ကားဈေးကွက် စလစ်ဈေးတက်ပြီး အပ်ကားရှားလာ

ကားဈေးကွက် စလစ်ဈေးတက်ပြီး အပ်ကားရှားလာ

ပြည်တွင်း ကားဈေးကွက်အတွင်း အပ်ကားများ ရှားလာကာ စလစ်ဈေးနှုန်းများမြင့်တက်လာပြီး
လုပ်ငန်းရှင်အများစုမှာ ဆက်လက်အပ်နှံရန်ကြေညာမည့် ကားအမျိုးအစားကို စိတ်ဝင်တစား
စောင့်ကြည့်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ လုပ်ငန်းရှင်များကပြောသည်။

"ဈေးကွက်ထဲမှာ ကားအရောင်းအဝယ်နဲ့ပတ်သက်လို့ ဈေးနှုန်းတွေ ကမောက်ကမ ဖြစ်နေ တဲ့
အချိန်မှာ သက်ဆိုင်ရာက နောက်ထပ်အအပ်ခံမယ့်ကားတွေကို မကြေညာသေးတော့ စလစ်ဈေး
တွေကတက်လာတယ်။ စလစ်ဈေး တက်ရုံတင်မကဘူး၊ ပုံမှန်အရောင်းအဝယ်ဖြစ် နေတဲ့ကား
ဟောင်းတွေထဲက အပ်ကားတွေ တောင် ရှားလာတဲ့အထိ ဖြစ်လာတယ်။ ငွေရှိတဲ့သူတွေ
ငွေကိုင်ပြီး အရောင်းအဝယ်လုပ် လာတော့ ဈေးကွက်ကမငြိမ်တော့ဘူး" ဟု ကားဝယ်ရောင်း
ကိုလေးမောင်ကပြောသည်။

လတ်တလောကားဈေးကွက်အတွင်း 'အ' အက္ခရာစလစ် အမည်ပေါက်ဈေးမှာ ကျပ် ၁၀၆
သိန်းရှိပြီး အပ်ကားမှာ ကျပ်သိန်း ၁၀၀ ၀န်းကျင် ခန့်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။

သက်ဆိုင်ရာက ဆက်လက်အပ်နှံရမည့်ကား များကို ထပ်မံကြေညာခြင်းမရှိသေးသဖြင့် လက်ရှိ
အချိန်တွင် ငွေအရင်းအနှီးများသူ တို့သာ အမြတ်အစွန်းများရရှိနိုင်ကြောင်း ကားဝယ်ရောင်းများက
သုံးသပ်သည်။

'အ' အက္ခရာ ပြီးကတည်းက နောက်ထပ် ဘယ်နံပါတ်ကို ဆက်ပြီးအအပ်ခံမယ်ဆိုတာကို
ခန့်မှန်းပြီးတော့ ငွေအရင်းအနှီးတတ်နိုင်သူ တွေကတော့ အလုံအရင်းနဲ့ ၀ယ်ထားနိုင်ကြ တယ်။
ပြီးခဲ့တဲ့လတုန်းက လွှတ်တော်မှာ ဇုန်ထုတ်ကားတွေအကြောင်း အသံထွက်လိုက် ပြီးကတည်း
က ဇုန်ထုတ်ကားဈေးကွက် ပြန်ကောင်းသွားတယ်။ သိပ်မကြာလိုက်ပါဘူး အရောင်းအဝယ်က
ပုံမှန်ပြန်ဖြစ်သွားတယ်" ဟု ကားဝယ်ရောင်း ကိုဦးက ပြောသည်။

စက်မှုဇုန်ထုတ်ကားများကို အပ်နှံခွင့်ပြုလျှင် လည်း မည်သည့်ပုံစံဖြင့်အအပ်ခံမည်ဆိုသည် ကို
သဲသဲကွဲကွဲမသိရှိသေးကြောင်း လုပ်ငန်းရှင် များက ပြောသည်။ "နံပါတ်နဲ့ အက္ခရာတစ်ခုခု ကို
တိတိပပသတ်မှတ်ဖို့တော့လိုတယ်။ ဇုန်ထုတ်ကား ဘယ်အမျိုးအစားကို အခွန်ဘယ် လောက်
ဆောင်ပြီး ဘယ်လိုပုံစံနဲ့ ပြန်တင်သွင်း ခွင့်ပြုတယ်ဆိုတာကို အရင်ဆုံးကြေညာပြီးတော့မှ
အအပ်ခံရမှာပါ။ နောက်ပြီး ဒီကားတွေကိုလက်ခံပြီး အငှားယာဉ်စလစ်နဲ့ ထုတ်ပေးမလား၊
ရိုးရိုးနံပါတ်အနက်တွေပဲ ထုတ်ပေးမလားဆိုတာကို အပ်နှံတဲ့သူတွေ သေချာသိဖို့လိုသေးတော့
နည်းနည်းကြာဦးမယ် ထင်ပါတယ်။ ဒီကားတွေကလည်း ဆယ်စုနှစ်တစ်ခုကျော်ပဲရှိသေးပေမယ့်
တော်တော်ကျနေတော့ ပြန်အပ်နှံ စေချင်ပါတယ်" ဟု ကိုဦးကပြောသည်။

နယ်လိုင်စင် အမည်ပေါက်ကားများကို သက်ဆိုင်ရာနယ်များသို့ ပြန်ပို့မည့်သတင်းကြောင့်
ဈေးကွက်အတွင်း အဆိုပါကားများကို ၀ယ်ယူမည့်သူမရှိသလောက် ရှားပါးနေပြီး အရောင်း
အဝယ်မရှိသလောက် နည်းသွား ကြောင်း ၀ယ်ရောင်းများက ပြောသည်။ ကားအရောင်းပြခန်း
တစ်ခုတွင်လည်း ကြိုပွိုင့် စနစ်ဖြင့် ၀ယ်ယူသူများထံမှ ကျပ် ၂၅ သိန်း ကြိုတင်တောင်းယူထား
သော်လည်း ပြခန်း မန်နေဂျာက ငွေအလွဲသုံးစားပြုလုပ်သွားသဖြင့် မှာယူသူအများစု ငွေပြန်
လည်ရရှိရန် ပိုင်ရှင်ချိန်း ဆိုသည့်ရက်ကို စောင့်ဆိုင်းနေရသည်။ ငွေသွင်း ထားကားသော်လည်း
မရရှိမှုများကြောင့် ၀ယ်သူနှင့် အရောင်းပြခန်းများအကြား မပြေလည်မှုများ ပိုမိုဖြစ်ပေါ်လာကြောင်း
ဈေးကွက် အတွင်းမှ လုပ်ငန်းရှင်များကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး