ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းမြင့်တက်လာ

ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းမြင့်တက်လာ

ပြည်တွင်းကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းမြင့်တက်လာပြီး ၁၃၀၀ စီစီကားများအရောင်း
အဝယ်ဖြစ်လာကာ နယ်ဝယ်လက်ဆင်းမှပိုမိုရောင်းချလာရကြောင်း ကားအရောင်းအဝယ်လုပ်ကိုင်
သူများထံမှသိရသည်။

" ဈေးကွက်ထဲမှာကတော့ နောက်အအပ်ခံမယ့် အက္ခရာမကြေညာသေးတဲ့ အတွက်ကြောင့်
စလစ်ဈေးတွေအဆမတန်တက်သွားတယ်။ တစ်ပတ်နဲ့ တစ်ပတ် စလစ်ဈေးကမတူဘူးဖြစ်နေ
တယ်" ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုတင်မောင်ဦးက ပြောသည်။

ဈေးကွက်အတွင်း 'လ'အက္ခရာ စလစ်ဈေးနှုန်းများမှာ ယခင်အပတ်တွင်ကျပ် ၁၀၆ သိန်း ၀န်းကျင်
ခန့်ဈေးပေါက်ခဲ့သော်လည်း ယခုတစ်ပတ်တွင်မူ ကျပ်သိန်း ၁၁၀ ၀န်းကျင်ခန့်သို့ ရောက်ရှိခဲ့ကြောင်း
၊ ရန်ကုန်တိုင်းဒေသကြီးတွင်မှတ်ပုံတင်ထားသည့် 'အ'အက္ခရာအစီးရေ ၄၇၅၀ စီးရှိခဲ့ပြီး မတ်လ
၁၂ ရက်နေ့အထိ အစီးရေ ၄၆၆၅ စီးအပ်နှံခဲ့ပြီးဖြစ်ကြောင်း ကညန စာရင်းများအရသိရသည်။

"စလစ်ဈေးတွေဈေးကောင်းရနေတဲ့အချိန်မှာ အပ်နှံမယ်သူတွေ၊ ကားဟောင်း လာဝယ်တဲ့သူတွေ
စက်မှုဇုန်ဂျစ်ကားတွေလာရှာတဲ့သူတွေနဲ့ အရောင်းအဝယ်တွေ ဖြစ်နေတယ်။ ၀ယ်သူအကြိုက်
သန်ရာသန်ရာပေါ့ဗျာ စက်မှုဇုန်ထုတ်ဂျစ်ကားတွေကတော့ ဒီရက်ပိုင်းသိန်း ၄၀ ၀န်းကျင်ခန့်ဖြစ်
သွားတယ်။ လွှတ်တော်မှာထည့်သွင်းမမေးမြန်းခင်တုန်းက ၂၅ သိန်း နဲ့ သိန်း ၃၀ ၀န်းကျင် လောက်
ရှိခဲ့တယ်။ ကားဟောင်းတွေကတော့ သူဈေးနဲ့ သူအရောင်း အဝယ်ဖြစ်တယ်။ မေးတဲ့သူကလည်း ဇုန်ထုတ်ကားတွေကိုဈေးနည်းနည်းနဲ့ဝယ်ပြီးစုဆောင်တဲ့သူတွေရှိတယ်။ မီသလောက်ဈေးလို့ပြောရ
မယ်။ သိန်း ၄၀ ဆိုတော့ တစ်ကယ်တမ်းအအပ်ခံမယ်ဆိုရင် တော့ သိန်း ၃၀ /၄၀ ၀န်းကျင်လောက်လပိုင်းအတွင်းမြတ်လည်းမနည်းဘူးဆိုပြီး ငွေနိုင်တဲ့သူတွေ တော်တော် များများ
ဒီကားတွေကို အဝယ်ရှိတယ်"ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုဦးကပြောသည်။

ကားဈေးကွက်အတွင်း အရောင်းအဝယ်အတန်အသင့်ဖြစ်ပေါ်နေခြင်းမှာ နယ်အဝယ်လက်အဆင်
များခြင်းကြောင့်ဖြစ်ပြီး နယ်ဝယ်လက်များအနေဖြင့် တောင်ကြီး၊ မန္တလေး၊ ပြင်ဦးလွင်၊ မုံရွာ၊ ဧရာ
၀တီတိုင်းဒေသကြီးများမှ ၀ယ်လက်များ ဆင်းချိန်မှာသာအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း
ကားအရောင်း အဝယ်လုပ်ကိုင်သူ များထံမှသိရသည်။

" လက်ရှိ ကညနက ထုတ်ပေးတဲ့နံပါတ်က 6G အက္ခရာထုတ်ပေးချိန်မှာတောင် 9G ရ၇၇၇အက္ခရာ
ကို ကျပ် ၅၄ သိန်း၊ 9G ၈၈၈၈ အက္ခရာကို ကျပ် ၅၆ သိန်း၊ 9G ၉၉၉၉ အက္ခရာကို ကျပ် ၈၆ သိန်း၊
၀န်းကျင်ခန့်ဖြင့် ကြိုတင် အရောင်းအဝယ်ပြုလုပ်ပြီး ဖြစ်ကြောင်း၊ သက်ဆိုင်ရာသို့ 'လ'အက္ခရာ
၃၉၅၉ စီး ၊ 'သ' အက္ခရာ ၄၇၇၁ စီး၊ ချယ်ရီကျူကျူ ၃၄၂ စီးကို အပ်နှံပြီးဖြစ်ကြောင်းသိရသည်။

လက်ရှိဈေးကွက်အတွင်း 'အ'အက္ခရာ လစ်ဈေးနှုန်းမှာကျပ်သိန်း ၁၁၀ ၀-န်းကျင်ခန့်ရှိပြီး တက္ကစီ
စလစ်ဈေးနှုန်းမှာ ကျပ် ၆၃ သိန်း၊ '၁က'အက္ခရာ ကျပ်၈၃ သိန်းဝန်းကျင်နှင့် စက်မှုဇုန် ထုတ်ဂျစ်များ
မှာ ကျပ်သိန်း ၄၀ ၀န်းကျင်ခန့်ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး