ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေအရပ်ရပ်ကြောင့် အမေရိကန်ဒေါ်လာဈေး ကျဆင်းသွားပြီး နိုင်ငံတကာအပါအဝင်အာရှငွေလဲနှုန်း မြင့်တက်လာချိန်တွင် မြန်မာကျပ်ငွေဈေး
မှာလည်း ရက်ပေါင်း၂၀ အတွင်း ပြန်လည်ကောင်းလာခဲ့သည်။ နိုင်ငံတကာငွေကြေးဈေးကွက်တွင်
အမေ ရိကန်ဒေါ်လာတန်ဖိုးမှာ ယမန်နှစ်နို၀င်ဘာလ မှ စတင်မြင့်တက်လာပြီး ဇန်နဝါရီတွင်စံချိန်
တင် မြင့်တက်ကာ ဖေဖော်ဝါရီလနှောင်းပိုင်းမှ စတင်၍ ယူကရိန်း ရုရှားတို့၏ ခရိုင်းမီးယားအရေး
ကိစ္စနှင့် အမေရိကန်စီးပွားရေး တုံ့ဆိုင်း မှုတို့ကြောင့် ပြန်လည်ကျဆင်းလာခဲ့သည်။
ထို့ပြင် ပြည်တွင်းဆက်သွယ်ရေးနျင့် အခြား ကဏ္ဍများသို့ ဘီလျံနှင့်ချီသော နိုင်ငံခြားရင်း နှီးမြှုပ်နှံ
မှုများစီးဝင်လာခြင်း၊ ဗရွှဈေးမြင့် တက်ခြင်း၊ ပို့ကုန်ရာသီရောက်ရှိလာခြင်းတို့ ကြောင့် ဈေးကျဆင်း
ရခြင်း ဖြစ်ကြောင်း ဗဟိုဘဏ်၏တာဝန်ရှိသူတစ်ဦးကပြောသည်။
"လတ်တလောဖြစ်ပျက်နေတဲ့ ကိစ္စတွေ ကြောင့် ဒေါ်လာဈေးကျသွားတယ်။ ဒါပေမဲ့ စိုးရိမ်စရာ
မရှိပါဘူး။ ဗဟိုဘဏ်က ပြည်တွင်း ဘဏ်တွေ လိုသလောက်ဒေါ်လာကို နေ့စဉ်အရောင်းအဝယ်
လုပ်ပေးနေလို့ ဆိုးဆိုးရွားရွား ဖြစ်လာမှာမဟုတ်ဘူး" ဟု ၎င်းကပြောသည်။ ဗဟိုဘဏ်၏ ထိန်း
ချုပ်အရှင်မျှောစနစ်တွင် ငွေကြေးတည်ငြိမ်ရန် အဓိကနည်းလမ်းမှာ နိုင်ငံခြားငွေများကို လေလံ
ဈေးပြိုင်စနစ်ဖြင့် ဘဏ်များနှင့် လိုက်လျောညီထွေသောနှုန်းထား ဖြင့် အရောင်းအဝယ်လုပ်ခြင်း
ဖြစ်ကြောင်း ၎င်းကပြောသည်။
မတ်လ ၁၈ ရက်နေ့ဈေးအရ ဗဟိုဘဏ် သတ်မှတ်ဈေးမှာ တစ်ဒေါ်လာလျှင် ၉၆၅ ကျပ် ရှိပြီး ပြင်ပ
တွင်မူ ၉၅၇ ကျပ်ကျော်သာ ပေါက်ဈေးရှိတော့သည်။ အဆိုပါ ဈေးမှာ ဖေဖော်ဝါရီလတွင်း ပေါက်
ဈေးဖြစ်သည့် တစ်ဒေါ်လာ ၉၈၉ ကျပ်မှ တဖြည်းဖြည်းကျဆင်းခဲ့ခြင်းဖြစ်သည်။
"ဗဟိုဘဏ်က ကြားဈေးသတ်မှတ်ရာမှာ ပြင်ပဈေးကွက်ပေါက်ဈေးကို အခြေခံထားတာ ကြောင့်
ပြင်ပနဲ့အခုလမှာဆို ခြောက်ကျပ်ကျော် လောက်ကွာတယ်။ ဒါအများဆုံးပမာဏပဲ။ အရင်လတွေ
မှာတုန်းကဆိုရင် ၁၀ ပြားလောက် ပဲ ကွာဟမှုရှိတယ်"ဟု ၎င်းကပြောသည်။ ဗဟိုဘဏ်၏ နေ့စဉ်
တွက်ချက်မှုအရ တစ်နေ့ လျှင် ၀ ဒသမ ၁ မှ ၀ ဒသမ ၃ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိပြီး
ရက်ပေါင်း ၂၀ ကျော်အတွင်း နျစ်ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း ယင်းနှုန်း ထားမှာ နိုင်ငံတကာ
တွင်နေ့စဉ်ပြောင်းလဲနေ သော ၀ ဒသမ ၄၅ ရာခိုင်နှုန်းနှင့် ယှဉ်လျှင် ပြေပြစ်သည်ဟုဆိုနိုင်ကြောင်း
ဗဟိုဘဏ် အရာရှိက ပြောသည်။
ငွေလဲနှုန်းဈေးကျဆင်းလာပြီး ကုန်သွယ်မှုပွင့်လင်းသည့်ရာသီဖြစ်သောကြောင့် လက်ရှိ ပြည်တွင်း
စျေးကွက်၌ ရောင်းအားမှာလည်း မြင့်တက်လျက်ရှိသည်။ ဘဏ်များနျင့် ကုန်သည် များအကြား
တစ်နေ့လျှင် စုစုပေါင်းပျမ်းမျှ ပမာဏ ဒေါ်လာသုံးသန်းမှ လေးသန်းအထိ ၃၀ ရာခိုင်နှုန်းခန့် မြင့်
တက်လာကြောင်း ၎င်းက ပြောသည်။
"ငွေကြေးဈေးကို အခြေအနေတစ်ခုတည်းကြည့်ပြီး သုံးသပ်လို့မရဘူး။ ဘက်ပေါင်းစုံ ကနေ
ပြောင်းလဲသွားနိုင်တယ်။ ရေတိုအနေနဲ့ ဆိုရင်တော့ ဧပြီလလောက်မှသာ အပြောင်းအလဲ ဖြစ်ဖို
့ အလားအလာရှိတယ်" ဟု ၎င်းက ပြောသည်။
သို့သော် မတ်လ ၁၄ ရက်နေ့အထိ ၂၀၁၃-၁၄ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုစုစုပေါင်းပမာဏမှာ
ကန်ဒေါ်လာ ၂၃ ဒသမ ၅ ဘီလျံရှိပြီး သွင်းကုန် မှာ ၁၃ ဘီလျံ ကျော်ရှိသောကြောင့် ယခုဘဏ္ဍာ
နှစ်တွင်လည်း ၂၀၁၂ ၁၃ ဘဏ္ဍာနှစ်က ကဲ့သို့ ပင် ကုန်သွယ်မှု အသာစီးရနိုင်ဦးမည် မဟုတ် ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေးဌာန၏ ညွှန်ကြားရေးမှူးဦးဝင်းမြင့်က ပြောသည်။
"လက်ရှိသွင်းကုန်ပမာဏက များနေပေမယ့် ပို့ကုန်တက်မလာဘူးလို့ ပြောလို့မရဘူး။ မနှစ်က
နဲ့ယှဉ်ရင် အတော်လေးတက်လာပါတယ်။ ကုန်သည်တွေဘက်က ဒေါ်လာဈေး အပြောင်းအလဲ
ကြောင့် အခက်အခဲရှိနိုင်ပေမယ့်လည်း ပို့ကုန် ထိုးကျလာတာမျိုး မရှိဘူး။ သွင်းကုန် ဘက်ကို
ကြည့်ရင်လည်း ဈေးအတက်အကျမရှိ တော့ အကျိုးသက်ရောက်မှုကြီးကြီးမားမား ဘာမှမတွေ့
ရသေးပါဘူး" ဟု ၎င်းကပြောသည်။
ငါးလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးနှင်းဦးက လက်ရှိဖြစ်ပေါ်နေသောဈေး မှာ လွန်ခဲ့
သောနှစ်နှစ်ဈေးနှင့်စာလျှင် ပြောပ လောက်သောပမာဏ မဟုတ်ကြောင်း ပြော သည်။ မြန်မာ့နိုင်
ငံရေးအပြောင်းအလဲကြောင့် ၂၀၁၁ ခုနှစ်မတိုင်မီက တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ကျော်ခဲ့သော
ငွေလဲနှုန်းမှ ကျပ် ရ၀၀ ကျော်ဈေးအထိ ရောက်ရှိသွားခဲ့ဖူးသည်။
"ငွေလဲနှုန်းက အမြဲတမ်းတည်ငြိမ်နေရမယ် လို့လည်း မဟုတ်ပါဘူး။ ဒါက ဈေးကွက် သဘော တရားဆောင်တဲ့အတွက် မြန်မာပြည်မှာလည်း ငွေလဲနှုန်းပေါ်မူတည်ပြီး အလုပ်လုပ်မယ်ဆိုရင်
ကျပ် တစ်ဆယ်ကနေ နျစ်ဆယ်ကြား ကျမယ်ဆိုတာကို တွက်ထားပြီးသား ဖြစ်ရမယ်။ ဆိုးဆိုး
၀ါးဝါးကြီးကျမသွားအောင်ပဲ ကိုယ်က စိတ်ပူရ မှာပေါ့" ဟု ၎င်းက ပြောသည်။
















