အမေရိကန်နှင့်ဗြိတိန်တို့မှ အင်အားကြီးကုမ္ပဏီများတိုက်ရိုက်ဝင်ရောက်လာပြီဖြစ်ခြင်းကြောင့်
၂၀၁၄ခုနှစ်တွင် အထည်ချုပ်လုပ်ငန်းကဏ္ဍမှ ပြည်ပတင်ပို့မှုတန်ဖိုးသည် ပြီးခဲ့သည့်နှစ်ကပမာဏ
ထက် ငါးဆယ်ရာ ခိုင်နှုန်းခန့် ပိုမိုလာကာ ကန်ဒေါ်လာတစ်ဘီလီယံခွဲခန့်ရှိနိုင်မည်ဟု မျှော်မှန်း
ထား ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်က
မြန်မာတိုင်မ်းကိုပြောသည်။
ပြီးခဲ့သည့်၂၀၁၃ခုနှစ်အထိ မြန်မာနိုင်ငံတွင်အထည်ချုပ်လုပ်ငန်းဆိုင်ရာ လုပ်ငန်းအပ်နှံမှုတွင်
ဂျပန်နိုင်ငံမှ သာအများဆုံးဖြစ်နေသေးရာမှ ယခု၂၀၁၄ခုနှစ်တွင် ဗြိတိန်၏အင်အားကြီးကုမ္ပဏီ
ဂျူးအက်စ်၊ တက်စကိုနှင့် အမေရိကန်အင်အားကြီး ကုမ္ပဏီ ဂတ်တို့ဝင်ရောက်လာပြီဖြစ်ခြင်းကြောင့်
လုပ်ငန်းပမာဏမကြီးမားစွာတိုး တက်လာမည်ဖြစ်ကြောင်း၎င်းက ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်(MIC)၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူဒေါ်ခိုင်ခိုင်နွယ်က"ဂျူးအက်
စက ကိုယ်တိုင်ရင်းနှီးမြှုပ်နှံဖို့အတွက်မြေနေရာတွေရှာနေတယ်။ တက်စကိုကတော့ အခုအစမ်း
သဘောနဲ့ ပြည်တွင် ကစက်ရုံသုံးရုံမှာ အထည်တွေစမ်းအပ်ထားကြပြီ။ အမေရိကန်က ဂတ်က
တော့ ဒီနေ့(မတ််လ၁၇ရက်)မနက်ပဲ UMFCCI မှာလာတွေ့သွားတယ်။ စက်ရုံနှစ်ရုံမှာအထည်
စအပ်ဖို့ညှိနှိုင်းပြီးပြီ ဟု"ဟုပြောသည်။
၂၀၀၃ခုနှစ်တွင် စတင်တင်းကြပ်လာသည့်အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုမတိုင်မီက
မြန်မာနိုင်ငံအ နေဖြင့် အထည်ချုပ်လုပ်ငန်းကဏ္ဍမှပြည်ပတင်ပို့မှုသည် ကန်ဒေါ်လာသန်း၈၀၀
ပမာဏသာအများဆုံးဖြစ်ခဲ့ရာမှ ၂၀၁၂ခုနှစ်တွင် ပိတ််ဆို့မှုများအားပြန်လည်ဖြေလျှော့လာပြီး
နောက်လုပ်ငန်းပမာဏပြန်လည်မြင့်တက်လာကာ ၂၀၁၃ခုနှစ်တွင် ပြည်ပတင်ပို့မှုပမာဏကန်
ဒေါ်လာ တစ်ဘီလီယံခန့်အထိ ပြန်လည်ရောက်ရှိခဲ့ခြင်းဖြစ်သည်။

















