တန်ဖိုးမြင့်ကျောက်မျက်များ တင်ပို့ခွင့် လုပ်ငန်းရှင်များ တောင်းဆို

တန်ဖိုးမြင့်ကျောက်မျက်များ တင်ပို့ခွင့် လုပ်ငန်းရှင်များ တောင်းဆို

နိုင်ငံတကာသို့ တန်ဖိုးမြင့် ကျောက်မျက် ထုတ် ကုန်များ စီးပွားဖြစ်လက်ကားတင်ပို့ခွင့် ရရှိရန်
လုပ်ငန်းရှင်များက မျှော်လင့်နေကြပြီး လက်ရှိပြဋ္ဌာန်းထားသော ကျောက်မျက်ဥပဒေမှ အချက်
အလက်အချို့ကို ပြင်ဆင်ပေးနိုင် ပါက အခြားတိုင်းပြည်များနည်းတူ ဖွံ့ဖြိုး လာနိုင်ကြောင်း
ကျွမ်းကျင်သူများက သုံးသပ် သည်။

လက်ရှိတွင် ပြည်တွင်းလုပ်ငန်းရှင်များမှာ ကျောက်မျက်အရိုင်းတုံးများ၊ အချောထည်များ နှင့်
လက်ဝတ်ရတနာများကို ပြည်ပသို့တိုက်ရိုက် တင်ပို့ခွင့်မရှိသေးဘဲ နိုင်ငံတော်က ဖွင့်လှစ်ပေး
ထားသည့် ကျောက်မျက်ဈေးများနှင့် နိုင်ငံ တကာတွင် ကျင်းပနေသည့် ကုန်စည်ပြပွဲများ တွင်
သာ သွားရောက်ရောင်းချခွင့်ရှိကြောင်း ၎င်းတို့က ပြောသည်။

၁၉၉၅ ခုနှစ်က ပြဋ္ဌာန်းထားသော ကျောက်မျက်ဥပဒေအတိုင်း ယခုအချိန်ထိ ဆက်လက် ကျင့်
သုံးနေဆဲဖြစ်ပြီး ဖြေလျှော့မှုများပြုလုပ် ပေးရန် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လုပ်ငန်းရှင်
များက သတ္တုတွင်းဝန်ကြီးဌာနထံ တောင်းဆိုခဲ့ကြသော်လည်း ယခုအချိန်ထိ ဆွေးနွေးဆဲအဆင့်
တွင်ပင် ရှိသေးကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ဥပဒေတွင် နိုင်ငံခြားသားများထံသို့ လွတ် လပ်စွာ တင်ပို့ရောင်းချခွင့်ရှိကြောင်း ဖော်ပြထားသော်
လည်း လက်ရှိတွင်မူ ရောင်းချလိုပါ က တရားဝင်အရောင်းအဝယ်ပြုလုပ်ခွင့်ရရန် ရောင်းချမည့်
ပစ္စည်းတစ်ခုစီအတွက် သတ္တုတွင်း ၀န်ကြီးဌာနလက်အောက်ရှိ မြန်မာ့သတ္တုတွင်း လုပ်ငန်း
(Myanmar Gems Enterprise) က ထုတ်ပေးသည့် ဘောက်ချာစာရွက်လေးရွက် ကို ရယူ
ကာ ပြည်တွင်းသို့ လာရောက်သည့် နိုင်ငံခြားသားများကိုသာ ရောင်းချခွင့်ရ ကြောင်း ရွှေနန်းတော်
စိန်၊ ရွှေ ရတနာဆိုင်နှင့် Forever Gemsပိုင်ရှင် ဒေါက်တာ သက်သက်ခိုင်က ပြောသည်။

"တချို့ကိစ္စတွေမှာ ဥပဒေမှာပြဋ္ဌာန်းထားတာနဲ့ လုပ်ငန်းရှင်တွေ လက်တွေ့လုပ်ကိုင်နေ ရတာတွေ
က ကွဲလွဲနေတာတွေရှိပါတယ်။ အခု ဆို နိုင်ငံခြားသားကို ရောင်းမယ်ဆိုရင် ပြည်တွင်းကို ၀င်လာ
တဲ့ ဒါမှမဟုတ် ကျောက်မျက်ဈေးကို လာတဲ့သူတွေကိုပဲ MGE ကထုတ် ပေးတဲ့ဘောက်ချာတွေနဲ့
ရောင်းရတယ်။ နိုင်ငံ တကာပြပွဲတွေမှာ ဆိုရင်လည်း Open General Lincense လို့ခေါ်တဲ့ OGL
ရဖို့အရင်လျှောက် ရတယ်။ ပြီးမှ ကျောက်မျက်ရတနာတွေကို ထုတ်သွားတာတို့ ပြန်သွင်းလာတာ
တို့ လုပ် ရတယ်။ ပြီးတော့ အဆင့်ဆင့် ရာပြတ်တွေ ဘာတွေလုပ်ပြီးလို့ အကုန်အကျခံပြီး သူများ
နိုင်ငံမှာ သွားပြရတယ်။ သွားပြတယ်ဆိုတည်း က ဟိုမှာ နမူနာတွေပြပြီး ဟိုကအော်ဒါတွေလိုချင်
လို့ပြတာပဲ။

ဒါပေမဲ့ ဟိုမှာပြခွင့်ပဲရပြီး စီးပွားဖြစ် လက်ကား တင်ပို့ခွင့်မရှိတာက ကုန်သည်တွေ ကို လမ်းတစ်
၀က်မှာပဲ ရပ်ခိုင်းထားသလို ဖြစ်နေတယ်" ဟု ၎င်းကပြောသည်။ စီးပွားဖြစ် လက်ကားရောင်းချ
ခွင့်ပြုခြင်းနှင့် လက်ရှိသတ်မှတ်ထားသည့် အခွန် ၁၀ ရာခိုင်နှုန်းအား ဖြေလျှော့ပေးခြင်းက အဆို
ပါကျောက်မျက်ကဏ္ဍဖွံ့ဖြိုးရန်နှင့် လုပ်ငန်းရှင် များ ပိုမိုလုပ်ကိုင်ခွင့်ရရန်အတွက် လိုအပ်နေ သော
အချက်များဖြစ်ပြီး အခြားသောဝန်ကြီး ဌာနများက ဖြေလျှော့မှုများပြုလုပ်ပေးနေချိန် တွင် သတ္တု
တွင်းဝန်ကြီးဌာနကလည်း လုပ်ငန်းရှင်များအတွက် စဉ်းစားပေးစေလိုကြောင်း ဒေါက်တာသက်
သက်ခိုင်က ပြောသည်။

"အဟန့်အတားက လက်ရှိ ပြည်တွင်းမှာ ပိုများနေတယ်လို့ ထင်ပါတယ်။ လုပ်ငန်းရှင်တွေ က ဘာဈေးကွက်မှမရှိသေးတဲ့ မြန်မာ့လက်ဝတ်ရတနာတွေကို နိုင်ငံတကာကိုထိုးဖောက်ဖို့ဆိုတာ
နိုင်ငံတော်က ခွင့်ပြုပေးရင်တောင် နှစ်ငါးဆယ်လောက် နောက်ကျနေတဲ့အတွက် တော်တော်
လေးရုန်းကန်ရဦးမှာပါ။ ပြီးတော့ ဘယ်လောက်ပဲ ကျောက်မျက်ဈေးတွေဖွင့်ထားပေးပေမယ့်
ပတ္တမြားလက်စွပ်လေးတစ်ကွင်းဝယ်ဖို့အတွက်နဲ့တော့ ဘယ်နိုင်ငံခြားသားကမှ မြန်မာပြည်ကို
လာမှာမဟုတ်ပါဘူး။ ကိုယ့်ထုတ် ကုန်ကို ၀ယ်သူတွေအနီးစပ်ဆုံး ၀ယ်နိုင်တဲ့ နေရာအရောက်ပို့
ပေးနိုင်ဖို့ လိုပါတယ်" ဟု ၎င်းက ပြောသည်။


 

ထို့ပြင် လက်ရှိ မြန်မာ့ကျောက်မျက် အရိုင်းတုံးများကို အခြားတိုင်းပြည်များက ၀ယ်ယူကာ
တန်ဖိုးမြင့် ထုတ်ကုန်အဖြစ် ပြန်လည်ထုတ်လုပ်ကာ အဆပေါင်းရာနှင့်ချီ၍ အကျိုးအမြတ်များ
ရရှိနေခြင်းက တိုင်းပြည်အတွက်သာမက ကျောက်မျက်လုပ်ငန်းရှင်များ အတွက်ပါ အလွန်နစ်နာ
စေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

"ဒီကကျောက်မျက်ဈေးတွေမှာ လေလံပစ် ပြီး အများဆုံးလာဝယ်တာက အရိုင်းတုံး တွေပါပဲ။
ဒီကဝယ်သွားတဲ့ ဒေါ်လာငါးသောင်း တန် ကျောက်စိမ်းတစ်တုံးက သူတို့ တန်းဖိုးမြင့် ထုတ်လုပ်ပြီး
ပြန်ရောင်းရင် ဒေါ်လာဘီလျံနဲ့ ချီပြီးရတယ်။ ဒါ တိုင်းပြည်အတွက်လည်း အများကြီး နစ်နာပါတယ်"
ဟု ဒေါက်တာ သက်သက်ခိုင်ကပြောသည်။

ကျောက်မျက်ရတနာလုပ်ငန်း လုပ်ကိုင်လျက်ရှိသော Golden Sun Cooperative Limited မှ
ဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင်ကလည်း ပြည်ပတင်ပို့သည့် သတ်မှတ်ချက်များမှာ လုပ်ငန်းရှင်များအတွက် အလားအလာကောင်း သောဈေးကွက်ကိုဖော်ဆောင်နိုင်ရန် လိုအပ်ကြောင်းနှင့် သတ်မှတ်ချက်
တစ်ခုဖြင့် ခွင့်ပြု သင့်ကြောင်းပြောသည်။

"အရိုင်းတုံးကို တင်ပို့ခွင့်ပြုလိုက်တာမျိုး တော့ မဖြစ်သင့်ဘူး။ သူများက ဆယ်ဆကနေ အဆ
တစ်ရာလောက် မြတ်ပြီး ကိုယ့်ကုန်ကြမ်းနဲ့ သူများကောင်းစားသွားတာ မျိုးကတော့ တားမြစ်ရမှာ
ပေါ့။ တန်ဖိုးရှိ ထုတ်ကုန်အတွက် စနစ်တကျတင်ပို့ဖို့နဲ့ အခွန်သတ်မှတ်ထားဖို့ တော့ လိုလိမ့်မယ်။
သစ်ဆိုရင်လည်း အမျိုး အစားပေါ်မူတည်ပြီး တင်ပို့တဲ့ပစ္စည်းတန်ဖိုးရဲ့ နှစ်ဆအထိ အခွန်ဆောင်
ရတာပဲ" ဟု ၎င်းက ပြောသည်။

အချို့လုပ်ငန်းရှင်များက တရုတ်ဝယ်လက် များကို အဓိကဦးစားပေးရောင်းချနေခြင်းကြောင့်
တင်ပို့ခွင့်ကို စိတ်ဝင်တစားတောင်းဆိုခြင်းမရှိဘဲ လက်ရှိပြည်တွင်းဈေးကွက်နှင့် နိုင်ငံ တကာ
ကုန်စည်ပြပွဲများကိုသာ အဓိကဦးစားပေး ရောင်းချလျက်ရှိသော်လည်း အခက်အခဲများစွာရှိကြောင်း
၎င်းကပြောသည်။

"စီးပွားကူးသန်းနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ ကုန်စည်ပြပွဲတွေမှာ သွားပြပေမယ့် ထင် သလောက်
အကျိုးအမြတ်မများပါဘူး။ ဟိုမှာ ပြရတဲ့ရက်အတွင်းမှာ ကုန်ကျစရိတ်က အရမ်း များတယ်။
ပြီးတော့ တချို့ဆို ပြန်မသယ်ချင် တော့ မတန်တဆလျှော့ဈေးနဲ့ ရောင်းခဲ့ရတာတို့ ဒီအတိုင်းပြန်
သယ်ခဲ့တာတို့ ရှိတယ်။ ဒါတွေက ကုန်သည်တွေကို မကြီးပွားစေတဲ့နည်းလမ်းတွေပဲ" ဟု စစ်ကိုင်း
မြို့ရှိ ဇေယျာ အားမာန် ကျောက်မျက်နှင့် ကျောက်စိမ်း ထုတ်လုပ်ရောင်းဝယ်ရေး အုပ်ချုပ်မှုဒါရိုက်
တာ ဒေါ်မာလာမြင့်ကပြောသည်။

လက်ရှိ တရုတ်ဝယ်လက်များကို အဓိကအားထားနေရကြောင်းနှင့် ၎င်းတို့ပွဲတော်ချိန်များ တွင် ပိုမို
အရောင်းသွက်ပြီး ရောင်းအားမှာ သာမန်ထက် နှစ်ဆမှသုံးဆအထိ တက်ကြောင်း ဒေါ်မာလာမြင့်
ကပြောသည်။ "သာမန်အချိန်တွေမှာတော့ တစ်လကို သိန်း ရ၀ ကနေ ၁၀၀ လောက်ပဲရောင်းရ
တယ်။ ရောင်းအားကိုတော့ လတိုင်းတစ်သမတ်တည်းပြောလို့ မရဘူး။ လုံးဝ အလုပ်မဖြစ်တဲ့လ
တွေလည်းရှိ တယ်။ တရုတ်က ၀ယ်လက်တွေကတော့ အရိုင်း တုံးတွေ၊ ကျောက်စိမ်းပုတီးတွေ၊
လက်ကောက် တွေ ၀ယ်တာများပါတယ်။ ကျောက်စိမ်းပုတီး ကလည်းတစ်ကုံးကို ထောင်ဂဏန်း
ကနေ သိန်း ခြောက်ဆယ်ကျော် တန်တာတွေထိ ရောင်းရ တယ်" ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး