အိန္ဒိယနိုင်ငံ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ ရန်ကုန်တွင် ကျင်းပမည်

အိန္ဒိယနိုင်ငံ အင်ဂျင်နီယာ လုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ ရန်ကုန်တွင် ကျင်းပမည်

အိန္ဒိယ အင်ဂျင်နီယာလုပ်ငန်းဆိုင်ရာ ကုန်စည်ပြပွဲ India Engineering Exhibition 2014 ကို
မတ်လ ၁၃ ရက်မှ ၁၅ ရက်နေ့အထိ ရန်ကုန်မြို့ တပ်မတော်ခန်းမတွင် ကျင်းပသွားမည်ဖြစ် ကြောင်း
အိန္ဒိယနိုင်ငံ Engineering Export Promotion Council ဥက္ကဋ္ဌ Mr. Anupam Shah က
ပြောသည်။

ပြပွဲတွင် အိန္ဒိယနိုင်ငံရှိ ကုမ္ပဏီပေါင်း ၁၀၀ ကျော်က နည်းပညာများ ရှင်းလင်းပြသ သွား မည်ဖြစ်ပြီး
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲများကိုလည်း ထည့်သွင်းကျင်းပ သွားမည်ဟု
၎င်းကပြောသည်။

အဆိုပါပြပွဲကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံရုံး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊
စက်မှုဝန်ကြီးဌာနနှင့် အိန္ဒိယနိုင်ငံအစိုးရတို့ ပူးပေါင်း၍ပြသခြင်းဖြစ်ပြီး မြန်မာ နိုင်ငံမှ စက်ရုံများက
လည်း ပံ့ပိုးကူညီထား ကြောင်း ၎င်းကပြောသည်။

"မြန်မာနိုင်ငံရဲ့ တိုးတက်လာတဲ့စီးပွားရေးလမ်းကြောင်းက တဖြည်းဖြည်းနဲ့ နိုင်ငံတကာစီးပွားရေး
ဈေးကွက်ကိုမီလာပြီး အဲဒါကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို ဆွဲဆောင်နေပါ တယ်။ ရင်းနှီးမြှုပ်နှံ
မယ့်သူတွေကလည်း ဒီနိုင်ငံ ရဲ့ ခရီးသွားလုပ်ငန်း၊ နည်းပညာပိုင်းဆိုင်ရာ၊ ဆက်သွယ်ရေးပိုင်း စတဲ့
နေရာတွေမှာ ရင်းနှီး မြှုပ်နှံဖို့ကိုစိတ်ဝင်စားကြတယ်။ ဒါကြောင့် ဒီကုန်စည်ပြပွဲကို လုပ်ဖြစ်တာပါ"
ဟု ၎င်းက ပြောသည်။

အိန္ဒိယကုန်စည်ပြပွဲမှတစ်ဆင့် မြန်မာနိုင်ငံ ရှိ စက်ရုံများနှင့် အင်ဂျင်နီယာကဏ္ဍများတွင် ကောင်းမွန်
သော ဆက်ဆံရေးတည်ဆောက်နိုင် ပြီး မြန်မာနိုင်ငံနှင့် အိန္ဒိယ နှစ်နိုင်ငံ ရင်းနှီးမှု ရရှိကာ ပို့ကုန်
လုပ်ငန်းများသာမက မြန်မာ နိုင်ငံရှိ လုပ်ငန်းရှင်များနှင့် ပူးပေါင်းကာ လုပ်ငန်း များလုပ်နိုင်မည်ဖြစ်ပြီး
အလုပ်အကိုင် အခွင့် အလမ်းများလည်း ဖန်တီးပေးနိုင်မည်ဟု ယုံကြည်ကြောင်း Mr. Anupam
Shah က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး