ပြည်တွင်းအခွန်များဦးစီးဌာနက အခွန်စည်းကြပ်ခံယူခြင်း မရှိသေးသော ကုမ္ပဏီများစာရင်းကို
မှားယွင်းဖော်ပြခဲ့ပြီးနောက် မှားယွင်းဖော်ပြခဲ့မိကြောင်း ၎င်းတို့ ၀ဘ်ဆိုဒ်တွင် မတ်လ ၁၀ ရက်
နေ့တွင် ပြန်လည်ကြေငြာခဲ့သည်။
"အဆက်အသွယ်မရတဲ့ကုမ္ပဏီတွေ၊ အခွန်ဌာနနဲ့အလှမ်းဝေးနေတဲ့ ကုမ္ပဏီတွေ၊ အသစ်ဖွဲ့စည်း
လိုက်တဲ့ကုမ္ပဏီတွေအနေနဲ့ အခွန်ဆောင်ဖို့ အစီအစဉ်ရှိလားဆိုတာ အကြောင်းကြား လိုက်တာ
ပါ။စာရွက်စာတမ်း hard copy နဲ့လုပ်တာ မဟုတ်တဲ့ အတွက် ကွန်ပျူတာကနေ ဘယ်လိုရော
ထွေးပြီးဝင်သွားတာလဲမသိဘူး။ မှားယွင်း ကြောင်း လာဆက်သွယ်တဲ့အတွက် ကုမ္ပဏီကိုးခုရဲ့
စာရင်းတွေကိုဖြုတ်ပေး ခဲ့ပါ တယ်"ဟု ပြည်တွင်း အခွန်များဦးစီးဌာနလက်အောက်ရှိ ကုမ္ပဏီ
များဆိုင်ရာ အခွန်ရုံးမှ ညွှန်ကြားရေးမှူးဦးတင်ထွန်းနိုင်က ပြောသည်။
ကုမ္ပဏီများအဖြစ်မှတ်ပုံတင်ထားသော်လည်း ၂၀၁၃ ၁၄ ဘဏ္ဍာနှစ်တွင် အခွန် စည်းကြပ်ခံယူ
ခြင်းမရှိသေးသော ကုမ္ပဏီများနျင့် လုပ်ငန်းစတင်ဖွဲ့စည်း ထားသော်လည်း ကုမ္ပဏီများဆိုင်ရာ
အခွန်ရုံးသို့လာရောက် ဆက်သွယ်မှုမရှိသေးသည်များကို စိစစ်ဖော် ထုတ်ရန်ရှိပါသဖြင့် ကုမ္ပဏီ
များအနေဖြင့် မတ်လ ၂၀ရက် နောက်ဆုံးထား၍ ကုမ္ပဏီ များဆိုင်ရာအခွန်ရုံးသို့ ဆက်သွယ်ရန်
ရေးသားထားသည်။
ဖော်ပြခဲ့သော ကုမ္ပဏီများစာရင်းတွင် အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၊ ရိုးမဘဏ်၊ အသေးစားနှင့်
အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ်၊ ဗအဝမ်း အထည်ချုပ် ကုမ္ပဏီနှင့် ကိုရီးယား
ဖွံ့ဖြိုးရေးဘဏ်တို့ပါ၀င်ပြီး ၎င်းတို့မှာအခွန်ပေး ဆောင်ထားပြီးဖြစ် ကြောင်း ပြင်ဆင်ကြေငြာခဲ့
သည်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေးဘဏ်၏ ဦးဆောင်ညွှန်ကြားရေးမှူးဦးရဲမင်းဦးက ၎င်းတို့ ဘဏ်သည်
စတင်ဖွင့်လှစ်သည့်အချိန်မှစတင်ကာ အခွန်ပေးဆောင်ခဲ့ပြီး ၂၀၁၂ ၁၃ ဘဏ္ဍာနှစ်အတွက်
အခွန်အများဆုံးပေးဆောင်သူ ၅၀၀ စာရင်းတွင် အမှတ်စဉ် ၃၆၅ ဖြစ်ကြောင်း ရှင်းလင်းပြော
ကြားခဲ့သည်။
"ဘဏ်တွေက ကုမ္ပဏီပုံစံမျိုးနဲ့မတူပါဘူး။ ငွေရေးကြေးရေးကိုကိုင်တွယ်ရတဲ့ အဖွဲ့အစည်းဖြစ်ပါ
တယ်။ ဒီလိုအဖွဲ့အစည်းတွေကို လုပ်ချင်တိုင်းလုပ်ခွင့် နိုင်ငံတော်အစိုးရကလည်း ပေးမထားပါဘူး။
ဗဟိုဘဏ်ကလည်း ပေးမထားပါဘူး" ဟု ၎င်းကပြောသည်။ ကုမ္ပဏီများက ၎င်းတို့သက်ဆိုင်ရာ
စာရင်းကို ခြောက်လသို့မဟုတ် တစ်နှစ်နှစ်ချုပ်ချိန်မှသာတင်ပြရသော်လည်း ပုဂ္ဂလိကဘဏ်အပါ
အဝင် ပြည်တွင်းဘဏ်အားလုံးမှာ ဗဟိုဘဏ်၏ တင်းကျပ်သောစည်းမျဉ်းကိုလိုက်နာနေရပြီး
နေ့စဉ်ဝင်ငွေထွက်ငွေ စာရင်းရှင်းတမ်းများကိုဗဟိုဘဏ်သို့ တင်ပြရခြင်းကြောင့် ဘဏ်များအနေဖြင့်
စာရင်းလိမ်လည်ရန် မဖြစ်နိုင်ကြောင်း ၎င်းကပြောသည်။
ရိုးမဘဏ်၏အမှုဆောင်ဒါရိုက်တာဒေါ်အေးအေးစိုးကလည်း ဘဏ်များအနေဖြင့် ဗဟိုဘဏ်
အုပ်ချုပ်မှုအောက်တွင်ရှိသည့်အတွက် အခွန်တိမ်းရှောင်၍ မရနိုင်ကြောင်း ပြောသည်။
"ဘဏ်တွေရဲကစာရင်းတွေကို တိကျသေချာတဲ့စာရင်းဖြစ်အောင်ဆိုပြီး ဗဟိုဘဏ်တွင်း စာရင်း
စစ်ဌာနကစစ်ဆေးတဲ့အပြင် ပြင်ပကနာမည်ကြီး စာရင်းစစ် အဖွဲ့အစည်းတွေနဲ့ စစ်ဆေးတဲ့အတွက်
တိမ်းရှောင်ဖို့မဖြစ်နိုင်ပါဘူး"ဟု ၎င်းကပြောသည်။
















