ကားစလစ်ဈေး ကျပ်သိန်း ၁၂၀ ၀န်းကျင်သို့ရောက်ရှိ

ကားစလစ်ဈေး ကျပ်သိန်း ၁၂၀ ၀န်းကျင်သို့ရောက်ရှိ

ကားဈေးကွက်အတွင်း စလစ်ဈေးနှုန်းများကျပ် သိန်း ၁၂၀ ၀န်းကျင်သို့ရောက်ရှိနေပြီး အတက်
အကျကြမ်းတမ်းမှုကြောင့် ၀ယ်ယူသူနည်းပြီး ရောင်းချသူများလာကြောင်း ကားအရောင်းအဝယ်
လုပ်ကိုင်သူများထံမှသိရသည်။

"သက်ဆိုင်ရာက နောက်ထပ် အအပ်ခံမယ့် ကားတွေကို ဆက်ပြီးမကြေညာလို့ ဒီဈေးနှုန်းတွေ
အဆမတန် မြင့်နေတာလို့ပြောရတယ်။ ငွေရှိတဲ့သူတွေက ဒီဈေးကို လှုပ်ကိုင်နေကြတယ်လို့ပြော
ရင်ပိုမှန်တယ်။ မနက်ဝယ်တယ် ၁၀၆ သိန်း ညနေကျတော့ ဈေးကွက်ထဲမှာပေါက်ဈေးက ၁၀၄
သိန်း တစ်နေ့တည်းနဲ့ နှစ်သိန်း ရှုံးသွားတယ်။ နောက်တစ်နေ့ ကျတော့ ဈေးကွက်ထဲမှာ ၁၀၈
သိန်းဖြစ်နေပြန်ရော " ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုစိုးထွန်းကပြောသည်။

မတ်လဆန်းပိုင်း စလစ်ဈေးနှုန်မှာကျပ် ၁၀၂ သိန်းဝန်းကျင်ခန့်ဈေးရှိသော်လည် ယခုအခါ ကျပ်
၁၂၀ သိန်းသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

" စလစ်ဈေးတွေတက်လာလို့လားမသိဘူး။ဈေးကွက်ထဲမှာ အပ်ကားဈေးတွေပါ လိုက်တက်လာ
တယ်။ 'လ၊သ၊အ' ကားဟောင်းတွေ သိန်း ၁၂၀ ၀န်းကျင်လောက်ရှိတယ်။ စလစ်ဈေးကတော့
သိန်း ၁၁၂ သိန်းလောက်ရှိတယ်။ အက္ခရာစဉ် လိုက်လက်ခံမယ်ဆိုရင် နောက်ထပ်အအပ်ခံမယ်
'၁က' အက္ခရာကားဟောင်းဈေးက သိန်း ၁၂၀ ၀န်းကျင့်လောက် ဈေးရှိပြီးတော့ '၂က' အက္ခရာ
ကားဈေးက ၉၆ သိန်းနီးပါးလောက်ဈေးရှိတယ်။ အဲဒီလိုဈေး တွေ မြင့်တက်လာတာတောင် ၀ယ်
လက်ရှိတဲ့အတွက်ကြောင့် အပ်ကားဈေးတွေ ဆက််တက်နိုင်တယ်" ဟု ၀ါရင့်ကားအရောင်းအဝယ်
လုပ်ကိုင်သူ ဦးမင်းညွှန့်ကပြောသည်။

ဈေးကွက်အတွင်း ၁၃၀၀ စီစီကားများအရောင်းအဝယ်ပုံမှန်ဖြစ်နေသော်လည်း ကားသစ်ဝယ်ယူ
မည်သူများမှ စလစ်ဈေးမြင့်တက်လာခြင်းကြောင့် စလစ်ကပ်ကားများဝယ် ယူရန် ဈေးနှုန်း
ကျဆင်းချိန်ကို စောင့်ဆိုင်းနေရ ကြောင်းသိရသည်။

" စလစ်ဈေးက သိန်း ၁၁၀ နဲ့ သိန်း ၁၂၀ ကြားထဲက မကျတဲ့အတွက်ကြောင့် စလစ်ဝယ်ပြီး
ကားအရောင်းပြခန်းတွေက ကားတွေကို ၀ယ်ယူဖို့ကို စောင့်ဆိုင်းတဲ့သူတွေ အခက်တွေ့စေပါ
တယ်။ အရင်တုန်းက ဒီစလစ်ဈေးနှုန်း တွေက သိန်း လေးဆယ် ငါးဆယ် ၀န်းကျင်ပေါက်ပေမယ့်
အခုဆိုရင် ဒီဈေးနှုန်းထက်မက စလစ်ဈေးတွေတက်လာတဲ့ အတွက်ကြောင့် စလစ်ဈေးနဲ့ ကား
အရောင်းပြခန်းက ကားဈေးပေါင်းလိုက်ရင် ကားတစ်စီးကိုသိန်း ၂၀၀ လောက်ဖြစ်သွားနိုင်တယ်"
ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုဦးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး