နိုင်ငံပိုင်စီးပွားရေးများအပါအဝင် အမျိုးမျိုးသောလုပ်ငန်းအများအပြားကို လက်ရှိအစိုးရ မတက်မီ
ကာလကပင် ပုဂ္ဂလိကအား လုပ်ကိုင်ခွင့်လွှဲပြောင်းပေးလျှက်ရှိသော်လည်း ၎င်းကိစ္စနှင့် စပ်ဆိုင်
သည့်ဥပဒေမရှိသေးရာ ရေရှည်တွင် နိုင်ငံရေး၊ လူမှုရေးနှင့်စီးပွားရေးဆိုင်ရာ ရှုပ်ထွေးမှုများ ပေါ်
ပေါက်လာနိုင်ခြင်းကြောင့် Privatization Law (ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်းဥပေဒ)အား အမြန်ဆုံး ပြဌာန်းသင့်ကြောင်း နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင်ဦးမြင့်က
တိုက်တွန်း ပြောကြားလိုက်သည်။
မြန်မာတိုင်မ်းအပါအဝင် ပြည်တွင်းသတင်းမီဒီယာလေးခုနှင့် နိုင်ငံတော်သမ္မတ အကြံပေးရုံးတွင်း
သီးသန့်တွေ့ဆုံစဉ် ၎င်းကအထက်ပါကဲ့သို့ ပြေားကြားခဲ့ခြင်းဖြစ်သည်။ "Privatization (ပုဂ္ဂလိ
ကပိုင်ပြုလုပ်ခြင်း)နဲ့ပတ်သတ်ပြီး Regulatory Control (စည်းမျဉ်းနှင့်ထိန်းချုပ်မှု)ကတော့ရှိကို
ရှိဖို့လိုတယ်။ လူကိုထိန်းလို့မရဘူး။ စနစ်နဲ့ထိန်းမှရမယ်။ တိုင်းသူပြည်သားတွေရသင့်ရထိုက်တာ
ကို အကာအကွယ်ပေးဖို့လိုတယ်။ တစ်ဖက်မှာကလည်း ပြည်တွင်းပြည်ပစီးပွားရေးလုပ်ငန်းတွေကို
ရသင့်ရထိုက် တဲ့အကျိုးအမြတ်ရစေဖို့လိုတယ်။ ဘက်မျှဖို့လိုတယ်။ မဟုတ်ရင် ifSocial, Politian,
Economics Concrens (လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးဆိုင်ရာ ပူပန်ကြောင့်ကြရေမှု)တွေ ပေါ်
ပေါက်လာလိမ့်မယ်"ဟု ဦးမြင့်က ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို ပုဂ္ဂကသို့လုပ်ကိုင်ခွင့်ပြုခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများအား လေလံတင်ရောင်းချခြင်း၊ဆောက်
လုပ် ရေးလုပ်ငန်းများခွင့်ပြုခြင်း၊ ၀န်ဆောင်မှုလုပ်ငန်းဆိုင်ရာလိုင်စင်များပေးခြင်း၊ B.O.T(တည်
ဆောက်၊ပြုပြင်၊လွှဲပြောင်း)စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးခြင်း အစရှိသော Privatization (ပုဂ္ဂလိကပိုင်
ပြုလုပ်ခြင်း)ပုံစံအမျိုးမျိးအား ခွင့်ပြု ပေးလျှက်ရှိသော်လည်း ၎င်းတို့နှင့်စပ်လျဉ်း၍ တိကျသော
ထင်သာမြင့်သာဖြစ်သည့် သတင်းအချက် အလက်များရှိမနေကြောင်းနှင့် ထိုသို့ ဖြစ်နေ ခြင်းကြောင့်
ရေရှည်တွင် ရှုပ်ထွေးမှုများ ပေါ်ပေါက်လာနိုင်ကြောင်း ဦးမြင့်က ဆက်လက် ပြောကြားသည်။
"မြန်မာပြည်မှာ ဒီကိစ္စနဲ့ပတ်သတ်ရင် မယုံမကြည်ဖြစ်နေတာကဘာလို့လဲဆိုရင် Transparency
(ပွင့်လင်းမြင်သာမှု)မရှိလို့ပဲ။ Privatization (ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း)ကြောင့် တိုင်းပြည်တော့
မွဲတော့မှာပဲ၊ အားလုံးခရိုနီတွေလက်ထဲရောက်ကုန်တော့မှာပဲဆိုပြီး ပြည်သူတွေ အနေနဲ့စိုးရိမ်မှု
တွေ ရှိနေကြတာမျိုးကလဲ စိုးရိမ်စရာပါပဲ။ ကျွန်တော်တို့လို စီးပွားရေးအကြံပေးတွေ အနေနဲ့ ဒါနဲ့
ပတ်သတ်ပြီးလေ့လာကြည့်တာတောင်မှပဲ ဘယ်သူကလုပ်တယ်၊ ဘာကြောင့်လုပ်တယ်၊ ဘာတွေ
ဖြစ်လာတယ်ဆိုတဲ့ သတင်းအချက်အ လက်တွေ၊ ကိန်းဂဏန်းတွေကို ဘာမှမသိရဘူး"ဟု
ပြောသည်။
၎င်းအနေဖြင့် ဏမငလအေငဖအေငသည (ပုဂ္ဂလိကပိုင်ပြုလုပ်ခြင်း)ဆိုင်ရာ အကြံပြုစာတမ်း
တစ်စောင်ကို သမ္မတဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော်ဥက္ကဌသူရဦးရွှေမန်း
တို့ထံသို့ ပေးပို့ထားပြီဖြစ်ကြောင်း ဆိုသည်။
















