လက်ရှိကျင့်သုံးနေသော ဘဏ်စနစ်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများကိုနားလည်ပြီးလုပ်ကိုင်ရန်
အဆင်ပြေမှသာ ဩစတေးလျှ အနေဖြင့် မြန်မာနိုင်ငံ၏ သတ္တုတွင်းနှင့်ရေနံသဘာဝဓါတ်ငွေ့ကဲ့
သော သယံဇာတနှင့် ဆက်စပ်သော နယ်ပယ်များတွင် ဒေါ်လာသန်းပေါင်းများစွာထပ်မံရင်းနှီးမြှပ်နှံ
လာနိုင်မည်ဖြစ်ကြောင်း ဩစတေးလျနှင့် နယူးဇီလန်ဘဏ်အုပ်စု၏ အကြီးတန်း ဦးဆောင်ညွှန်ကြား
ရေးမှူး Mr Warwick Smith ကပြောသည်။
မြန်မာနိုင်ငံတွင်ပထမဦးဆုံးတရားဝင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအနေနှင့်ဩစတေးလျ မြန်မာ
ကုန်သည်ကြီးများအသင်းနျင့် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်
တို့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများလုပ်သွားနိုင်ရန် မတ်လ၁၇ရက်နေ့ကသဘောတူလက်မှတ်
ရေးထိုးခဲ့သည်။
အဆိုပါအသင်းတွင် ဩစတေးလျ၏ သယံဖာတထုတ်လုပ်ငန်း၊ အခြေခံ အဆောက်အအုံ၊ဘဏ်၊
စိုက်ပျိုးရေးစသည်တို့မှ အဓိကကုမ္ပဏီပေါင်း ရ၀ကျော်ပါ၀င်ပြီး အသင်းမှတဆင့် နှစ်နိုင်ငံစီးပွားရေး
အခြေအနေများကိုလေ့လာနိုင်မည်ဖြစ်သည်။ ဩစတေးလျ၏မြန်မာနိုင်ငံတွင်ရင်းနှီးမြှပ်နှံထားသော
ပမာဏမှာ အမေရိကန်ဒေါ်လာသန်း၁၀၀သာရှိသေးကြောင်း ရင်းနှီးမြှပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြား
မှုးဦးစီးဌာန၏စာရင်းများအရ သိရသည်။
သို့သော်လက်ရှိရေးဆွဲထားသောဥပဒေများအတွက်ပိုမိုတိကျသေချာသောနည်းဥပဒေနှင့်လုပ်ထုံး
လုပ်နည်းများလိုအပ်ကြောင်းပြောသည်။ အထူးသဖြင့်နိုင်ငံခြားရင်းနှီးမြှပ်နှံမှု ဥပဒေ၊ ွှသစ်ပြင်ဆင်
ရေးဆွဲထားသောအခွန်ဥပဒေနျင့် သတ္တုတွင်း အပါအဝင်သယံဇာတနှင့်ဆိုင်သောဥပဒေများမှာ
ပွင့်လင်းမြင်သာမှုရှိရန်နှင့် မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်ရန် အတွက် ထပ်မံလေ့လာဖို့လို
အပ်ကြောင်း ၎င်းကပြောသည်။
















