာတွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်တစ်ဦးအဖြစ်ပါ၀င်သော
ဒေါက်တာစိုးထွန်းကလည်း ဆန်ကိုအဓိကစိုက်ပျိုးထုတ်လုပ်သည့် တိုင်းပြည်တိုင်းတွင် ဆန်မူဝါဒချမှတ်ထားသော်လည်း မြန်မာနိုင်ငံတွင် သေချာရေရာစွာချမှတ်ထားသည့်မူဝါဒ
ယခုအချိန်ထိမရှိသေးခြင်းက ဖွံ့ဖြိုးမှုကိုနှေးကွေးစေပြီးရေးဆွဲပြီးပါကလည်း အမြန်ဆုံးအကောင်
အထည်ဖော်ရန်လိုအပ်ကြောင်း ပြောသည်။
"အဓိကအားပေးရမှာက ထုတ်လုပ်မှုလား တင်ပို့မှုလားဆိုတာတွေက မူဝါဒကိုအခြေခံ ပြီး
ရေးဆွဲရတာပဲလေ။ အရင်ကမရှိခဲ့တော့ လယ်သမားတွေရော ကုန်သည် တွေနဲ့ စက်ပိုင် တွေပါ
အခက်တွေ့တယ်။ အရည်အသွေးမြှင့်တင်ဖို့၊ ဠယ်ယာလုပ်သားရှားပါးမှုကိုဖြေရှင်းဖို့၊ စက်မှု
လယ်ယာကူးပြောင်းဖို့၊ တန်းမြင့်ဆန်တင်ပို့နိုင်ဖို့နဲ့ အာမခံထားရှိဖို့ စတဲ့လိုအပ်ချက်တွေကို ထည့်သွင်း
ရေးဆွဲသွားမှာပါ " ဟု ၎င်းကပြောသည်။
မူကြမ်းအား သုံးလအတွင်းအပြီးသတ်ရေးဆွဲရန်စီစဉ်ထားပြီး ရေးဆွဲပြီးပါက အရပ်ဘက် အဖွဲ့
အစည်းများနှင့်ညှိနှိုင်းကာ အတည်ပြု ဆောင်ရွက်သွားမည်ဖြစ်ကာ IRRI က နည်း ပညာနှင့်
စက်ပစ္စည်းအကူအညီများပေးအပ် ရန် သဘောတူညီမှုရရှိထားပြီး ဖြစ်သည်။
















