မတ်ပဲဈေးကောင်း၍ တောင်သူများ အဆင်ပြေ

မတ်ပဲဈေးကောင်း၍ တောင်သူများ အဆင်ပြေ

မတ်လ ဒုတိယပတ်နောက်ပိုင်းမှစတင်ခါ ပြည်တွင်းငွေဈေး ကျဆင်းမှုကြောင့် မတ်ပဲ ဈေးနှုန်း
အနည်းငယ် ကျဆင်းသွားသော် လည်း မနှစ်ကဈေးထက် ၂၁ ရာခိုင်နှုန်း ဈေးတက်လာခြင်းကြောင့်
တောင်သူများ တွက်ခြေကိုက်ကြောင်း ပဲနှင့်နှမ်း လုပ်ငန်းရှင် များအသင်းမှ ဗဟိုအလုပ်အမှုဆောင်
အဖွဲ့ဝင် ဒေါက်တာမြတ်စိုးက ပြောသည်။

မတ်ပဲ  Fair Average Quality(FAQ) တစ်တန်လျှင် မတ်လဆန်းက ကျပ် ၆၀၀,၀၀ နီးပါးရှိခဲ့ရာမှ
တစ်ပတ်အတွင်း ကျပ် ၅၈၅ယဝဝ၀ အထိ ကျဆင်း သွားသော်လည်း အရောင်းအဝယ်လုပ်ရာတွင်
အသုံးပြုသည့် ဒေါ်လာဈေးမှာကျဆင်းသွားခြင်းမရှိပဲ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၀ ခန့်
ရှိကြောင်း ၎င်းကပြောသည်။

"အဓိကကတော့ ငွေဈေးကျလို့ပါ။ အိန္ဒိယ ကလည်းပုံမှန် ၀ယ်နေပါတယ်။ ဒေါ်လာဈေးက ၉၈၀
ကနေ ၉၅၀ အထိကျသွားတာဆိုတော့ မတ်ပဲဈေးလည်း လိုက်ကျတာပါ။ မနှစ်ကနဲ့ ယှဉ်ရင်တော့
ဈေးကကောင်းနေသေးတယ်။ မနှစ်ကဒီအချိန်မှာ တစ်တန်ကို ကျပ် ၄၇၀,၀၀၀ လောက်ပဲဈေးပေါက်
တယ်။ ဒီနှစ်ကတော့ ဈေးများတယ်" လို့ မတ်ပဲကုန်သည် ဦးမင်းကိုဦး က ပြောသည်။

တောင်သူများသည် မတ်ပဲတစ်မျိုးတည်း သာမကပဲ ပဲတီစိမ်းကိုပါတွဲဖက်စိုက်ပျိုးသည့်အတွက်
ပဲတီစိမ်းမှာလည်း ဈေးကောင်းရပြီး မတ်ပဲလည်းဈေးကောင်းရသည့် အတွက် အကျိုး အမြတ်များ
ပြီး စီးပွားရေးကောင်းမွန်သည့် အနေအထားရှိကြောင်း ၎င်းကပြောသည်။

မတ်ပဲပေါ်ချိန်ဖြစ်သည့်အတွက် ပြည်တွင်း တွင် ပစ္စည်းအဝင်များခြင်းနှင့် ငွေဈေးကျဆင်းမှု
ကြောင့်မတ်ပဲဈေးအနည်းငယ်ကျဆင်းခြင်းရှိသော်လည်း ယခုကဲ့သို့ ပဲပေါ်သည့်ရာသီတွင်
ဈေးနှုန်းအကျဘက်ကိုသာ ဦးတည်သော်လည်း ယခုဈေးမှာ ပြီးခဲ့သည့်နှစ်ပဲပေါ်သည့် ရာသီချိန်
ဈေးများနှင့်ယှဉ်လျှင် ဈေးကောင်းရကြောင်း ပဲကုန်သည်များကပြောသည်။

မြန်မာနိုင်ငံတွင် ပဲမျိုးစုံကို ပဲခူး၊ ဧရာဝတီ၊ ရန်ကုန်၊ မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်း ဒေသကြီး
တို့တွင် အဓိကစိုက်ပျိုးပြီး နိုဝင်ဘာလ မှ စတင်စိုက်ပျိုးကာ ဖေဖော်ဝါရီလလယ်ခန့်တွင် ဈေးကွက်
တွင်းသို့ မတ်ပဲအသစ်များ စတင် ၀င်ရောက်ပြီး အိန္ဒိယ၊ စင်ကာပူ၊ တရုတ်၊ ဗီယက်နမ်၊ ထိုင်း၊
မလေးရှားနှင့် ဂျပန်နိုင်ငံ အပါအဝင် ၄၃ နိုင်ငံသို့ တင်ပို့လေ့ရှိကြောင်း ပဲကုန်သည်များက ပြော
သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး